Knowledge

မိခင် နေရာ ရောက်မှ မေမေ့ မေတ္တာ ကိုနားလည်ခဲ့မိတယ် ခွင့်လွှတ်ပါ မေမေ ရယ်…

သားသမီးတွေ အရွယ်ရောက်ပြီး အမေက အသက်ကြီးလာတဲ့အခါ အမေဟာ ကလေးပြန်ဖြစ်သွားတယ်

သားသမီးတွေဘယ်သွားသွားလိုက်ချင်တယ်ဒါပေမဲ့…အနှောက်အယှက်ဖြစ်မှာစိုးလို့အလိုက်တသိ ကျန်ခဲ့ရတယ်..။သားသမီးတွေပျော်ရင် သူလည်းလိုက်ပျော်ချင်တယ်..ဒါပေမဲ့ ကလေးကလားဖြစ်မှာစိုးလို့ အိနြေ္ဒဆယ်ထားရတယ်။

သားသမီးတွေ အားငယ်ရင် သူလည်းအားငယ်တာပဲ..ဒါပေမဲ့ သားသမီးတွေစိတ်ဓာတ်မကျအောင် စိတ်မာချင်ယောင်ဆောင်ထားရတယ်။သားသမီးတွေ ငိုရင် သူလည်းလိုက်ငိုချင်တာပဲ..ဒါပေမဲ့..သားသမီးတွေ ပိုဝမ်းနည်းမှာစိုးလို့ အား တင်းပြုံးပြနေရတယ်။

သားသမီးတွေ သူ့ကွယ်ရာမှာ ဘယ်လိုနေထိုင်သလဲသိချင်တယ်..ဒါပေမဲ့မယုံကြည်ရာရောက်မှာစိုးလို့ လိုက်မချောင်းရဲဘူး။သားသမီးတွေက ဟောက်လိုက်ရင် ကလေးတစ်ယောက်လိုကြောက်သွားတတ်တဲ့အမေဟာ ငယ်နုစဉ်ကတော့ ဘာပဲကြုံကြုံ ငါ့သားသမီးတွေကို မထိနဲ့ဆိုပြီး သတ္တိရှိရှိရင်ဆိုင်ကာကွယ်ပေးခဲ့ဖူးပါတယ်

သားသမီးတွေဟာလည်း အမေ့သတ္တိအတွက် အားတက်လုံခြုံခဲ့ကြဖူးပါတယ်လုံချည်အောက်က တဆတ်ဆတ်တုန်နေတဲ့အမေ့ဒူးတွေကိုမမြင်ကြဘဲနဲ့ပေါ့။

မိခင် နေရာရောက်မှ မေမေ့ မေတ္တာ ကိုနားလည်ခဲ့မိတယ်။ခွင့်လွှတ်ပါမေမေ ရယ်…

Credit:မူရင်းရေးသားသူအားလေးစားစွာဖြင့်ခရက်ဒစ်ပေ

Unicode

မိခင် နေရာရောက်မှ မေမေ့ မေတ္တာ ကိုနားလည်ခဲ့မိတယ်ခွင့်လွှတ်ပါမေမေ ရယ်…