Health

တရားကို စမ်းပြီး ထိုင်ဘူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း

ယခု မျက်မှောက်ကာလမှာတော့ ဝိပဿနာ အားထုတ်ကြသူ များပြားလာသည့်အလျောက်၊ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များက လည်း မိမိတို့နဲ့နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း တွေ က ဝါတွင်းမှာ ဥပုဒ် သီလစောင့်တည်ကြတာတွေ၊ တရားတွေ အားထုတ်လာကြတာတွေ ရှိလာကြတော့ တရားနဲ့ဝေးကွာနေသူမဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူများတွေလို တရားအားမထုတ်ဖြစ်ဘဲ.. အသက်ကလေးကရလာလို့၊ ကျန်းမာရေးလေးက ချို့ယွင်းစပြုလာလို့စတဲ့ ခုလိုအချိန်ကျမှ မိမိရဲ့ စိတ်သဏ္ဌန်မှာ သူတို့တွေလို တရားထိုင်ချင်စိတ်၊ တရားကို စမ်းပြီး အားထုတ်ချင်စိတ်တွေ ဖြစ်လာပါတယ်။ ဖြစ်လာတဲ့ သူတွေလည်းရှိပါတယ်။

အဲဒီလို ပုဂ္ဂိုလ်တွေဟာ တရားဘယ်လို အားထုတ်ရတယ် ဆိုတာ တစ်ခြားသူကို မေးမြန်ဖို့အကြောင်းတစ်စုံတစ်ခုကြောင့် မေးဖို့အခက်ခဲရှိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိကောင်းရှိနိုင်ပါတယ်။

ဘယ်လိုဘဲ ဖြစ်စေ၊ဖြစ်စေ..ခဏ ဘဲ တရားထိုင်ထိုင်၊ စမ်းသပ်ကြည့်ယုံလောက် ဘဲ ထိုင်ကြည့်အုံးမှ ဆိုတဲ့..သဘောနဲ့ဘဲ ထိုင်ထိုင်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တော့ ဖြင့် တရားအားမထုတ်တဲ့ သူ ထက်သာတဲ့အတွက် ဝမ်းမြောက်စရာပေါ့နော် ။

အဲဒီလို စမ်းပြီး တရားထိုင်ချင်သူ ဓမ္မမိတ်ဆွေတို့အတွက် မိမိတို့အားထုတ်မှု အချိန်ကို မလစ်ဟင်းစေဖို့အတွက် ဘယ်လို ရှုမှတ်ရင်း အကောင်းဆုံး အသင့်တော်ဆုံး ဆိုတာ ကို ရေးသားပြီး ဓမ္မဒါနပြုလိုက်ပါတယ်။

◆ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် စိတ်ကို တည်ငြိမ်စေအောင် လုပ်တာပါ.. လို့ဘဲ လောလောဆယ်မှတ်ထားလိုက်ပါ။

အရင်ဆုံး သိထားရမှာက အဲဒီလို “ငြိမ်သက်နေတာ” က စိတ်ရဲ့ သဘာဝရဲ့အခြေခံ ပုံစံ ဆိုတာပါပဲ။ အချိန်ကြာကြာ နဲ့အလေ့အကျင့် များများ တရားထိုင်လေလေ၊ စိတ်ကို အားမစိုက်ရပဲ ငြိမ်ငြိမ်သက်သက် ဖြစ်အောင် လုပ်နိုင်လာလေလေပါပဲ။

အခုမျက်မှောက်ခေတ်ကာလ အနေ နဲ့ကတော့ တရားထိုင်တော့မယ်ဆိုရင် နေရာလေးဟာ သေးသေးလေးပဲ ဖြစ်ပါစေ၊ စိတ်အားတက်ကြွစေပြီး တန်ဖိုးထားစရာ နေရာလေးလို ဖြစ်ရင်ဘဲ ရပါပြီ။ အသံဆူဆူညံညံ မရှိဘူး၊ နှောင့်ယှက်သူ မရှိတဲ့နေရာလေးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။

ဒီတော့..
ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ “့ငါ ( ၁၅ ) မိနစ် စထိုင်မယ်”ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။

ထိုင်လိုက်ပြီ ဆိုတာနဲ့…
“ငါ ဒီနေရာကို တရားထိုင်ဖို့ ရောက်နေတယ်”..
ဆိုပြီး သတိကပ်ထားပါ။ တခြားအာရုံတွေ ဝင်မလာပါစေနဲ့။ တရား မထိုင်ခင်မှာ အဲဒီလို စိတ်ထားမျိုးနဲ့ စိတ်ကို အာဟာရ အားဖြည့်ပေးထားရပါမယ်။

ထိုင္တဲ့ ပံုစံ အေနနဲ ့..
ဓမ္မမိတ်ဆွေဟာ တရားကို စမ်းပြီးထိုင်ကြည့်မှာဆိုတော့ ကိုယ်နဲ့သင့်တော်သလို သက်တောင့် သက်သာဖြစ်ရင်ဘဲ ရပါပြီ။

ဒါပေမဲ့ ကိုယ်က တရားထိုင်ဖို့ ဆုံးဖြတ်ထားတဲ့ အလျောက်..
တရားအလုပ် လုပ်တာကို တရားတဲ့ နည်းနဲ့သွားတာ သင့်တော်တယ်လို့တော့ အကြံပြုပါရစေ။
တချို့က ဘောင်းဘီ နဲ့ တရားထိုင်ကြတယ်။ ဒီထက်ဆိုးတာက ဘောင်းဘီအတို နဲ့တရားထိုင်ကြတာတွေ မကြာမကြာ တွေ့နေရပါတယ်..( မြန်မာပြည်မှာတော့ မဟုတ်ပါဘူး၊ အင်တာနက်စာမျက်နှာတွေမှာတွေ့ရတဲ့ နိုင်ငံရပ်ခြားက တရားစခန်းတစ်ချို့မှာပါ ) ဘောင်းဘီအတို နဲ့တရားမထိုင်ရဘူးရယ်လို့တော့ ပညတ်ချက် မရှိပါဘူး။ သို့သော် အကြည့်ရဆိုးတာပေါ့နော်။ အမြင့်မြတ်ဆုံးအလုပ်လို့ခံယူထားတဲ့ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် ကိုယ်ဖာသာကိုယ် မလေးစားရာ ရောက်ပါတယ်။ဘေးလူအမြင်မှာလည်း အထင်သေးစရာပေါ့နော်..။
တရားမှာလည်း သူ့အိန္ဒြေ နဲ့သူ ရှိပါတယ်။တကယ်တန်း ကျင့်ကြံအားထုတ်လာကြတဲ့ ပုဂ္ဂိုလ်ဆိုယင် နားလည်ပါလိမ့်မယ်။ဒါကြောင့်မို့ လုံချည်ဝတ်ပြီး နဲ့တရားအားထုတ်ဖို့တော့ တိုက်တွန်းပါတယ်။

◆ ဦးစွာ တင်ပလ္လင်ခွေ ထိုင်ပြီး ခါးကို ၉၀ ဒီကရီ မတ်မတ်ထားပါ၊ ခါးကို မတ်မတ်ထားခြင်းက တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ အလေ့အကျင့်မရှိသေးတဲ့အတွက်ကြောင့် မကြာခင် မှာ သူများတွေထက်စောပြီး နာကျင်တဲ့ဝေဒနာကို အရင်ဆုံးခံစားရမှာပါ။ အဲဒီလို ခါးကို မတ်မတ်ထားခြင်းဟာ နာကျင်တဲ့ ဝေဒနာပေါ်လာမှုကို နှောက်နှေးစေပါတယ်။ ဝေဒနာ မရှိသေးတဲ့အချိန် မှတ်ရှုရတဲ့အခါ မှ သမာဓိ အားကောင်းပြီး စိတ်တည်ငြိမ်မှု ကို အချိန်ကြာမြင့်စွာရစေပါတယ်။ ဒါ့ကြောင့် ခါးကို မတ်နေအောင် ထားပါလို့အကြံပြုတာပါ။
လက်ဝါး နှစ်ဖက်ကို ပေါင်ပေါ်မှာ ဘယ်လက်ဝါး ပေါ်၊ ညာလက်ဝါး က ယှက်တင်ထားပြီး လက်မထိပ်ခြင်းကို ထိထားပါ။ ဘာကြောင့်လက်မထိပ်နှစ်ခု ထိ ခိုင်းထားရသလဲ ဆိုရင် ဓမ္မမိတ်ဆွေဟာ ဆက်လက်အားထုတ်လာချင်စိတ်ဖြစ်လာရင် နောက်ပိုင်း အားထုတ်တဲ့ အခါမှာ လက်မခြင်း ထိနေတဲ့ နေရာကို ရှုမှတ်ရတဲ့ ကမ္မဌာန်းတွေနဲ့ကြုံလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လို့ပါဘဲ။

ထိုင်တာအဆင်သင့် ဖြစ်ပြီဆိုရင်…

◆ ပထမဆုံး မိမိရဲ့ခန္ဓာကိုယ်ကို အရင်ဆုံး စိတ်ထဲကနေ စိုက်ပြီး…. ကြည့်လိုက်ပါ။
ပြီးရင် ဘာလုပ်ရမလဲဆိုတော့..နှာခါင်းထိပ်ဝ ကို စိတ်ကို ညွှတ်လိုက်ပါ။
အဲဒီနောက်….
ဖြည်းဖြည်းခြင်း လေရှုသွင်းလိုက်ပါ။ အဲဒီ လေ ရှု သွင်းလိုက်တဲ့ “လေ”အတန်းလိုက် လေးက မိမိရဲ့ နှာခေါင်းကနေပြီး ” ဝင်သွားတာကို တောက်ရှောက် သတိထားမိမယ် ထင်ပါတယ်။ နောက်ပြီး ခုန ဝင်သွား တဲ့ လေလေးကို ဖြည်းဖြည်းခြင်း ပြန်ရှုထုတ်ပါ၊အဲဒီမှာလဲ ခုန ဝင်သွားတဲ့ လေ လေး ပြန်ထွက်လာပါလား ဆိုတာကို ပြန်သိနေလိုက်ပါ။”
အဲဒီလို သိနေလိုက်ပြီဆိုရင် ဓမ္မမိတ်ဆွေ ရဲ့စိတ်ကလေး ခုန လေ အဝင်ထွက်ကို သိနေတဲ့ အချိန်မှာ စိတ်ကဘယ်မှ မပြေးတော့ပါဘူး.. အဲဒီနေရာမှာဘဲ စိတ်က ရှိနေတာ အသေခြာပါဘဲ…။ ဘယ်လောက်ကောင်းလဲ။
အဲဒီလို သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့…
“ထွက်တိုင်းသိ ဝင်တိုင်းသိ ”
ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဓမ္မမိတ်ဆွေ ထိန်းထားပေးပါ။

ဝိပႆနာအစ…

“ခန္ဓာကိုယ်ဝင်၊ထွက်သိတာက”
လို႕ မွတ္လိုက္ပါ။

“ဝိပဿနာအစ ခန္ဓာကိုယ် ဝင်တဲ့ လေလေး၊ ထွက်တဲ့လေလေး သိတာက စတာပါ ” ဘဲ..။

◆ ကောင်းပါပြီ။ အဲဒီလို သိနေပြီးလို့ ၅မိနစ်၊ ၁၀မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့…..

ဒီလို “ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ”လို့ ဆိုရင်တော့..
အဲဒီလို စိတ်ကို ထိန်းနေရင်း နဲ့ ခန္ဓာကိုယ်ထဲကနေပြီး ဟိုကအောင့်သလိုလို၊ ဒီက နာသလိုလို ပေါ်လာပါလိမ့်မယ်။
ဟိုနေရာက ယားသလိုလို၊ ဒီနေရာမှာ ပိုးကောင်လေး သွားနေသလိုလို ပေါ်လာပါလိမ့်မယ်။
ပြီးတော့..
ဟိုနေရာကလည်း စိတ် ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေးလို လည်း ပေါ်လာလိမ့်မယ်။
အဲဒီလိုပေါ်လာတဲ့အခါ…
” ထွက်သိ၊ ဝင်သိ မှတ်နေတဲ့ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ခုန.. အောင့်နေတဲ့နေရာ၊ ယားတဲ့ နေရာကို စိတ်ကို ပို့လိုက် ပါ “…။
အဲဒီ အောင့်တဲ့ ယားတဲ့ နေရာကို ဓမ္မမိတ်ဆွေ တို့တွေ့လိုက်တော့..
ဒီအောင့် တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ပါဘူး။ အခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာဖြစ်ပါတယ်…နဂိုတုန်းကမရှိဘူး..အခုမှဖြစ်လာတာပါ။ အခုမှ ဖောက်ပြန်လာတာပါ။ အဲဒီလို ဖောက်ပြန်တာကို သေသေခြာခြာ ဉာဏ်နဲ့ ကြည့်လိုက်ပါ။ အဲဒီဖေါက်ပြန်တာကြီးကလည်း ကြာကြာမမြဲဘူး ပြန်ပြီးပျက်စီးသွားတာ တွေ့ရလိမ့်မယ်။
ဉာဏ်မပါဘဲ နဲ့ရိုးရိုးပြောမယ် ဆိုရင်.. ” ခုန နာနေတာက သက်သာပြီး ပျောက်သွားတယ်” ပေါ့။
အဲဒီလို တွေ့လိုက်တဲ့အခါကျတော့….
ပါဋ္ဌိလို သုံးနှုံးရရင်-
ဖောက်ပြန် ပျက်စီးတာက ဒုက္ခသစ္စာ
ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီ မဂ္ဂသစ္စာ..တဲ့။

◆ အဲဒီလို ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဟိုနေရာပေါ်ရင် ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။
” ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေး ပဲလို့ ဆိုပြီး အသိ လိုက်နေပါ”

◆ အဲဒီလို လိုက်မှတ်နေလို့ လိုက်မှတ် စရာ မရှိတော့ ၊ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ ရှိရင်တော့ ခုနတုန်းက စိတ်ကလေးကို ထွက်တဲ့ဝင်တဲ့ စိတ်နဲ့တွဲနေတဲ့ ဉာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့…
“လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။
ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဓမ္မမိတ်ဆွေဟာ ဉာဏ်နဲ့ လိုက်ပြီးသိနေပေးပါ”

◆ လိုက်မှတ်နေရင်း နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက ကျင်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း..
မရှိတဲ့ အတွက်ကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။
အဲဒီလို ပေါ်ရာ လိုက်နိုင်ပြီ ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ဟာ “ဖြစ် ပျက်” နဲ့ “ရှုတဲ့ မဂ်” ဟာ တစ်သားတည်း ဖြစ်နေပါပြီ။ ခွဲလို့ မရတော့ပါဘူး။ဝိပဿနာ ဉာဏ်တွေ ဖြစ်နေပါပြီ။
ဒီလိုဆိုရင် ဓမ္မမိတ်ဆွေရဲ့- စိတ်ဟာ….
” ဖြစ် – ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ” ဆိုပြီး ဝမ်းသာလိုက်ပါတော့…လို့ ရေးသားယင်း ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသော ဝိပဿနာတရားအားထုတ်ပုံ တရားတော်ထဲမှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။

Unicode