Local News

ကုန်းကုန်းကွကွ နဲ့ မိုးရွာမရှောင် နေပူမရှောင် တံတားပေါ်မှာ တွေ့ရလို့ မေးကြည့်လိုက်တဲ့အခါ

မြန်မာနိုင်ငံတော်တော်များများဟာ သူတစ်ပါး ကျေးဇူးကို အထူးသိတတ်တဲ့ လူမျိုးပါ။ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ ၊ ကိုယ့်အပေါ် သင်ပြဖူးသူ မည်သို့သော သူဖြစ်ဖြစ် မြန်မာတွေဟာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးနဲ့ အခွင့်အခါသင့်တိုင်း ကျေးဇူးတရားးကို ဦးထိပ်ထားပြီး အမြဲတမ်းဆပ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်နော်။

အထူးသဖြင့် သက်ရှိ ကျေးဇူးရှင်တွေကိုသာ ကျေးဇူးဆပ်တာများပါတယ်။ သက်မဲ့တွေအပေါ်မှာတော့ မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒီထဲမှာတော့ တောင်ကုတ်မြို့က ဦးစိုးမြင့်တစ်ယောက်တော့ မပါပါဘူး။ သူဟာ တောင်ကုတ်တံတားကို နေ့ရောညပါ မိုးရွာရွာ နေပူပူ အမြဲတမ်း သန့်ရှင်းရေး လုပ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါဟာ စည်ပင်က ခိုင်းလို့ မဟုတ်ပါဘူး။ တံတားကြီးကို ကျေးဇူးတင်လို့ပါတယ်။

ဖြစ်ကြောင်းအစုံကိုမေးကြည့်တော့ ယခင်က တောင်ကုတ်က သိပ်ပြီးစည်ကားလှတယ်မဟုတ်ပါဘူး။ ဒီတောင်ကုတ်(ကိုင်းရှည်)တံတားကြီး ဆောက်လုပ်ပြီးမှ ပိုမိုစည်ကားလာတာပါ။ ဒီလိုစည်းကားလာတော့ သူ့ကွမ်းယာဆိုင်လေးကလည်း ရောင်းအားတက်လာတယ်လို့ ဆိုပါတယ်။

တံတားကောင်းလာတော့ ကောလိပ်တွေ ဆောက်လာတာ ၊ ဂေါက်ကွင်းတွေ တည်ဆောက်လာတာတွေကြောင့် သူ့ကွမ်းယာဆိုင်ဟာ ပိုမိုရောင်းနေရတယ်လို့ဆိုပါတယ်။ဒါကြောင့် ဒီတံတားရဲ့ကျေးဇူးကြောင့် အခုလို စီးပွားတက်တာမို့ ဒီတံတားကို နေပူပူ မိုးရွာရွာ သန့်ရှင်းရေးလုပ်ပေးရတာပါတဲ့။

အတော်လေးကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်ပါနော်။ အခုလို သက်မဲ့တံတားတစ်စင်းအပေါ်တောင် ဒီလို ကျေးဇူးတရားသိတတ်ရင် ၊ သက်ရှိတွေအပေါ်တော့ ပြောစရာပင်လိုအံ့မထင်တော့ပါဘူးနော်။

ဒီလိုမျိုး ကျေးဇူးတရားသိတတ်သူတွေ များပြားစေချင်လို့ အတုယူနိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Unicode

ကုန်းကုန်းကွကွ နဲ့ မိုးရွာမရှောင် နေပူမရှောင် တံတားပေါ်မှာ တွေ့ရလို့ မေးကြည့်လိုက်တဲ့အခါ

မြန်မာနိုင်ငံတော်တော်များများဟာ သူတစ်ပါး ကျေးဇူးကို အထူးသိတတ်တဲ့ လူမျိုးပါ။ ကိုယ့်အပေါ် ကျေးဇူးရှိဖူးသူ ၊ ကိုယ့်အပေါ် သင်ပြဖူးသူ မည်သို့သော သူဖြစ်ဖြစ် မြန်မာတွေဟာ ကိုယ်နှုတ်နှလုံး သုံးပါးစလုံးနဲ့ အခွင့်အခါသင့်တိုင်း ကျေးဇူးတရားးကို ဦးထိပ်ထားပြီး အမြဲတမ်းဆပ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်နော်။

အထူးသဖြင့် သက်ရှိ ကျေးဇူးရှင်တွေကိုသာ ကျေးဇူးဆပ်တာများပါတယ်။ သက်မဲ့တွေအပေါ်မှာတော့ မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒီထဲမှာတော့ တောင်ကုတ်မြို့က ဦးစိုးမြင့်တစ်ယောက်တော့ မပါပါဘူး။ သူဟာ တောင်ကုတ်တံတားကို နေ့ရောညပါ မိုးရွာရွာ နေပူပူ အမြဲတမ်း သန့်ရှင်းရေး လုပ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါဟာ စည်ပင်က ခိုင်းလို့ မဟုတ်ပါဘူး။ တံတားကြီးကို ကျေးဇူးတင်လို့ပါတယ်။

ဖြစ်ကြောင်းအစုံကိုမေးကြည့်တော့ ယခင်က တောင်ကုတ်က သိပ်ပြီးစည်ကားလှတယ်မဟုတ်ပါဘူး။ ဒီတောင်ကုတ်(ကိုင်းရှည်)တံတားကြီး ဆောက်လုပ်ပြီးမှ ပိုမိုစည်ကားလာတာပါ။ ဒီလိုစည်းကားလာတော့ သူ့ကွမ်းယာဆိုင်လေးကလည်း ရောင်းအားတက်လာတယ်လို့ ဆိုပါတယ်။

တံတားကောင်းလာတော့ ကောလိပ်တွေ ဆောက်လာတာ ၊ ဂေါက်ကွင်းတွေ တည်ဆောက်လာတာတွေကြောင့် သူ့ကွမ်းယာဆိုင်ဟာ ပိုမိုရောင်းနေရတယ်လို့ဆိုပါတယ်။ဒါကြောင့် ဒီတံတားရဲ့ကျေးဇူးကြောင့် အခုလို စီးပွားတက်တာမို့ ဒီတံတားကို နေပူပူ မိုးရွာရွာ သန့်ရှင်းရေးလုပ်ပေးရတာပါတဲ့။

အတော်လေးကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်ပါနော်။ အခုလို သက်မဲ့တံတားတစ်စင်းအပေါ်တောင် ဒီလို ကျေးဇူးတရားသိတတ်ရင် ၊ သက်ရှိတွေအပေါ်တော့ ပြောစရာပင်လိုအံ့မထင်တော့ပါဘူးနော်။ ဒီလိုမျိုး ကျေးဇူးတရားသိတတ်သူတွေ များပြားစေချင်လို့ အတုယူနိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။