မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို တက်တော့မယ်ဆိုရင် ဘယ်သူမဆို ဒီအတိုင်း ခြေကျင်တက်နိုင်မှာ မဟုတ်ပါဘူး။အနည်းဆုံးတော့ တေက်တက်ဖို့ တုတ်ချောင်းတစ်ချောင်းဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်က ရှိတဲ့ ကြိုးတစ်ချောင်းဖြစ်ဖြစ် အဲဒါတွေပါမှ မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို လွယ်လွယ်ကူကူ တက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တောင်တက်ဖိနပ်ကောင်းကောင်းတစ်ခုလိုပါတယ်။ မဟုတ်ရင်တော့ ခြေလှမ်းတစ်ချက်မှားတာနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။အခုလည်း ဘုန်းဘုန်းတစ်ပါးဟာ မတ်စောက်နေတဲ့ တောင်ကုန်းပေါ်ကို ဘာကိရိယာပစ္စည်းမှ
မပါတဲ့အပြင် ဘာဖိနပ်မှမစီးထားပဲ ဒီအတိုင်းလေးတက်သွားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Timesnonews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ အမျိုးသားကတော့ Ya Motha လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်ပါပဲ။
အဆိုပါအမျိုးသားဟာ သူ့ဟာသူမတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ် တက်တဲ့ပုံကို ဗီဒီယိုရိုက်နေတဲ့အချိန်မှာ သူ့ဘေးနားကနေ ဘုန်းဘုန်းတစ်ပါးဟာ ခြေဗလာနဲ့ အေးအေးဆေးဆေးပဲ တက်ပြသွားပါတယ်။အဆိုပါအမျိုးသားဟာ အံ့သြလွန်းလို့ သူတက်နေတဲ့ ပုံစံကိုတောင် တကူးတကပြန်ရိုက်ပြပြီး သူတက်နေတဲ့ပုံစံနဲ့ ဘုန်းဘုန်းတက်သွားတဲ့ပုံစံကို ပြန်နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။
အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်ခေတ်စားနေပြီး လူတော်တော်များများက အဆိုပါဘုန်းဘုန်းတက်သွားတဲ့ပုံကို တော်တော်လေးအံ့သြသင့်နေ ကြပါတယ်။
တစ်ချို့ဆိုရင် ဒီဘုန်းဘုန်းဟာ သာမန်ဘုန်းဘုန်းမဟုတ်နိုင်ဘူးလို့တောင် ထင်ကြေးတွေ ပေးနေကြပါတယ်။အဆိုပါဗီဒီယိုကို ဝင်ကြည့်သူ ၈ သန်းနီးပါးရှိခဲ့ပြီး like ပြုလုပ်သူ 314k အထိတောင် ရှိခဲ့ကြောင်း သိရပါတယ်။
credit – shwemom
Unicode
ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ နာမည်ကြီးနေတဲ့ ဘုန်းဘုန်းတစ်ပါး
မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို တက်တော့မယ်ဆိုရင် ဘယ်သူမဆို ဒီအတိုင်း ခြေကျင်တက်နိုင်မှာ မဟုတ်ပါဘူး။အနည်းဆုံးတော့ တေက်တက်ဖို့ တုတ်ချောင်းတစ်ချောင်းဖြစ်ဖြစ်၊ တောင်ထိပ်ပေါ်က ရှိတဲ့ ကြိုးတစ်ချောင်းဖြစ်ဖြစ် အဲဒါတွေပါမှ မတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုကို လွယ်လွယ်ကူကူ တက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တောင်တက်ဖိနပ်ကောင်းကောင်းတစ်ခုလိုပါတယ်။ မဟုတ်ရင်တော့ ခြေလှမ်းတစ်ချက်မှားတာနဲ့ တောင်ပေါ်ကနေ လိမ့်ကျပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်။အခုလည်း ဘုန်းဘုန်းတစ်ပါးဟာ မတ်စောက်နေတဲ့ တောင်ကုန်းပေါ်ကို ဘာကိရိယာပစ္စည်းမှ
မပါတဲ့အပြင် ဘာဖိနပ်မှမစီးထားပဲ ဒီအတိုင်းလေးတက်သွားတာကြောင့် ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေကြောင်း Timesnonews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။အဆိုပါဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ အမျိုးသားကတော့ Ya Motha လို့ အမည်ရတဲ့ Twitter အကောင့်ပိုင်ရှင်ပါပဲ။
အဆိုပါအမျိုးသားဟာ သူ့ဟာသူမတ်စောက်နေတဲ့ တောင်ကုန်းတစ်ခုအပေါ် တက်တဲ့ပုံကို ဗီဒီယိုရိုက်နေတဲ့အချိန်မှာ သူ့ဘေးနားကနေ ဘုန်းဘုန်းတစ်ပါးဟာ ခြေဗလာနဲ့ အေးအေးဆေးဆေးပဲ တက်ပြသွားပါတယ်။အဆိုပါအမျိုးသားဟာ အံ့သြလွန်းလို့ သူတက်နေတဲ့ ပုံစံကိုတောင် တကူးတကပြန်ရိုက်ပြပြီး သူတက်နေတဲ့ပုံစံနဲ့ ဘုန်းဘုန်းတက်သွားတဲ့ပုံစံကို ပြန်နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။
အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်ခေတ်စားနေပြီး လူတော်တော်များများက အဆိုပါဘုန်းဘုန်းတက်သွားတဲ့ပုံကို တော်တော်လေးအံ့သြသင့်နေ ကြပါတယ်။တစ်ချို့ဆိုရင် ဒီဘုန်းဘုန်းဟာ သာမန်ဘုန်းဘုန်းမဟုတ်နိုင်ဘူးလို့တောင် ထင်ကြေးတွေ ပေးနေကြပါတယ်။အဆိုပါဗီဒီယိုကို ဝင်ကြည့်သူ ၈ သန်းနီးပါးရှိခဲ့ပြီး like ပြုလုပ်သူ 314k အထိတောင် ရှိခဲ့ကြောင်း သိရပါတယ်။
credit – shwemom