Uncategorized

မျက်လုံးတစ်ဖက်ကွယ်နေတာတောင် ရေခဲထုတ်ရောင်းကာ မရှိတဲ့ကြားကလည်း ဘုန်းကြီးကျောင်းကိုလှူလိုက်သေးတဲ့ အဘိုးဦးထွန်းနွဲ့

လက်ရှိကာလမှာ စေတနာရှင်ပြည်သူတွေကလည်း တစ်ကိုယ်တော်ပရဟိတသဘောမျိုးနဲ့ ခက်ခဲသူတွေကိုတွေ့တိုင်း ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အခုအခြေအနေမှာဆိုရင် စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကစပြီးလက်လုပ်လက်စားပြည်သူတွေအထိ ဝင်ငွေနည်းပါးနေတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တချို့အိမ်ထောင်စုတွေကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင် မနည်းရုန်းကန်နေရပြီး အသက်ရှင်ဖို့အတွက်အဆင်ပြေသလိုရပ်တည်နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အသက်(၉၀)ကျော်အရွယ် အဘိုးအိုတစ်ဦးက စားဝတ်နေရေးအတွက် သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။အဘိုးနာမည်က ဦးထွန်းနွဲ့ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်၊အိုးဘိုရပ်ကွက်၊အောင်သိဒ္ဓီ (၆)လမ်းမှာ နေထိုင်တာဖြစ်ပါတယ်။အဘိုးကမျက်လုံးတစ်ဖက်လည်းမမြင်ရဘဲ အဲ့ဒီအိမ်လေးထဲမှာ တစ်ယောက်တည်းနေထိုင်ပြီး ပြုစုစောင့်ရှောက်ပေးမယ့်မိသားစုဝင်မရှိဘူးလို့လည်းသိရပါတယ်။

အဘိုးကတော့ မျက်လုံးတစ်ဖက်မမြင်ရပေမယ့်လည်း ပိုက်ဆံရဖို့အတွက် လမ်းတကာလှည့်ပြီး ရေခဲထုတ်လိုက်ရောင်းရရှာတာဖြစ်ပါတယ်။ရေခဲချောင်းရောင်းလို့ရတဲ့အမြတ်က တစ်နေ့မှ ၅၀၀၊၁၀၀၀ပဲရှိပြီး မနက်စျေးစရောင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ ရေခဲချောင်း(၁၀)ချောင်းကိုမရှိတဲ့ကြားက လှူခဲ့သေးတာဖြစ်ပါတယ်။အသက်(၉၀)ကျော်နေတာတောင်

ကိုယ့်အားကိုယ်ကိုးပြီးရုန်းကန်နေတဲ့ အဘိုးကိုတွေ့တဲ့အခါ စေတနာရှင်ပြည်သူတွေကဝယ်ယူအားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါတယ်။မှတ်ချက်- အများပြည်သူ ကူညီလို့ရအောင် အဘိုးရဲ့မျက်နှာကိုဖော်ပြထားရခြင်း ဖြစ်ပါသည်။

SourcePhoto Credit: Original Uploder

Unicode

မျက်လုံးတစ်ဖက်ကွယ်နေတာတောင် ရေခဲထုတ်ရောင်းကာ မရှိတဲ့ကြားကလည်း ဘုန်းကြီးကျောင်းကိုလှူလိုက်သေးတဲ့ အဘိုးဦးထွန်းနွဲ့

လက်ရှိကာလမှာ စေတနာရှင်ပြည်သူတွေကလည်း တစ်ကိုယ်တော်ပရဟိတသဘောမျိုးနဲ့ ခက်ခဲသူတွေကိုတွေ့တိုင်း ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အခုအခြေအနေမှာဆိုရင် စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေကစပြီးလက်လုပ်လက်စားပြည်သူတွေအထိ ဝင်ငွေနည်းပါးနေတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တချို့အိမ်ထောင်စုတွေကတော့ တစ်နေ့တာစားသောက်ဖို့အတွက်တောင် မနည်းရုန်းကန်နေရပြီး အသက်ရှင်ဖို့အတွက်အဆင်ပြေသလိုရပ်တည်နေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အသက်(၉၀)ကျော်အရွယ် အဘိုးအိုတစ်ဦးက စားဝတ်နေရေးအတွက် သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။အဘိုးနာမည်က ဦးထွန်းနွဲ့ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်၊အိုးဘိုရပ်ကွက်၊အောင်သိဒ္ဓီ (၆)လမ်းမှာ နေထိုင်တာဖြစ်ပါတယ်။အဘိုးကမျက်လုံးတစ်ဖက်လည်းမမြင်ရဘဲ အဲ့ဒီအိမ်လေးထဲမှာ တစ်ယောက်တည်းနေထိုင်ပြီး ပြုစုစောင့်ရှောက်ပေးမယ့်မိသားစုဝင်မရှိဘူးလို့လည်းသိရပါတယ်။

အဘိုးကတော့ မျက်လုံးတစ်ဖက်မမြင်ရပေမယ့်လည်း ပိုက်ဆံရဖို့အတွက် လမ်းတကာလှည့်ပြီး ရေခဲထုတ်လိုက်ရောင်းရရှာတာဖြစ်ပါတယ်။ရေခဲချောင်းရောင်းလို့ရတဲ့အမြတ်က တစ်နေ့မှ ၅၀၀၊၁၀၀၀ပဲရှိပြီး မနက်စျေးစရောင်းတာနဲ့ ဘုန်းကြီးကျောင်းမှာ ရေခဲချောင်း(၁၀)ချောင်းကိုမရှိတဲ့ကြားက လှူခဲ့သေးတာဖြစ်ပါတယ်။အသက်(၉၀)ကျော်နေတာတောင် ကိုယ့်အားကိုယ်ကိုးပြီးရုန်းကန်နေတဲ့ အဘိုးကိုတွေ့တဲ့အခါ စေတနာရှင်ပြည်သူတွေကဝယ်ယူအားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါတယ်။မှတ်ချက်- အများပြည်သူ ကူညီလို့ရအောင် အဘိုးရဲ့မျက်နှာကိုဖော်ပြထားရခြင်း ဖြစ်ပါသည်။

SourcePhoto Credit: Original Uploder