တစ်နေကုန်ပြေးလွှား နေရတဲ့ အခါ၊ (သို့) သက်သောင့် သက်သာ မရှိတဲ့ ဖိနပ် စီးမိတဲ့ အခါ၊ လမ်းလျှောက်များတဲ့အခါ၊မတ်တပ်ရပ် ရတာများတဲ့ အခါ သင့်ခြေထောက်ကြွက် သားတွေက ညောင်းညာကိုက်ခဲနေတတ် ပါတယ်။
ခြေထောက်တွေ ညောင်းညာနေတယ် ဆိုရင် အညောင်းပြေဖို့ အတွက် ဘယ်လို နည်းလမ်းတွေ အသုံးပြုနိုင်သလဲ ဆိုတာစာဖတ်သူတို့ သိပြီးကြ ပြီလား။ မသိသေးဘူး ဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ရအောင် ။မီးဖိုချောင်ထဲမှာ အဆင်သင့်ရှိပြီးသားပစ္စည်းတွေနဲ့ အညောင်းဖြေ လိုက်ရုံပါပဲ။
ရေနွေးပူ
ရေနွေးပူထဲသို့ တဘက်တစ်ထည် ထည့်ပြီးနောက် ထိုတဘက်ကို ရေစင်အောင် ညှစ်ပေးလိုက်ပါ။ထိုတဘက်ကို ညောင်းညာကိုက်ခဲနေတဲ့ခြေထောက်ပေါ် အုပ်ထားပေးလိုက်ပါ။ နွေးနေတဲ့
တဘက်က သာမန်အပူချိန်အတိုင်းဖြစ်သွားသည်အထိ ကပ်ထားပေးရပါမယ်။တကယ်လို့ သင့်အိမ်မှာ ရေနွေးအိတ်ရှိရင်လည်း ထိုအိတ်ကို အသုံးပြုနိုင်ပါတယ်။ အကိုက်အခဲပြေသွားတဲ့အထိ ကပ်ထားပေးရမှာပဲဖြစ်ပါတယ်။
ရှာလကာရည်
ပန်းသီးရှာလကာရည် ၁၂၅ မီလီလီတာခန့်ကို ရေနွေးပူနဲ့ ရောနှောလိုက်ပါ။ ထို့နောက် သင့်ခြေထောက်ကို ရေနွေးပူထည့်ထားသောဇလုံထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားရပါမယ်။ အချိန်ပြည့်မှ ပန်းသီးရှာလကာရည်များကို ရေနဲ့ ဆေးချလိုက်ပါ။
မနက်မိုးလင်းချိန်မှာလည်း ပန်းသီးရှာလကာရည်ကို ရေနွေးနွေးနဲ့ သောက်သုံးပေးလိုက်ပါ။အရသာကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင်တော့ ပျားရည် ထည့်သောက်နိုင်ပါတယ်။
ရေခဲတုံးများ
ရေခဲတုံးများကို ပလပ်စတစ်အိတ် (သို့မဟုတ်) တဘက်ထဲထည့်ကာ လုံးလိုက်ပါ။ ထိုရေခဲတဘက်ကိုညောင်းညာနေသော ခြေထောက်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးရပါမယ်။ Source Stylecraze
Unicode
တစ်နေကုန် လှုပ်ရှားထားရလို့ ခြေထောက်တွေ ညောင်းညာ ကိုက်ခဲနေရင်