ဗီယက်နမ်နိုင်ငံက ရွာငယ်လေးတစ်ခုမှာ နေထိုင်လျက်ရှိတဲ့ Dang Van Khuyen အမည်ရှိတဲ့
အသက် 10နှစ်အရွယ်ကောင်လေးဟာ မကြာသေးခင်ကမှ အဘွားဖြစ်သူ နဲ့ ဖခင် ဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တစ်ကိုယ်တည်ရပ်တည်နေထိုင်ပြီး ကိုယ်ပိုင်အသီးအရွက်များစိုက်ပျိုးကာ နေထိုင်နေလျက်ရှိပါတယ် ။Dang Van Khuyen ဟာ မိခင်ဖြစ်သူကို ငယ်စဉ်ကတည်းကဆုံးရှုံးခဲ့ရတာဖြစ်ပြီး ၊ ဖခင်ဖြစ်သူမှာတော့ ဆောက်လုပ်ရေးအလုပ်သမားအဖြစ်လုပ်ကိုင်နေသူဖြစ်တဲ့အတွက် မိသားစုဖြင့်ခွဲပြီးနေထိုင်ခဲ့ရသူဖြစ်ပါတယ် ။ထို့ကြောင့် Dang Van Khuyen နှင့် အဘွားဖြစ်သူတို့ဟာ တစ်ဦးကိုတစ်ဦးမှီခိုကာနေထိုင်ခဲ့ပြီး ဖခင်ထောက်ပံ့ပေးနေတဲ့ ငွေအနည်းငယ်ဖြင့်သာ ရိုးရှင်းသောဘဝလေးကိုဖြတ်သန်းခဲ့ကြပါတယ် ။
ကံဆိုးစွာနဲ့ပဲ အဘွားဖြစ်သူဟာ အသက်အရွယ်အိုမင်းလာပြီးနောက် သေဆုံးသွားခဲ့ရပြီး ၊ နောက်ထပ်မကြာခင်မှာဘဲ Dang Van Khuyen ကျောင်းမှာရှိနေတုန်း ဖခင်ဖြစ်သူဟာ လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ရတာကို သတင်းရရှိခဲ့ပါတယ် ။ထို့နောက် Dang ရဲ့ကျောင်ဆရာများက Dang ရဲ့ဖခင်ဖြစ်သူအလောင်းကို အိမ်သို့ပြန်သယ်ဆောင်ပြီး မြေမြုပ်သဂြုၤလ်နိုင်ဖို့ အတွက် 10 million dong (မြန်မာငွေ 6သိန်းကျော်)အကုန်အကျခံပြီးကူညီပေးခဲ့ကြပါတယ် ။ယခုချိန်မှာတော့ ကောင်လေးဟာ မိသားစုမရှိဘဲ အသီးအရွက်များစိုက်ပျိုးကာ ကိုယ်ပိုင်ရပ်တည်နေလျက်ရှိပြီး ၊ ကျောင်းကိုလည်း မပျက်ကွက်ပဲတက်ရောက်နေကာ စာကြိုးသင်ယူနေကြောင်း သိရှိရပါတယ် ။
Dang ၏ ဆရာဖြစ်သူက Dang အကြောင်းကို social media ပေါ်တွင် ဝေမျှပေးခဲ့ပြီး Dang ကိုကူညီချင်သူ ၊ မွေးစားချင်သူများရှိပေမဲ့လည်း Dang ကငြင်းပယ်ခဲ့ပါတယ် ။အစိုးရဖက်က နှင့် ကျောင်းဖက်ကပါ Dang ကိုမွေးစားမည့် မိသားစုများရှာပေခဲ့ပေမဲ့လည်း Dang ကဆက်လက်ငြင်းဆိုခဲ့ပါတယ် ။ထို့ကြောင့် Dang ဟာ အသက် 18 နှစ်ပြည့်တဲ့အထိ တစ်ယောက်တည်းဆက်လက်ရပ်တည်နိုင်ဖို့က လူအများကအတော်လေးစိတ်ပူနေလျက် ရှိပါတယ် ။
Jasmine (Mckzone Daily)
Unicode
အဘွား နှင့် ဖခင် ဖြစ်သူတို့ဟာ တစ်ချိန်တည်းမှာသေဆုံးသွားခဲ့တဲ့ အတွက် တစ်ကိုယ်တည်းရပ်တည်နေထိုင်နေရတဲ့ ကလေးငယ်