Health

အူအတက္ေပါက္ခါနီး ေတြ႕ရွိရတက္တဲ့ လကၡဏာ (၅)မ်ိဴး

ဒီတစ္ခါမွာေတာ့ အူအတက္ေပါက္ခါနီး ေတြ႕ရွိရတက္တဲ့ လကၡဏာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ခါတိုင္းထက္ ပို၍ ဆိုး႐ြားစြာ ဗိုက္ေအာင့္ျခင္း

အူအတက္ေရာင္ျခင္း ေၾကာင့္ ခံစားရတဲ့ နာက်င္မႈဟာ လြန္စြာ ဆိုး႐ြားကာ ခ်က္နားတစ္ဝိုက္မွ တဆင့္ ညာဘက္ ဝမ္းဗိုက္ ေအာက္ပိုင္း ထိ ပ်ံ႕ႏွံ႔ ႏိုင္ပါတယ္ ။ ဒီလို နာက်င္မႈဟာ အူအတက္ ေပါက္ေတာ့မယ္ လို႔ ဆိုလိုတာ မဟုတ္ေပမယ့္ ေသခ်ာေစဖို႔ အတြက္ ကြန္ပ်ဴတာ ဓာတ္မွန္ ကဲ့သို႔ စစ္ေဆးမႈမ်ိဳး ကိုမူ ျပဳလုပ္ သင့္ပါတယ္ ။

အူအတက္ေရာင္တဲ့ လူနာေတြမွာ မတူညီတဲ့ မသက္မသာ ျဖစ္မႈေတြ အမ်ိဳးမ်ိဳး ရွိတတ္ၾကပါတယ္။ လမ္းေလွ်ာက္ျခင္း ၊ ေခ်ာင္းဆိုးျခင္း ၊ကားေပၚတက္ျခင္း စတဲ့လႈပ္လႈပ္ရွားရွားအျပဳအမူေတြေၾကာင့္ နာက်င္တဲ့ေဝဒနာကို ခံစားရပါက ဝမ္းဗိုက္တျပင္လုံးဟာ ေရာင္ရမ္းေနလို႔ပဲ ျဖစ္ပါတယ္ ။ ၎အေျခအေနသည္ အူအတက္ေပါက္လုဆဲဆဲ ( သို႔ ) ေပါက္ၿပီးတာျဖစ္ႏိုင္ပါတယ္။

(၂) ပ်ိဳ႕အန္ျခင္းႏွင့္ အစားအေသာက္ပ်က္ျခင္း

အူအတက္ ေရာင္တဲ့သူတိုင္း ဒီလို ေရာဂါလကၡဏာေတြ ခံစားရတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဗိုက္ေအာင့္ျခင္း အျပင္ အထက္ပါ လကၡဏာေတြ ခံစားေနရၿပီ ဆိုပါက စစ္ေဆးမႈေတြကို ျပဳလုပ္သင့္ပါတယ္။ အူအတက္ ေရာင္ရမ္းျခင္းဟာ တစ္ခါတစ္ရံမွာ အူလမ္းေၾကာင္း နဲ႔ အာ႐ုံေၾကာ စနစ္ေတြကို အက်ိဳးသက္ေရာက္မႈ ရွိေစႏိုင္တာ ေၾကာင့္ ပ်ိဳ႕အန္ျခင္းေတြ ခံစားျဖစ္ပါတယ္။

(၃) ပုံမွန္ထက္ပို၍ ဆီးခဏခဏသြားျခင္း – အခ်ိဳ႕သူေတြမွာ အူအတက္သည္ ဆီးခုံ႐ိုး ေအာက္နားမွာ တည္ရွိ ႏိုင္တာ ေၾကာင့္ ဆီးအိမ္နဲ႔ ကပ္ေနေလ့ရွိပါတယ္။ ဆီးအိမ္ဟာ ေရာင္ရမ္းေနတဲ့ အူအတက္နဲ႔ ထိေတြ႕မိတာ ေၾကာင့္ သြားဆြသလို ျဖစ္ၿပီး ေရာင္ရမ္း လာပါေတာ့တယ္။ အက်ိဳးဆက္ အေနနဲ႔ မၾကာခဏ ဆီးသြားခ်င္စိတ္ ျဖစ္လာၿပီး ဆီးသြားတဲ့ အခါမွာလည္း အလြန္ နာက်င္ပါတယ္။ ဒါဟာ ဆီးလမ္းေၾကာင္း ပိုးဝင္တာရဲ႕ အခ်က္ေပး လကၡဏာ ျဖစ္ႏိုင္ေပမယ့္ လည္း အျခားေရာဂါလကၡဏာေတြနဲ႔တြဲေနပါက အူအတက္ေရာင္တာ ပိုျဖစ္ႏိုင္ပါတယ္။

(၄) အဖ်ားႀကီးၿပီး ခ်မ္းတုန္ျခင္း

ကိုယ္အပူခ်ိန္ ျမင့္တက္၍ ခ်မ္းတုန္ျခင္းဆိုတာ ခႏၶာကိုယ္ရဲ႕တစ္ေနရာမွာ ေရာင္ရမ္းမႈတစ္ခုခုရွိေနတာကို ဆိုလိုပါတယ္။ အူအတက္ေရာင္တဲ့အခါမွာ တုံ႔ျပန္တဲ့အေနနဲ႔ ခႏၶာကိုယ္ဟာ ဓာတုပစၥည္းအမ်ားအျပား ထုတ္လုပ္၍ အခ်က္ေပးကာ တိုက္ခိုက္ဖို႔ဆဲလ္ေတြကို ထိုေနရာသို႔ေရာက္ေအာင္ ေခၚေဆာင္ပါတယ္။ဤနည္းအားျဖင့္ နာက်င္မႈေဝဒနာအျပင္ ဖ်ားနာျခင္း၊ ခ်မ္းတုန္ျခင္းတို႔ကို ခံစားေစရေစတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဗိုက္ေအာင့္တာအျပင္ အဖ်ားပါႀကီးပါက ဆရာဝန္နဲ႔ခ်က္ခ်င္း သြားေရာက္ျပသသင့္ပါတယ္။

(၅) စိတ္ပိုင္းဆိုင္ရာပုံမွန္မဟုတ္ျခင္း

သတိလစ္ေမ့ေျမာတာေတြ၊ စိတ္ဂေယာင္ေခ်ာက္ျခားေတြ ျဖစ္လာပါက ေရာဂါပိုးေတြဟာ ေသြး ထဲေရာက္လာတဲ့ လကၡဏာျဖစ္ၿပီး ေသေစႏိုင္တဲ့အထိ ျပင္းထန္ပါတယ္။ အဲလိုျဖစ္ရတာဟာ ဦးေႏွာက္ထဲမွာ တစ္စုံတစ္ရာမွားယြင္းေနလို႔မဟုတ္ဘဲ ေရာဂါပိုးေတြ ပိုမိုပ်ံ႕ႏွံ႔လာၿပီး ေအာက္ဆီဂ်င္အပါအဝင္ အျခား ခႏၶာကိုယ္အရင္းအျမစ္ေတြကို သုံးစြဲလိုက္တာေၾကာင့္ ဦးေႏွာက္ဟာလုံေလာက္စြာမရေတာ့ဘဲ ေကာင္းစြာ အလုပ္မလုပ္ႏိုင္ေတာ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ တစ္စုံတစ္ေယာက္ဟာ စိတ္ခံစားမႈအေျခအေနေျပာင္းလဲ လာၿပီဟု အထင္ရွိပါက (အူအတက္ေရာင္တာျဖစ္ေစ၊ အျခားအေျခအေနတစ္ခုခုေၾကာင့္ျဖစ္ေစ) အျမန္ဆုံး အကူအညီရယူသင့္ပါတယ္။

Credit: Dr. Thinzar Wynn

Unicode

အူအတက်ပေါက်ခါနီး တွေ့ရှိရတက်တဲ့ လက္ခဏာ (၅)မျိူး

ဒီတစ်ခါမှာတော့ အူအတက်ပေါက်ခါနီး တွေ့ရှိရတက်တဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ခါတိုင်းထက် ပို၍ ဆိုးရွားစွာ ဗိုက်အောင့်ခြင်း

အူအတက်ရောင်ခြင်း ကြောင့် ခံစားရတဲ့ နာကျင်မှုဟာ လွန်စွာ ဆိုးရွားကာ ချက်နားတစ်ဝိုက်မှ တဆင့် ညာဘက် ဝမ်းဗိုက် အောက်ပိုင်း ထိ ပျံ့နှံ့ နိုင်ပါတယ် ။ ဒီလို နာကျင်မှုဟာ အူအတက် ပေါက်တော့မယ် လို့ ဆိုလိုတာ မဟုတ်ပေမယ့် သေချာစေဖို့ အတွက် ကွန်ပျူတာ ဓာတ်မှန် ကဲ့သို့ စစ်ဆေးမှုမျိုး ကိုမူ ပြုလုပ် သင့်ပါတယ် ။

အူအတက်ရောင်တဲ့ လူနာတွေမှာ မတူညီတဲ့ မသက်မသာ ဖြစ်မှုတွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။ လမ်းလျှောက်ခြင်း ၊ ချောင်းဆိုးခြင်း ၊ကားပေါ်တက်ခြင်း စတဲ့လှုပ်လှုပ်ရှားရှားအပြုအမူတွေကြောင့် နာကျင်တဲ့ဝေဒနာကို ခံစားရပါက ဝမ်းဗိုက်တပြင်လုံးဟာ ရောင်ရမ်းနေလို့ပဲ ဖြစ်ပါတယ် ။ ၎င်းအခြေအနေသည် အူအတက်ပေါက်လုဆဲဆဲ ( သို့ ) ပေါက်ပြီးတာဖြစ်နိုင်ပါတယ်။

(၂) ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

အူအတက် ရောင်တဲ့သူတိုင်း ဒီလို ရောဂါလက္ခဏာတွေ ခံစားရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်အောင့်ခြင်း အပြင် အထက်ပါ လက္ခဏာတွေ ခံစားနေရပြီ ဆိုပါက စစ်ဆေးမှုတွေကို ပြုလုပ်သင့်ပါတယ်။ အူအတက် ရောင်ရမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အူလမ်းကြောင်း နဲ့ အာရုံကြော စနစ်တွေကို အကျိုးသက်ရောက်မှု ရှိစေနိုင်တာ ကြောင့် ပျို့အန်ခြင်းတွေ ခံစားဖြစ်ပါတယ်။

(၃) ပုံမှန်ထက်ပို၍ ဆီးခဏခဏသွားခြင်း – အချို့သူတွေမှာ အူအတက်သည် ဆီးခုံရိုး အောက်နားမှာ တည်ရှိ နိုင်တာ ကြောင့် ဆီးအိမ်နဲ့ ကပ်နေလေ့ရှိပါတယ်။ ဆီးအိမ်ဟာ ရောင်ရမ်းနေတဲ့ အူအတက်နဲ့ ထိတွေ့မိတာ ကြောင့် သွားဆွသလို ဖြစ်ပြီး ရောင်ရမ်း လာပါတော့တယ်။ အကျိုးဆက် အနေနဲ့ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်လာပြီး ဆီးသွားတဲ့ အခါမှာလည်း အလွန် နာကျင်ပါတယ်။ ဒါဟာ ဆီးလမ်းကြောင်း ပိုးဝင်တာရဲ့ အချက်ပေး လက္ခဏာ ဖြစ်နိုင်ပေမယ့် လည်း အခြားရောဂါလက္ခဏာတွေနဲ့တွဲနေပါက အူအတက်ရောင်တာ ပိုဖြစ်နိုင်ပါတယ်။

(၄) အဖျားကြီးပြီး ချမ်းတုန်ခြင်း

ကိုယ်အပူချိန် မြင့်တက်၍ ချမ်းတုန်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောင်ရမ်းမှုတစ်ခုခုရှိနေတာကို ဆိုလိုပါတယ်။ အူအတက်ရောင်တဲ့အခါမှာ တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်ဟာ ဓာတုပစ္စည်းအများအပြား ထုတ်လုပ်၍ အချက်ပေးကာ တိုက်ခိုက်ဖို့ဆဲလ်တွေကို ထိုနေရာသို့ရောက်အောင် ခေါ်ဆောင်ပါတယ်။ဤနည်းအားဖြင့် နာကျင်မှုဝေဒနာအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ကို ခံစားစေရစေတာဖြစ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာအပြင် အဖျားပါကြီးပါက ဆရာဝန်နဲ့ချက်ချင်း သွားရောက်ပြသသင့်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခြင်း

သတိလစ်မေ့မြောတာတွေ၊ စိတ်ဂယောင်ချောက်ခြားတွေ ဖြစ်လာပါက ရောဂါပိုးတွေဟာ သွေး ထဲရောက်လာတဲ့ လက္ခဏာဖြစ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အဲလိုဖြစ်ရတာဟာ ဦးနှောက်ထဲမှာ တစ်စုံတစ်ရာမှားယွင်းနေလို့မဟုတ်ဘဲ ရောဂါပိုးတွေ ပိုမိုပျံ့နှံ့လာပြီး အောက်ဆီဂျင်အပါအဝင် အခြား ခန္ဓာကိုယ်အရင်းအမြစ်တွေကို သုံးစွဲလိုက်တာကြောင့် ဦးနှောက်ဟာလုံလောက်စွာမရတော့ဘဲ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။

ဒါကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ခံစားမှုအခြေအနေပြောင်းလဲ လာပြီဟု အထင်ရှိပါက (အူအတက်ရောင်တာဖြစ်စေ၊ အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်စေ) အမြန်ဆုံး အကူအညီရယူသင့်ပါတယ်။

Credit: Dr. Thinzar Wynn