Knowledge

MESSAGES လေးတွေရဲ့တန်ဖိုး

MESSAGES လေးတွေရဲ့တန်ဖိုးချစ်သူတွေကြားမှာဖြစ်စေ ” လင်မယားတွေကြားမှာဖြစ်စေကိုယ်ဘယ်ရောက်နေတယ်.. ဘာလုပ်နေတယ်ဆိုတဲ့..massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦးဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။တကယ်တော့လူတွေပြောနေကြတဲ့ ” ချစ်တယ် ” ဆိုတဲ့စကားဟာ လူတစ်ဦးနဲ့တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီးရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေသူငါ့ အေပၚတကယ္ခ်စ္ပါလား ” သူ ငါ့ကိုတကယ္ခ်စ္တာပါ ”ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့အလေးအနက်ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့အမှန်ပါ ။ဂရုစိုက်ခြင်း ‘ ကြင်နာယုယခြင်း ‘ နွေးထွေးတဲ့မေတ္တာတရားစသဖြင့် အကြောင်းတရားတွေဟာ ” အချစ် ” ဆိုတဲ့ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။ဒါပေမဲ့ တချို့တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘူး ရပ်တန့်နေခဲ့တယ် ။ကိုယ့်ရဲ့ အဖော်မွန်ကို ဘယ်လို ဂရုစိုက်ပေးရမလည်း !ဘယ်လိုထိန်းသိမ်းရမလည်း ! သူ့ဖက်က ကိုယ့်အပေါ်ဘယ်လိုနေစေချင်လည်း တစ်ခုမှ မလုပ်တော့ဘူး သိဖို့လည်း မကြိုးစားကြတော့ဘူး ။ငါ သူ့အပေါ်သစ္စာရှိနေတာပဲ ငါ့ အချစ်တွေကို အားလုံးပေးထားတာပဲ ဒီလောက်ဆို ပြည့်စုံပြီလို့ ခံယူထားကြပါတယ် ။ဒါဟာ လုံးဝ လွဲမှားတဲ့အယူဆပဲ ဖြစ်ပါတယ် ။လူတစ်ယောက်ကို ကိုယ့်ရဲ့ထာဝရအဖော်မွန်အဖြစ်ရွေးချယ်ထားပြီးသားဆို ဖာသိဖာသာ လုပ်ရပ်မျိုးရှောင်ကျဉ်ပါ ။ကိုယ့်ဖက်က ဘယ်လိုအကြောင်းပဲရှိရှိကိုယ့်လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ . – ကိုယ်ဘယ်လို အခက်ခဲဖြစ်နေတယ်ဆိုတာယုံကြည်စွာနဲ့ တိုင်ပင်ပါ .ကိုယ့်ဖက်က သူ့အပေါ် အချစ်ပိုတယ်ဆိုပြီးအရင်လို နေမြဲအတိုင်း နေတဲ့ အကျင့်ကိုပြုပြင်ပါ .ကိုယ်ဘယ်ရောက်နေတယ်ဆိုတာကိုလှမ်ပြီး အသိပေးတဲ့ အကျင့်လုပ်ပါ ။မိမိအရင် တစ်ကိုယ်ထဲဘဝကလို နေမြဲအတိုင်းနေမိလို့မရတော့ပါဘူး ။ကိုယ့်ဘေးက အဖော်မွန်အတွက် ထည့်စဉ်းစားပေးရပါမယ် ။အရင်းနှီးဆုံးလူဖြစ်သွားရင် ” ချစ်တယ် ” ဆိုတဲ့စကားကိုထပ်ခါပြောနေမဲ့အစား ဂရုတစိုက်နဲ့ အလေးနက်ရှိကြောင်းသာ ပြပါ ။မိမိချစ်သူအပေါ် ဂရုတစိုက်နဲ့အလေးနက်ထားရမယ်ဆိုတာတစ်ဘဝစာရွေးချယ်ထားတဲ့သူတိုင်း အကြွင်းမဲ့ လိုက်နာသင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ် ။တစ်ဦးနဲ့တစ်ဦး အချစ်က စတင်လာပြီး မေတ္တာတွေ အပြန်အလှန်ထားမိလာမယ် ! နွေးထွေးကြင်နာတဲ့ဆက်ဆံရေးတွေ တည်ဆောက်မယ် ! အပြန်အလှန်နားလည်မှုနဲ့တစ်ယောက်အပေါ်တစ်ဦးက အလေးနက်ထား ဖို့ပဲလိုအပ်တော့တာပါ ။အချစ်ဆိုတဲ့စကားထက်လေးနက်စေတဲ့ အခြေအနေကိုရယူကြဖို့ပဲ လိုအပ်တော့တယ်လို့မြင်ပါတယ် ။ဥပမာ – မိမိဘယ်လောက်အလုပ်ရှုပ်နေပါစေ messageလေးတစ်ကြောင်းနဲ့ အသိပေးဖို့ ဝန်မလေးပါနဲ့ ။အမှန်တကယ် အချစ်စစ်စစ်နဲ့ချစ်ကြပြီး တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် သစ္စာရှိပါတယ် ပြောပြောတစ်ဘဝစာ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသည် ဖြစ်စေ …တဖက်လူက လေးနက်တဲ့ ဆက်ဆံရေးပေးပြီး နားလည်မှုအပြည့်ရှိပေမဲ့ ကိုယ့်ဖက်က အချစ်အားလုံး ပေးထားတယ်သူ့အချစ်အားလုံး ငါပိုင်ထားတယ် ဆိုတဲ့ စိတ်နဲ့ ဖာသိဖာသာနေတာများရင် လမ်းခွဲရဖို့က ရာခိုင်နှုန်းများသွားပါလိမ့်မယ်တဖက်က တွေးလာပါလိမ့်မယ် ” ငါ့အပေါ် ချစ်တော့ချစ်တယ်အလေးအနက်ကျ မရှိပါလား ” ဆိုတဲ့အတွေးအဲ့ဒီအချိန် အချစ်ဆိုတဲ့အရာက ဘာမှအရေးမပါတော့ပါဘူးမှန်ပါတယ် ရင်ဘတ်ကိုရင်းထားရင် ရင်ဘတ်ကသိလာပြီးဦးနှောက်နဲ့ ဆုံးဖြတ်တတ်လာတာ သဘာဝပါ ……ဖြစ်ရတဲ့ အကြောင်းရင်းက တဖက်ကလေးနက်သလောက်တဖက်က အသိမှတ်မပြုရင် ပေါ့လျော့သွားတာ ထုံးစံပါ ။ဒါကြောင့် ဟိုအရင်ခေတ်တွေတုန်းကလို စာတစ်တန်ပေတစ်တန် ခေတ်မဟုတ်တော့တဲ့ ယနေ့ခေတ်ကြီးမှာမိမိချစ်သူ / အိမ်ထောင်ဖက်တွေအပေါ် တန်ဖိုးထားမြတ်နိုးတယ်ဆို ……မိမိဘာလုပ်နေတယ် ‘ ဘယ်ရောက်နေတယ်သာကြောင်းမာကြောင်းလေးကို ဖုန်းဆက်ပြောဖို့အခြေနေမပေးရင်တောင် message တစ်ကြောင်းလေးနဲ့အလေးနက်ထားကြောင်း ပြဖို့ ဝန်မလေး ကြပါနဲ့ ။ကိုယ်ပို့လိုက်တဲ့ message လေးတစ်ကြောင်းဟာတဖက်လူအပေါ် ပိုပြီးလေးနက်လာစေနိုင်သလိုဝေးရမဲ့အကြောင်းအရာတွေကိုတောင် ချေဖျက်နိုင်ပါတယ် ။တဖက်လူရဲ့ မျက်ရည်ကိုတောင် message လေးတစ်ကြောင်းနဲ့သုပ်ပေးနိုင်စွမ်းရှိတယ် ဆိုတာလည်းမမေ့ပါနဲ့ ။ချစ်သူတိုင်း အလေးနက်တန်ဖိုးထားတတ်ကြပါစေ ။UnicodeMESSAGES လေးတွေရဲ့တန်ဖိုးချစ်သူတွေကြားမှာဖြစ်စေ ” လင်မယားတွေကြားမှာဖြစ်စေကိုယ်ဘယ်ရောက်နေတယ်.. ဘာလုပ်နေတယ်ဆိုတဲ့..massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦးဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။တကယ်တော့လူတွေပြောနေကြတဲ့ ” ချစ်တယ် ” ဆိုတဲ့စကားဟာ လူတစ်ဦးနဲ့တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီးရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေသူငါ့ အေပၚတကယ္ခ်စ္ပါလား ” သူ ငါ့ကိုတကယ္ခ်စ္တာပါ ”ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့အလေးအနက်ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့အမှန်ပါ ။ဂရုစိုက်ခြင်း ‘ ကြင်နာယုယခြင်း ‘ နွေးထွေးတဲ့မေတ္တာတရားစသဖြင့် အကြောင်းတရားတွေဟာ ” အချစ် ” ဆိုတဲ့ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။ဒါပေမဲ့ တချို့တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘူး ရပ်တန့်နေခဲ့တယ် ။ကိုယ့်ရဲ့ အဖော်မွန်ကို ဘယ်လို ဂရုစိုက်ပေးရမလည်း !ဘယ်လိုထိန်းသိမ်းရမလည်း ! သူ့ဖက်က ကိုယ့်အပေါ်ဘယ်လိုနေစေချင်လည်း တစ်ခုမှ မလုပ်တော့ဘူး သိဖို့လည်း မကြိုးစားကြတော့ဘူး ။ငါ သူ့အပေါ်သစ္စာရှိနေတာပဲ ငါ့ အချစ်တွေကို အားလုံးပေးထားတာပဲ ဒီလောက်ဆို ပြည့်စုံပြီလို့ ခံယူထားကြပါတယ် ။ဒါဟာ လုံးဝ လွဲမှားတဲ့အယူဆပဲ ဖြစ်ပါတယ် ။လူတစ်ယောက်ကို ကိုယ့်ရဲ့ထာဝရအဖော်မွန်အဖြစ်ရွေးချယ်ထားပြီးသားဆို ဖာသိဖာသာ လုပ်ရပ်မျိုးရှောင်ကျဉ်ပါ ။ကိုယ့်ဖက်က ဘယ်လိုအကြောင်းပဲရှိရှိကိုယ့်လက်တွဲဖော်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ . – ကိုယ်ဘယ်လို အခက်ခဲဖြစ်နေတယ်ဆိုတာယုံကြည်စွာနဲ့ တိုင်ပင်ပါ .ကိုယ့်ဖက်က သူ့အပေါ် အချစ်ပိုတယ်ဆိုပြီးအရင်လို နေမြဲအတိုင်း နေတဲ့ အကျင့်ကိုပြုပြင်ပါ .ကိုယ်ဘယ်ရောက်နေတယ်ဆိုတာကိုလှမ်ပြီး အသိပေးတဲ့ အကျင့်လုပ်ပါ ။မိမိအရင် တစ်ကိုယ်ထဲဘဝကလို နေမြဲအတိုင်းနေမိလို့မရတော့ပါဘူး ။ကိုယ့်ဘေးက အဖော်မွန်အတွက် ထည့်စဉ်းစားပေးရပါမယ် ။အရင်းနှီးဆုံးလူဖြစ်သွားရင် ” ချစ်တယ် ” ဆိုတဲ့စကားကိုထပ်ခါပြောနေမဲ့အစား ဂရုတစိုက်နဲ့ အလေးနက်ရှိကြောင်းသာ ပြပါ ။မိမိချစ်သူအပေါ် ဂရုတစိုက်နဲ့အလေးနက်ထားရမယ်ဆိုတာတစ်ဘဝစာရွေးချယ်ထားတဲ့သူတိုင်း အကြွင်းမဲ့ လိုက်နာသင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ် ။တစ်ဦးနဲ့တစ်ဦး အချစ်က စတင်လာပြီး မေတ္တာတွေ အပြန်အလှန်ထားမိလာမယ် ! နွေးထွေးကြင်နာတဲ့ဆက်ဆံရေးတွေ တည်ဆောက်မယ် ! အပြန်အလှန်နားလည်မှုနဲ့တစ်ယောက်အပေါ်တစ်ဦးက အလေးနက်ထား ဖို့ပဲလိုအပ်တော့တာပါ ။အချစ်ဆိုတဲ့စကားထက်လေးနက်စေတဲ့ အခြေအနေကိုရယူကြဖို့ပဲ လိုအပ်တော့တယ်လို့မြင်ပါတယ် ။ဥပမာ – မိမိဘယ်လောက်အလုပ်ရှုပ်နေပါစေ messageလေးတစ်ကြောင်းနဲ့ အသိပေးဖို့ ဝန်မလေးပါနဲ့ ။အမှန်တကယ် အချစ်စစ်စစ်နဲ့ချစ်ကြပြီး တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် သစ္စာရှိပါတယ် ပြောပြောတစ်ဘဝစာ လက်တွဲဖော်အဖြစ် ရွေးချယ်ထားသည် ဖြစ်စေ …တဖက်လူက လေးနက်တဲ့ ဆက်ဆံရေးပေးပြီး နားလည်မှုအပြည့်ရှိပေမဲ့ ကိုယ့်ဖက်က အချစ်အားလုံး ပေးထားတယ်သူ့အချစ်အားလုံး ငါပိုင်ထားတယ် ဆိုတဲ့ စိတ်နဲ့ ဖာသိဖာသာနေတာများရင် လမ်းခွဲရဖို့က ရာခိုင်နှုန်းများသွားပါလိမ့်မယ်တဖက်က တွေးလာပါလိမ့်မယ် ” ငါ့အပေါ် ချစ်တော့ချစ်တယ်အလေးအနက်ကျ မရှိပါလား ” ဆိုတဲ့အတွေးအဲ့ဒီအချိန် အချစ်ဆိုတဲ့အရာက ဘာမှအရေးမပါတော့ပါဘူးမှန်ပါတယ် ရင်ဘတ်ကိုရင်းထားရင် ရင်ဘတ်ကသိလာပြီးဦးနှောက်နဲ့ ဆုံးဖြတ်တတ်လာတာ သဘာဝပါ ……ဖြစ်ရတဲ့ အကြောင်းရင်းက တဖက်ကလေးနက်သလောက်တဖက်က အသိမှတ်မပြုရင် ပေါ့လျော့သွားတာ ထုံးစံပါ ။ဒါကြောင့် ဟိုအရင်ခေတ်တွေတုန်းကလို စာတစ်တန်ပေတစ်တန် ခေတ်မဟုတ်တော့တဲ့ ယနေ့ခေတ်ကြီးမှာမိမိချစ်သူ / အိမ်ထောင်ဖက်တွေအပေါ် တန်ဖိုးထားမြတ်နိုးတယ်ဆို ……မိမိဘာလုပ်နေတယ် ‘ ဘယ်ရောက်နေတယ်သာကြောင်းမာကြောင်းလေးကို ဖုန်းဆက်ပြောဖို့အခြေနေမပေးရင်တောင် message တစ်ကြောင်းလေးနဲ့အလေးနက်ထားကြောင်း ပြဖို့ ဝန်မလေး ကြပါနဲ့ ။ကိုယ်ပို့လိုက်တဲ့ message လေးတစ်ကြောင်းဟာတဖက်လူအပေါ် ပိုပြီးလေးနက်လာစေနိုင်သလိုဝေးရမဲ့အကြောင်းအရာတွေကိုတောင် ချေဖျက်နိုင်ပါတယ် ။တဖက်လူရဲ့ မျက်ရည်ကိုတောင် message လေးတစ်ကြောင်းနဲ့သုပ်ပေးနိုင်စွမ်းရှိတယ် ဆိုတာလည်းမမေ့ပါနဲ့ ။ချစ်သူတိုင်း အလေးနက်တန်ဖိုးထားတတ်ကြပါစေ ။