Health Knowledge

ကိုယ့္⁠ေရွ႕မွာ ဓာတ္လိုက္⁠ေနတဲ့သူကို ⁠ေတြ႕ရင္ ဒီလိုအသက္ကယ္ပါ

ဓာတ္လိုက္ တဲ့သူကို ဘယ္လိုကူညီၾကမလဲ

ေႁမြကိုက္ရင္ ေျဖေဆးရွိတယ္။ ဓာတ္လိုက္ ရင္ ေျဖေဆးမရွိဘူး ဆိုတာ တကယ္ပါပဲ။ ဓာတ္လိုက္ တယ္လို႔ေျပာရင္ မ်က္စိထဲမွာ ေျပးျမင္ၾကတာက အုန္းခနဲ ေပါက္ကြဲၿပီး တစ္ကိုယ္လုံး မည္းသည္းတဲ့ သူကိုပါ။ ဒါက ျပင္းထန္ တဲ့ အေျခအေနပါ။ သာမန္ အိမ္မွာ လွ်ပ္စစ္ပစၥည္းေတြ ကိုင္ရင္း က်ဥ္ခနဲ ျဖစ္သြားတာလည္း ဓာတ္လိုက္ တာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဓာတ္လိုက္တာက အေရးႀကီးတဲ့အတြက္ သူသူကိုယ္ကိုယ္ ႀကဳံလာခဲ့ရင္ သာမန္လူ တစ္ ေယာက္အေနနဲ႔ လုပ္ေပးႏိုင္တာေလးေတြကို ရွင္းျပေပးပါမယ္။

ဓာတ္လိုက္ တယ္ဆိုတာ ဘာလဲ။

လွ်ပ္စီးေၾကာင္းက ခႏၶာကိုယ္ကို ျဖတ္သြားတဲ့အခါ ဓာတ္လိုက္တယ္ဆိုတာ ျဖစ္လာပါတယ္။ ခႏၶာကိုယ္ရဲ႕ အတြင္းေရာ၊ အျပင္ေရာ ထိခိုက္တဲ့အျပင္ ကိုယ္တြင္းအဂၤါပါ ပ်က္စီးတတ္ပါတယ္။ ဓာတ္လိုက္ေစတဲ့ ပစၥည္းေတြကေတာ့

အိမ္သုံးပစၥည္းေတြ

ဓာတ္ႀကိဳးေတြ

စက္ပစၥည္းေတြ

ေနာက္ဆုံး မိုးႀကိဳးပစ္ခံရတာကိုလည္း ဓာတ္လိုက္တယ္လို႔ပဲ သတ္မွတ္ပါတယ္။

ဓာတ္လိုက္တာ ျပင္းထန္လား ဆိုတာေတာ့ ေအာက္က အေျခအေနေတြေပၚ မူတည္ပါတယ္။

ဗို႔အား

ဘယ္ေလာက္ၾကာၾကာ ဓာတ္လိုက္တာလဲ

နဂို က်န္းမာေရး အေျခအေန

ခႏၶာကိုယ္ရဲ႕ ဘယ္ကို ျဖတ္စီးသြားတာလဲ

လွ်ပ္စီးအမ်ိဳးအစား (ACက DCထက္ပို ျပင္းထန္ပါယ) စတဲ့ အခ်က္ေတြ အေပၚမူတည္ပါတယ္။

ဓာတ္လိုက္တဲ့ လူတိုင္းက အေရးေပၚေစာင့္ေရွာက္မႈ လိုအပ္တာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဓာတ္လိုက္ၿပီးရင္ ဆရာဝန္နဲ႔ ျပဖို႔ေတာ့လိုပါတယ္။ ကိုယ္တြင္းအဂၤါေတြ ထိမထိဆိုတာ အျပင္ကေန ၾကည့္႐ုံနဲ႔ မသိႏိုင္ပါဘူး။

ဓာတ္လိုက္ ရင္ဘယ္လိုမ်ိဳးေတြ ခံစားရမွာလဲ။

ဓာတ္အားနည္းရင္ေတာ့ သာမန္က်ဥ္တာ၊ ပူတာ၊ နီတာ ေလာက္ပဲ ခံစားရမွာပါ။ ဒီထက္ပိုဆိုးရင္ေတာ့

သတိလစ္တာ

ျကြက္တက္တာ

ထုံတာ၊ က်ဥ္တာ

အသက္မရႉႏိုင္တာ

ေခါင္းကိုက္တာ

အျမင္၊ အၾကားထိခိုက္တာ

မီးေလာင္သလိုျဖစ္တာ

တက္တာ

ႏွလုံးခုန္မမွန္တာေတြ ျဖစ္တတ္ပါတယ္။

တစ္ခါတစ္ေလ compartment syndrome လို႔ ေခၚတဲ့ ႂကြက္သားေတြ ပ်က္စီးၿပီး ေျခေတြ လက္ေတြ ေရာင္ရမ္းတာ ျဖစ္တတ္ပါတယ္။ ဒီလို ေရာင္ရမ္းတာေတြေၾကာင့္ ေသြးေၾကာေတြကို ဖိမိတဲ့အခါ ဆိုး႐ြားတဲ့ ေနာက္ဆက္တြဲေတြ ျဖစ္လာမွာပါ။ ၿပီးေတာ့ ဒါက ဓာတ္လိုက္ၿပီးၿပီးခ်င္း မသိႏိုင္ပါဘူး။ ေနာက္မွ တျဖည္းျဖည္း ေပၚလာတဲ့အတြက္ ဓာတ္လိုက္ၿပီးရင္လည္း ေျခေတြ လက္ေတြကို ဂ႐ုစိုက္ ၾကည့္ရမွာပါ။

ဓာတ္လိုက္ ရင္အေရးေပၚဘာလုပ္ၾကမလဲ။

တစ္ေယာက္ေယာက္ ဓာတ္လိုက္ၿပီဆိုရင္ အရင္ဆုံးလုပ္ရမွာက ဓာတ္လိုက္တဲ့ဒဏ္ကို နည္းႏိုင္သမွ် နည္းေအာင္ လုပ္ရမွာပါ။

ကိုယ္ကိုယ္တိုင္ ဓာတ္လိုက္ရင္ခဲ့ရင္

ကိုယ္ကိုယ္တိုင္ ဓာတ္လိုက္လိုက္ရင္ေတာ့ လုပ္ရကိုင္ရခက္မွာပါ။ ဒါေပမယ့္ ဓာတ္လိုက္ၿပီလို႔ သိတာနဲ႔ ေအာက္ကအတိုင္းလိုက္လုပ္ပါ။

ဓာတ္လိုက္ေစတဲ့ ပစၥည္းကို ခ်က္ခ်င္း လႊတ္လိုက္ပါ။

ၿပီးရင္ ေဆး႐ုံကားခ်က္ခ်င္း ေခၚပါ။

ကိုယ္တိုင္မေၚႏိုင္ရင္ သူမ်ားကို အကူအညီေတာင္းပါ။

ဓာတ္လိုက္တဲ့ ေနရာကေန ေဝးေဝးေနပါ။

သိပ္မျပင္းထန္ဘူးဆိုရင္ ဘာမွမျဖစ္ရင္ေတာင္ ဆရာဝန္နဲ႔ ျပသပါ။ အတြင္းဒဏ္ေတြက ဒီတိုင္းၾကည့္႐ုံနဲ႔ မသိႏိုင္ပါဘူး။

အပူေလာင္တဲ့ ေနရာရွိရင္ ပိုးသတ္ထားတဲ့ ပိတ္က်ဲစ (gauze) နဲ႔ ကပ္ပါ။ ပလာစတာ မကပ္ပါနဲ႔။

တျခားတစ္ေယာက္ ဓာတ္လိုက္ခဲ့ရင္

တျခားတစ္ေယာက္ကို ကူညီရင္း ကိုယ္ပါ ဓာတ္မလိုက္ဖို႔ သတိထားရမွာပါ။

ဒါေၾကာင့္ ဓာတ္လိုက္ေနတဲ့သူကို ဓာတ္လိုက္တဲ့ ပစၥည္းကို မလႊတ္မခ်င္း သူ႔ကို မထိပါနဲ႔။

ေနာက္ထပ္ ဓာတ္မလိုက္ႏိုင္ဘူးလို႔ ယူဆရင္ ဓာတ္လိုက္ထားတဲ့သူကို ေနရာမေ႐ြ႕ပါနဲ႔။

တတ္ႏိုင္ရင္ မီးခလုတ္ကို ပိတ္လိုက္ပါ။ မပိတ္ႏိုင္ဘးထင္ရင္ သစ္သား ဒါမွမဟုတ္ ရာဘာ ပစၥည္း တစ္ခုခုကိုသုံးၿပီး ဓာတ္လိုက္ေစတဲ့ ပစၥည္းနဲ႔ လူကို ခြာထုတ္လိုက္ပါ။ ေရစိုေနတဲ့ ပစၥည္းေတြ၊ သတၱဳေတြကို မသုံးပါနဲ႔။

ဗို႔အားျပင္းျပင္းနဲ႔ ဓာတ္လိုက္တယ္၊ လိုက္ေနတုန္းပဲဆိုရင္ ေပ၂၀အကြာမွာ ေနပါ။

မိုးႀကိဳးပစ္ခံရတာ ျဖစ္ျဖစ္၊ ဓာတ္ႀကိဳးနဲ႔ ဓာတ္လိုကတာပဲ ျဖစ္ျဖစ္ သက္ဆိုင္ရာကို အေၾကာင္းၾကားပါ။

ဓာတ္လိုက္ၿပီးေတာ့ အသက္ရႉရခက္တယ္၊ သတိလစ္တယ္၊ တက္တယ္၊ ရင္တုန္တယ္ဆိုရင္ ေဆး႐ုံကား ေခၚပါ။

အသက္မရႉဘူး၊ ႏွလုံးမခုန္ေတာ့ဘူးဆိုရင္ အေရးေပၚအသက္ကယ္နည္းကို စလုပ္ပါ။

ျဖဴေဖ်ာ့ၿပီး ေသြးဆုတ္ေနသလို ျဖစ္ေနတယ္ဆိုရင္ သြးလန္႔ေနတာပါ။ ေျခေထာက္ကို နည္းနည္းေျမႇာက္ထားေပးပါ။

ေလာင္တဲ့ ေနရာရွိရင္ ပိုးသတ္ထားတဲ့ ပိတ္က်ဲစ (gauze) နဲ႔ ကပ္ပါ။ ပလာစတာ မကပ္ပါနဲ႔။

လူကို ေႏြးေႏြးေထြးေထြးထားပါ။

ဘယ္လိုကုသၾကမလဲ။

ဒဏ္ရာမျပင္းဘူးဆိုရင္ေတာင္ အတြင္းဒဏ္ ရွိမရွိသိဖို႔ ဆရာဝန္နဲ႔ျပရမွာပါ။ ထိခိုက္တဲ့ေပၚမူတည္ၿပီး ကုတဲ့နည္းေတြ အမ်ားႀကီးရွိပါတယ္။ ဥပမာေျပာရရင္

မီးေလာင္ဒဏ္ရာကို ကုသတာ

အနာသက္သာေအာင္ ေဆးေပးတာ

ပုလင္းခ်ိတ္တာ

ဓာတ္လိုက္တဲ့ ပစၥည္း၊ ျဖစ္တဲ့ေပၚမူတည္ၿပီး ေမးခိုင္ကာကြယ္ေဆးထိုးတာ

ျပင္းထန္တယ္ဆိုရင္ေတာ့ ေဆး႐ုံတက္ရမွာပါ။ ေဆး႐ုံတက္ၿပီး ႏွလုံးထိခိုက္မႈရွိမရွိ တျခားထိခိုက္မႈရွိမရွိေစာင့္ၾကည့္ရမွာပါ။

ေရရွည္မွာ ထိခိုက္မႈရွိႏိုင္လား။

တခ်ိဳ႕ေသာ ဓာတ္လိုက္တာေတြက နာတာရွည္ထိခိုက္မႈ ရွိႏိုင္ပါတယ္။ ဥပမာေျပာရရင္ ျပင္းျပင္းထန္ထန္ မီးေလာင္ခဲ့ရင္ ေသရာပါ အမာ႐ြတ္ က်န္ခဲ့မွာပါ။ လွ်ပ္စီးဓာတ္က မ်က္လုံးကို ျဖတ္သြားရင္ အတြင္းတိမ္ ျဖစ္က်န္ခဲ့မွာပါ။

တခ်ိဳ႕ေတြက်ေတာ့လည္း ထုံတာ၊ က်ဥ္တာ၊ နာတာ စတာေတြ က်န္ခဲ့မွာပါ။

ကေလးေတြမွာဆို ဝါယာႀကိဳးေတြ ဝါးၿပီး ဓာတ္လိုက္ရာက ႏႈတ္ခမ္းကို ဒဏ္ရာရတတ္ပါတယ္။ အနာေဖးကြာရင္လည္း ေသြးအမ်ားႀကီးထါက္တတ္ပါတယ္။ စိတ္မပူပါနဲ႔။ ဒါက ပုံမွန္ပါပဲ။ ႏႈတ္ခမ္းပတ္လည္က အစကတည္းက ေသြးေၾကာေတြ မ်ားလို႔ပါ။

ဓာတ္လိုက္တာက အခန္႔မသင့္ရင္ ေသတတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္မီ ကုသႏိုင္ဖို႔ အေရးႀကီးပါတယ္။ သိပ္ျပင္းထန္တယ္ ထင္ရင္ အေရးေပၚကို ခ်က္ခ်င္း ဆက္သြယ္ပါ။ မျပင္းထန္ဘူးဆိုရင္ေတာင္မွ တျခားကိုယ္မသိႏိုင္တဲ့ ဒဏ္ရာေတြ ရွိႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ ျပဖို႔မေမ့ပါနဲ႔။

Credit

Unicode

ဓာတ်လိုက် တဲ့သူကို ဘယ်လိုကူညီကြမလဲ

မြွေကိုက်ရင် ဖြေဆေးရှိတယ်။ ဓာတ်လိုက် ရင် ဖြေဆေးမရှိဘူး ဆိုတာ တကယ်ပါပဲ။ ဓာတ်လိုက် တယ်လို့ပြောရင် မျက်စိထဲမှာ ပြေးမြင်ကြတာက အုန်းခနဲ ပေါက်ကွဲပြီး တစ်ကိုယ်လုံး မည်းသည်းတဲ့ သူကိုပါ။ ဒါက ပြင်းထန် တဲ့ အခြေအနေပါ။ သာမန် အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ ကိုင်ရင်း ကျဉ်ခနဲ ဖြစ်သွားတာလည်း ဓာတ်လိုက် တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဓာတ်လိုက်တာက အရေးကြီးတဲ့အတွက် သူသူကိုယ်ကိုယ် ကြုံလာခဲ့ရင် သာမန်လူ တစ် ယောက်အနေနဲ့ လုပ်ပေးနိုင်တာလေးတွေကို ရှင်းပြပေးပါမယ်။

ဓာတ်လိုက် တယ်ဆိုတာ ဘာလဲ။

လျှပ်စီးကြောင်းက ခန္ဓာကိုယ်ကို ဖြတ်သွားတဲ့အခါ ဓာတ်လိုက်တယ်ဆိုတာ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ အတွင်းရော၊ အပြင်ရော ထိခိုက်တဲ့အပြင် ကိုယ်တွင်းအင်္ဂါပါ ပျက်စီးတတ်ပါတယ်။ ဓာတ်လိုက်စေတဲ့ ပစ္စည်းတွေကတော့

အိမ်သုံးပစ္စည်းတွေ

ဓာတ်ကြိုးတွေ

စက်ပစ္စည်းတွေ

နောက်ဆုံး မိုးကြိုးပစ်ခံရတာကိုလည်း ဓာတ်လိုက်တယ်လို့ပဲ သတ်မှတ်ပါတယ်။

ဓာတ်လိုက်တာ ပြင်းထန်လား ဆိုတာတော့ အောက်က အခြေအနေတွေပေါ် မူတည်ပါတယ်။

ဗို့အား

ဘယ်လောက်ကြာကြာ ဓာတ်လိုက်တာလဲ

နဂို ကျန်းမာရေး အခြေအနေ

ခန္ဓာကိုယ်ရဲ့ ဘယ်ကို ဖြတ်စီးသွားတာလဲ

လျှပ်စီးအမျိုးအစား (ACက DCထက်ပို ပြင်းထန်ပါယ) စတဲ့ အချက်တွေ အပေါ်မူတည်ပါတယ်။

ဓာတ်လိုက်တဲ့ လူတိုင်းက အရေးပေါ်စောင့်ရှောက်မှု လိုအပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်လိုက်ပြီးရင် ဆရာဝန်နဲ့ ပြဖို့တော့လိုပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ထိမထိဆိုတာ အပြင်ကနေ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။

ဓာတ်လိုက် ရင်ဘယ်လိုမျိုးတွေ ခံစားရမှာလဲ။

ဓာတ်အားနည်းရင်တော့ သာမန်ကျဉ်တာ၊ ပူတာ၊ နီတာ လောက်ပဲ ခံစားရမှာပါ။ ဒီထက်ပိုဆိုးရင်တော့

သတိလစ်တာ

ကြွက်တက်တာ

ထုံတာ၊ ကျဉ်တာ

အသက်မရှူနိုင်တာ

ခေါင်းကိုက်တာ

အမြင်၊ အကြားထိခိုက်တာ

မီးလောင်သလိုဖြစ်တာ

တက်တာ

နှလုံးခုန်မမှန်တာတွေ ဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေ compartment syndrome လို့ ခေါ်တဲ့ ကြွက်သားတွေ ပျက်စီးပြီး ခြေတွေ လက်တွေ ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။ ဒီလို ရောင်ရမ်းတာတွေကြောင့် သွေးကြောတွေကို ဖိမိတဲ့အခါ ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ပြီးတော့ ဒါက ဓာတ်လိုက်ပြီးပြီးချင်း မသိနိုင်ပါဘူး။ နောက်မှ တဖြည်းဖြည်း ပေါ်လာတဲ့အတွက် ဓာတ်လိုက်ပြီးရင်လည်း ခြေတွေ လက်တွေကို ဂရုစိုက် ကြည့်ရမှာပါ။

ဓာတ်လိုက် ရင်အရေးပေါ်ဘာလုပ်ကြမလဲ။

တစ်ယောက်ယောက် ဓာတ်လိုက်ပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ဓာတ်လိုက်တဲ့ဒဏ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမှာပါ။

ကိုယ်ကိုယ်တိုင် ဓာတ်လိုက်ရင်ခဲ့ရင်

ကိုယ်ကိုယ်တိုင် ဓာတ်လိုက်လိုက်ရင်တော့ လုပ်ရကိုင်ရခက်မှာပါ။ ဒါပေမယ့် ဓာတ်လိုက်ပြီလို့ သိတာနဲ့ အောက်ကအတိုင်းလိုက်လုပ်ပါ။

ဓာတ်လိုက်စေတဲ့ ပစ္စည်းကို ချက်ချင်း လွှတ်လိုက်ပါ။

ပြီးရင် ဆေးရုံကားချက်ချင်း ခေါ်ပါ။

ကိုယ်တိုင်မေါ်နိုင်ရင် သူများကို အကူအညီတောင်းပါ။

ဓာတ်လိုက်တဲ့ နေရာကနေ ဝေးဝေးနေပါ။

သိပ်မပြင်းထန်ဘူးဆိုရင် ဘာမှမဖြစ်ရင်တောင် ဆရာဝန်နဲ့ ပြသပါ။ အတွင်းဒဏ်တွေက ဒီတိုင်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။

အပူလောင်တဲ့ နေရာရှိရင် ပိုးသတ်ထားတဲ့ ပိတ်ကျဲစ (gauze) နဲ့ ကပ်ပါ။ ပလာစတာ မကပ်ပါနဲ့။

တခြားတစ်ယောက် ဓာတ်လိုက်ခဲ့ရင်

တခြားတစ်ယောက်ကို ကူညီရင်း ကိုယ်ပါ ဓာတ်မလိုက်ဖို့ သတိထားရမှာပါ။

ဒါကြောင့် ဓာတ်လိုက်နေတဲ့သူကို ဓာတ်လိုက်တဲ့ ပစ္စည်းကို မလွှတ်မချင်း သူ့ကို မထိပါနဲ့။

နောက်ထပ် ဓာတ်မလိုက်နိုင်ဘူးလို့ ယူဆရင် ဓာတ်လိုက်ထားတဲ့သူကို နေရာမရွေ့ပါနဲ့။

တတ်နိုင်ရင် မီးခလုတ်ကို ပိတ်လိုက်ပါ။ မပိတ်နိုင်ဘးထင်ရင် သစ်သား ဒါမှမဟုတ် ရာဘာ ပစ္စည်း တစ်ခုခုကိုသုံးပြီး ဓာတ်လိုက်စေတဲ့ ပစ္စည်းနဲ့ လူကို ခွာထုတ်လိုက်ပါ။ ရေစိုနေတဲ့ ပစ္စည်းတွေ၊ သတ္တုတွေကို မသုံးပါနဲ့။

ဗို့အားပြင်းပြင်းနဲ့ ဓာတ်လိုက်တယ်၊ လိုက်နေတုန်းပဲဆိုရင် ပေ၂၀အကွာမှာ နေပါ။

မိုးကြိုးပစ်ခံရတာ ဖြစ်ဖြစ်၊ ဓာတ်ကြိုးနဲ့ ဓာတ်လိုကတာပဲ ဖြစ်ဖြစ် သက်ဆိုင်ရာကို အကြောင်းကြားပါ။

ဓာတ်လိုက်ပြီးတော့ အသက်ရှူရခက်တယ်၊ သတိလစ်တယ်၊ တက်တယ်၊ ရင်တုန်တယ်ဆိုရင် ဆေးရုံကား ခေါ်ပါ။

အသက်မရှူဘူး၊ နှလုံးမခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စလုပ်ပါ။

ဖြူဖျော့ပြီး သွေးဆုတ်နေသလို ဖြစ်နေတယ်ဆိုရင် သွးလန့်နေတာပါ။ ခြေထောက်ကို နည်းနည်းမြှောက်ထားပေးပါ။

လောင်တဲ့ နေရာရှိရင် ပိုးသတ်ထားတဲ့ ပိတ်ကျဲစ (gauze) နဲ့ ကပ်ပါ။ ပလာစတာ မကပ်ပါနဲ့။

လူကို နွေးနွေးထွေးထွေးထားပါ။

ဘယ်လိုကုသကြမလဲ။

ဒဏ်ရာမပြင်းဘူးဆိုရင်တောင် အတွင်းဒဏ် ရှိမရှိသိဖို့ ဆရာဝန်နဲ့ပြရမှာပါ။ ထိခိုက်တဲ့ပေါ်မူတည်ပြီး ကုတဲ့နည်းတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင်

မီးလောင်ဒဏ်ရာကို ကုသတာ

အနာသက်သာအောင် ဆေးပေးတာ

ပုလင်းချိတ်တာ

ဓာတ်လိုက်တဲ့ ပစ္စည်း၊ ဖြစ်တဲ့ပေါ်မူတည်ပြီး မေးခိုင်ကာကွယ်ဆေးထိုးတာ

ပြင်းထန်တယ်ဆိုရင်တော့ ဆေးရုံတက်ရမှာပါ။ ဆေးရုံတက်ပြီး နှလုံးထိခိုက်မှုရှိမရှိ တခြားထိခိုက်မှုရှိမရှိစောင့်ကြည့်ရမှာပါ။

ရေရှည်မှာ ထိခိုက်မှုရှိနိုင်လား။

တချို့သော ဓာတ်လိုက်တာတွေက နာတာရှည်ထိခိုက်မှု ရှိနိုင်ပါတယ်။ ဥပမာပြောရရင် ပြင်းပြင်းထန်ထန် မီးလောင်ခဲ့ရင် သေရာပါ အမာရွတ် ကျန်ခဲ့မှာပါ။ လျှပ်စီးဓာတ်က မျက်လုံးကို ဖြတ်သွားရင် အတွင်းတိမ် ဖြစ်ကျန်ခဲ့မှာပါ။

တချို့တွေကျတော့လည်း ထုံတာ၊ ကျဉ်တာ၊ နာတာ စတာတွေ ကျန်ခဲ့မှာပါ။

ကလေးတွေမှာဆို ဝါယာကြိုးတွေ ဝါးပြီး ဓာတ်လိုက်ရာက နှုတ်ခမ်းကို ဒဏ်ရာရတတ်ပါတယ်။ အနာဖေးကွာရင်လည်း သွေးအများကြီးထါက်တတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒါက ပုံမှန်ပါပဲ။ နှုတ်ခမ်းပတ်လည်က အစကတည်းက သွေးကြောတွေ များလို့ပါ။

ဓာတ်လိုက်တာက အခန့်မသင့်ရင် သေတတ်ပါတယ်။ ဒါကြောင့် အချိန်မီ ကုသနိုင်ဖို့ အရေးကြီးပါတယ်။ သိပ်ပြင်းထန်တယ် ထင်ရင် အရေးပေါ်ကို ချက်ချင်း ဆက်သွယ်ပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ တခြားကိုယ်မသိနိုင်တဲ့ ဒဏ်ရာတွေ ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြဖို့မမေ့ပါနဲ့။

Credit