Knowledge

“မေမေ မကြွားတတ်ပါဘူး..” မျက်ရည်ကျစေလောက်မဲ့ စာလေမို့ မျှဝေပေးလိုက်ပါတယ်

“ဆရာ ဧည်သည်တွေ့ချင်လို့” ဆိုပြီး ရုံးက အစ်မ တစ်ယောက်က လာပြောတယ် ဆိုရင်ပဲ “လွှတ်လိုက်လေ အစ်မ၊ ဘာကိစ္စလို့ပြောတုန်း” ” ဘာမှတော့ မပြောဘူးဆရာ၊ ဆရာ့နာမည်မေးပြီး ဘယ်အခန်းလဲမေးလို့”“အေး အေး ဒါဆိုလဲ လွှတ်လိုက်ကွာ” လို့ ပြောလိုက်ပြီး မရှေးမနှောင်း မှာ ခန့်ခန့် ချောချော အမျိုးသမီးကြီးတစ်ဦးနှင့်အတူ အသက် (၃၀) ခန့် အမျိုးသား တစ်ဦး ရုံးခန်းထဲ ဝင်လာ တယ် ဆိုရင်ပဲ ကျွန်တော်က“အန်တီ ထိုင်ပါ၊ အစ်ကိုရော ထိုင်လေ ဘာကိစ္စရှိလဲဗျ၊

ကျွန်တော် ဘာများလုပ်ပေးရမလဲ” လို့ သူ့ကိုမေးရင်း တစ်ဆက်တည်း” အစ်မ‌ရေ… အန်တီတို့အတွက် ကော်ဖီလေး လုပ်ပေးစမ်းပါ” လို့ ဆိုလိုက်ရင်ပဲ ထိုအန်တီဘက်မှ ” သားရယ်…အန်တီက …… ပါ” လို့အစချီရင် အလုပ်ကိစ္စကို အဲ့တာလေ ….. ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ အနည်းငယ် ပြောပြီးတယ်ဆိုရင်ဘဲ ဘေးနားက အမျိုးသားဘက်ကိုလှည့်လို့“သားရေ ဒါက အန်တီ့သားလေ” ဆိုပြီး ပြောလိုက်တာ ကျွန်တော်လည်း အလုပ်ကမအား သော်ငြားလည်း ထိုအမျိုးသမီး ပြောသမျှကို ခပ်ပြုံးပြုံးနဲ့သာ နားထောင် နေမိတယ်။

ဘေးနားက သားဖြစ်သူကတော့ ကျွန်တော့ကို အားနာနေ ဟန်ရော သူ့မိခင်ရဲ့ ချီးမွှန်းခန်းတွေအတွက် ရှက်နေသလိုနဲ့ ခေါင်းကုတ်နေပုံကို ကြည့်လို့ ကျွန်တော်လည်း နောက်ဆုံး စကားဖြတ်တဲ့ အနေနဲ့“ အန်တီ ကော်ဖီလေး သောက်ထားနှင့်ပါအုံး…ကျွန်တော်လုပ်လက်စ အလုပ်လေး တစ်ခုရှိလို့ ခဏသွားလိုက်ပါအုံးမယ်” ဆိုပြီး ကျွန်တော့ အလုပ်လုပ်လက်စ ရှိရာ သို့ ထွက်ခဲ့တော့တယ်။သိပ်မကြာပါ …ကျွန်တော် အလုပ်လေးပြီးလို့ အလုပ်စားပွဲ ပြန်လာတယ် ဆိုရင်ဘဲ ကျွန်တော့အခန်းက အစ်မကို ” အစ်မ ဟိုသားအမိရော ” လို့ မေးလည်းမေးရော ” ခုနကပဲ ပြန်သွားတယ် ဆရာ” လို့ဖြေရင်း တစ်ဆက်တည်း” ဆရာကတော့ တော်တော်လေး ဒုက္ခခံနိုင်တာပဲ…

အလုပ်ကိစ္စကနည်းနည်း သူ့သားကို ချီးမွှန်းခန်းဖွင့်နေတာ ဆရာမို့ အဲ့လောက် အချိန်ပေးနားထောင်နေတယ်။ကျွန်မဖြင့် ဆရာ့ကိုကြည့်ပြီး ရယ်ချယ်တာ မနည်းထိန်းထားရတယ်” လို့ ပြောတဲ့ အပြောအပေါ် ကျွန်တော်ပြုံးရင်း ကျွန်တော့ ပါးပြင်ပေါ် မျက်ရည်စက် အချို့ အလိုလိုစီးကျလာတာကြောင့် ရုံးစားပွဲအရှေ့ က လုပ်ဖော်ကိုင်ဖက်တွေ မရိပ်မိအောင် ဆုံလည် ကုလားထိုင် ကို နောက်သို့ အလိုက်သင့်လှည့်ရင်း….ကျွန်တော် သူမကို စူစူးနစ်နစ် သတိရမိသည်။ပြီးတော့ …ကျွန်တော်ဘာ့ကြောင့် အလုပ်ထက် ဘေးနားက သားတစ်ယောက်ကို ချီးမွှန်းခန်းဖွင့်နေသော အမျိုးသမီး၊ သူမရဲ့ သားအပေါ် ထားရှိသော ဂုဏ်၊သူမရဲ့ ပြောစကားတွေဟာ သာမာန်အနေနဲ့ ကြည့်မယ် ဆိုရင် ဝေဖန်ချင်စရာဖြစ်ပေမယ့်

မိခင်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သား၊ ဘယ်သမီးအပေါ်မဆို နည်းနည်းလေးလောက် ကြိုးစားတာနဲ့ ကြွားဝါချင်သောမိခင်တို့ရဲ့ စိတ်ကို နားလည်သော ကျွန်တော် သူမရဲ့ စကား အချို့ကို ပြန်လည်ကြားယောင်လို့ ကျွန်တော် နှုတ်က မခေါ်ရတာ ကြာပီဖြစ်သော သူမရဲ့ အမည်နာမကို ခပ်ဖွဖွဆိုရင်း ……ဒီနေ့…ကျွန်တော် ပထမတန်းမှာ ဒုတိယဆုရသဖြင့် ဆုယူရမည် ဖြစ်သောနေ့ ဆုယူဖို့ မတိုင်ခင်ကတည်းက ကျွန်တော့အမေက (၇) နှစ်သားလောက် ကျွန်တော့ အတွက် ထိုစဉ်အခါက တိုက်ပုံအင်္ကျီနဲ့ ပုဆိုးကို ကြံကြံဖန်ဖန်ချုပ်လို့ ဆုပေးပွဲ ကို သွားတယ်ဆိုရင်ဘဲကျောင်းရောက်ပြီးဆိုကတည်းက ဆုလာယူကြတဲ့ အခြားမိဘတွေကိုရော၊ ကျောင်းက ဆရာမ တွေကိုရော ” ကျွန်မသားလေးက အိမ်မှာ စာဘယ်လိုကြိုးစားတာ ဘာဖြစ်တာ၊ ညာဖြစ်တာ ” ဆိုပြီး ပြောတဲ့အမေ့ကို ထိုအချိန်က ကလေးပီပီမြင်ရုံ လောက်ကလွဲလွဲ့ အမေ့ကို သိပ်နားမလည်ခဲ့

ကျွန်တော် (၁၀)တန်းအောင်စာရင်းထွက်သောနေ့ …အမေ့ကို ကျွန်တော် အောင်ကြောင်း ပြောပြီးကတည်းက ကျွန်တော်ရှာမတွေ့တော့။ ပုံမှန်အချိန်ဆို ကိုယ့်အိမ်ကလွဲပြီး အိမ်မလည်တတ်သော ကျွန်တော့အမေ…..သေချာပါတယ်။ဒီနေ့တော့ သူမ အရပ်ထဲလှည့် လမ်းလျှောက်ပြီး သူမကို နှုတ်ဆက်ရာ အိမ်ဝင်တော့မည်။ ပြီးရင်တော့ “ငါ့သားလေးက (၁၀) တန်းကို နှစ်ချင်းပေါက်အောင်တာ၊ စာကိုလည်း အရမ်းကြိုးစားတယ်၊ဂုဏ်ထူးမပါပေမယ့် အမှတ်တော့ ကောင်းမှာပါ ” ဆိုပြီး ဘယ်သူမှ မမေးလည်း သူမရဲ့ အကျင့်အတိုင်း ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ ပြောတော့မယ်ဆိုတာ…ဒီလိုပဲ…ကျွန်တော် တက္ကသိုလ် တက်တုန်းက မုန့်ဖိုးလေးတွေ စုပြီး သူမအတွက် လုံခြည်၊ အကျီၤ ပိတ်စ ဝယ်လာတဲ့ အခါ

ထိုပိတ်စတွေကို တန်းယူပြီး အပ်ချုပ်ဆိုင် သွားတော့ တာပါပဲ…ပြီးတော့ တော်တော်နဲ့ သူမ ပြန်မလာတော့…သေချာပါတယ်။” သူမအတွက် သားက ဘယ်လိုဝယ်လာတာ ဘယ်လိုပုံစံလေး ချုပ်မယ်၊ ငယ်ငယ်တုန်းကဆို ဘယ်လိုဝတ်လိုက်မှာ” စတာတွေကို အစုံ ပြောပြီး အိမ်ကလူတွေ မေ့လောက်တယ်ရှိမှ သူမ ပြန်လာတတ် တယ်။မှတ်မှတ်ရရ ကျွန်တော် တက္ကသိုလ်တက်တုန်းက ကျွန်တော့အမေက ” သားရယ် အိမ်မှာ ယောကျာ်းလေးထဲမှာ ဘွဲ့ရ တစ်ယောက်မှ မရှိသေးဘူး၊ သားကျရင် ဘွဲ့ရမဘဲ ဘွဲ့လွန်တွေရအောင် ကြိုးစားပေးစမ်းပါ” လို့ ပြောခဲ့တာကြောင့်

အမေ စိတ်ချမ်းသာအောင် ကြိုးစားခဲ့လို့ အောင်စာရင်းမှာ မဟာတန်း တက်ခွင့်ရကြောင်း ထွက်တဲ့ နေ့ကကျွန်တော့အမေ အိမ်မှာကို ရှာမရတော့ ကျွန်တော်တို့ တွေးစရာမလို အမေ အိမ်တကာ လှည့်နေလောက်ပါပီလေ…ထိုစဉ်တုန်းက နယ်မြို့မှာလည်းဖြစ် မိန်းကလေး တောင် တော်ရုံ ဘွဲရလောက်ဆို ရပ်တဲ့ခေတ်မှာ တော်တော်များ များက ဆက်မထားဘို့ တားတဲ့အချိန်တုန်းကတောင် ” သူ့ကုသိုလ်ကံနဲ့ သူဘယ်လောက်ကုန်ကုန် ထားမယ်” ဆိုတဲ့ သူမအကြောင်း တွေးမိပြန်တယ်။ဒီလိုပဲ……ရာထူးဝန်စာမေးပွဲဖြေလို့ အောင်တုန်းကလည်း ကျွန်တော့ အမေ သူမရဲ့ အသွင်အပြင်ကို ပြန်ပြောပြရန်ပင် တော်တော် ခက်မည်ထင်မိတယ်။

အလုပ်လေး၊ အကိုင်လေးနဲ့ ဖြစ်လာတဲ့အခါ သူမအတွက် ကျောက်ဖြူ(ရရှားစိန်)နဲ့ နားကပ်လေး လုပ်ပေးတုန်းကလည်း…လက်ရှိဝတ်ထားတဲ့ သူမရဲ့ တန်ဖိုးကြီးတဲ့ နားကပ်ကိုချွတ်လို့ ” ငါ့သားငယ်လေးကလေ သူ့အမေ အတွက် ဆိုပြီး လုပ်ပေးတာ” လို့ တွေ့တဲ့ သူတိုင်း ပြောရတာအမော…သည်လို၊သည်လို ဖြစ်ရပ်များစွာနဲ့…သူမရဲ့ နောက်ဆုံးအချိန်မှာတောင်” ဘယ်သူကိုမှ အောက်ကျစရာ မလိုဘူး…ငါ့သားလေးကလေ သူ့အမေအတွက် ဆေးကုဖို့ဆိုပြီး ဆုထားတာ”သို့ပေမယ့် အရင်လိုတော့ သူမ လိုက်မပြောနိုင်တော့….ဒါပေမယ့်…..လူနာ လာမေးတဲ့သူတိုင်းကိုတော့ သူ့မကောင်းတဲ့ ကျန်းမာ ရေးထက်….” သားလေးကလေ…သားလေးကလေ……..” ဆိုတဲ့ သူမစာဖတ်သူသာ သူမပတ်ဝန်းကျင်က ဆိုရင်တော့ ” ဒီမိန်းမကြီး တော်တော်ကြွားတတ်တာ” လို့ ထင်မှာ မလွဲ တကယ်တော့….. သူမ မကြွားတတ်ပါ။ သူမ သာမက ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံး သား/သမီးနဲ့ ပတ်သက်လာရင် ဘယ်အမေမှ မကြွားတတ်ပါ….သူမတို့ သားသမီးတွေရဲ့ ကြိုးစားမှု…..သိတတ်မှုလေးတွေ ရှိတဲ့အခါ ဂုဏ်ယူတတ်ကျတာပါလို့ ဆိုရင်း…..အမေ မကြွားတတ်ပါ……..ဗျာ

Credit Original Writer

Unicode