သည်းခံခွင့်လွှတ်ခြင်းကို လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော ပိုသာယာတဲ့ဘဝတွေ တည်ဆောက်နိုင်ပါတယ်။ ဒါတွေကတော့ သည်းခံခွင့်လွှတ်လိုက်လို့ ရရှိလာမဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။၁။ နာကျင်မှု လျော့နည်းစေတယ်
ကိုယ်လက်နာကျင်ကိုက်ခဲမှုက တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုကို အခဲမကျေတာ ဒါမှမဟုတ်လည်း ကိုယ်မဟုတ်တာ တစ်ခုခုလုပ်မိလို့ မလုံမလဲဖြစ်နေတဲ့အခါ စိတ်က အရမ်းဖိအား များလာတတ်ပါတယ်။ ဒီအခါ တချို့က ကိုယ်လက်တွေ နာကျင်ကိုက်ခဲလာတတ်ကြပါတယ်။ ဒီအခါမှာ ကိုယ်က နားလည်ပေးမှု၊ ခွင့်လွှတ်ပေးလိုက်မှုတွေ လုပ်လိုက်ရင် ဒီဝေဒနာတွေ လျော့ပါးသွားစေတတ်တာကိုလည်း တွေ့ရမှာပါ။
၂။ သွေးတိုး ကျစေတယ်
ဒေါသစိတ်တွေ၊ မကျေနပ်ချက်တွေ လျော့ပါးသွားတာနဲ့အမျှ နှလုံးခုန်နှုန်းလည်း နှေးလာပြီး တစ်ဆက်တည်း သွေးပေါင်ချိန်ပါ ကျဆင်းလာပါတယ်။ ဒီလိုကျလာတာကြောင့် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့ နှလုံးရဲ့လုပ်ဆောင်မှုတွေနဲ့ စည်းချက် ညီလာစေပါတယ်။
၃။ စိတ်ဖိစီးမှု လျော့စေတယ်
ကိုယ့်စိတ်ထဲကဖြစ်စေ၊ မသိစိတ်ထဲကဖြစ်စေ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အခါ တွေးမိနေတဲ့အခါ စိတ်က အလိုလို ဖိစီးမှုဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်က ခွင့်လွှတ်ပေးလိုက်တဲ့အခါ စိတ်က ဝန်ပေါ့သွားသလိုပါပဲ၊ သူထမ်းထားရတဲ့ စိတ်ညစ်စရာအတွေးတွေ မရှိတော့တာကြောင့် လူကလည်း ပိုပြီး လန်းဆန်းသွားပါတယ်။
၄။ ရန်လိုစိတ် နည်းလာမယ်
သည်းခံတတ်တဲ့သူက ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုပါ ပိုပြီး နားလည်ပေးနိုင်ပါတယ်။ နေ့စဉ် သွားလာ လှုပ်ရှားနေတဲ့ကိစ္စတွေမှာ သည်းခံစိတ်လေး နည်းနည်းပိုထားလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို အများကြီး လျော့ချပေးနိုင်ပါတယ်။ ဥပမာ- ယာဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါ လူလည်း ဘာမှမဖြစ်သွားရင် ချက်ချင်းထိုးမယ်၊ ကြိတ်မယ် လုပ်မဲ့အစား အေးအေးဆေးဆေး ပြောဆိုရှင်းပြပေးပါ။ သင်ကစပြီး လက်ကမ်းလိုက်ရင် တစ်ဖက်လူကလည်း ဖြေလျော့သွားတတ်ပါတယ်။
၅။ ဒေါသစိတ်ကို ပိုထိန်း ချုပ်လာနိုင်မယ်
စိတ်ရှည်သည်းခံမှုကို ကျင့်သုံးလာတာနဲ့အမျှ နောက်ပိုင်း ဒေါသထွက်စရာကိစ္စတစ်ခု ကြုံလာတဲ့အခါမှာဆိုရင်တောင် အေးအေးဆေးဆေး ပြောဆို ဆွေးနွေးတတ်လာမှာပါ။ ဒီလိုဖြစ်အောင ်လေ့ကျင့်ချင်တယ်ဆိုရင်လည်း ဒေါသထွက်ထွက်ခြင်း ဘာမှ မပြောသေးဘဲ စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်ထိရေတာ၊ အပြင်ထွက်ပြီး လေကောင်းလေသန့်လေးရှူတာ စတဲ့နည်းလမ်းတွေ သုံးလို့ရပါတယ်။
၆။ နှလုံးခုန်နှုန်းလည်း နှေးလာမယ်
သည်းခံခွင့်လွှတ်ခြင်းက နှလုံးပေါ်မှာရှိတဲ့ ဖိအားကို လျှော့ချပေးနိုင်ပါတယ်။ ဒ့ါကြောင့် ရလဒ်အနေနဲ့ နှလုံးခုန်နှုန်းလည်း နှေးလာပါတယ်။၇။ အရက်၊ မူးယစ်ဆေးဝါး သောက်သုံးမှုလည်း လျော့ကျသွားစေတယ်
တစ်ခုခုကို မကျေနပ်တဲ့အခါ စိတ်ထဲမှာ အတွေးတွေ အရမ်းများနေလေ့ရှိပါတယ်၊ စိတ်ရှုပ်ထွေးနေတတ်ကြပါတယ်။ ဒီအခါ ပြတတ်တဲ့လက္ခဏာက အရက်ကို သောက်သင့်တာထက် ပိုသောက်တတ်ကြပါတယ်။ အချိန်မှီ မတားဆီးရင် အရက်စွဲတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။၈။ စိတ်ကျတဲ့လက္ခဏာတွေ လျော့ပါးသွားမယ်
အရက်သောက်တဲ့အပြင် စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးမှုများခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုကတော့ စိတ်ဓာတ်ကျခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ ကြောက်ဖို့ ကောင်းတဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းနဲ့လည်း ပတ်သတ်နေပါတယ်။ ခွင့်လွှတ်သည်းခံ စိတ်ထားခြင်းအားဖြင့် စိတ်ထဲက အစိုင်အခဲတွေ ပြေလည်သွားပြီး ကိုယ်ဆက်လျှောက်ရမယ့် လမ်းကြောင်း တိတိကျကျပေါ်လာနိုင်ပါတယ်။
၉။ သူငယ်ချင်း အပေါင်းအသင်းကြားထဲ ဝင်ဆံ့လာမယ်
တစ်ယောက်နဲ့ တစ်ယောက်ကြား ရန်ညှိုးတွေ မရှိတော့ဘူးဆို ဘယ်သူမဆို ပိုပိုပြီး ရင်းနှီးလာကြမှာပါ။ အရင်ကတောက်ကဆတ် ဖြစ်ခဲ့တဲ့သူတွေကြားလည်း ပြန်အဆင်ပြေသွားနိုင်သလို မိတ်ဆွေသစ်တွေလည်း ဖွဲ့လာနိုင်မှာပါ။ ဒါ့ကြောင့် အရင်ဖြစ်ခဲ့တဲ့ အစိုင်အခဲတွေကို ခွင့်လွှတ်ခြင်းအားဖြင့် အရင်ပြေလည်အောင် လုပ်သင့်ပါတယ်။
၁၀။ တစ်ယောက်နဲ့တစ်ယောက်ပို နီးကပ်လာစေတယ်
စိတ်ကို အေးအေးချမ်းချမ်းထားပြီး အမြဲသည်းခံပေးတတ်တဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ မိသားစုဖြစ်စေ၊ ချစ်သူနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေကြားမှာဖြစ်စေ၊ နောက်ဆုံးအလုပ်မှာပဲဖြစ်စေ ဘယ်သူမဆို သူတို့နဲ့ဆက်ဆံရတာကို ပျော်ရွှင်ကြပါတယ်။ ပိုရင်းနှီးကြတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုကြပါတယ်။ ရလဒ်ကတော့ တစ်ယောက်ကိုတစ်ယောက် ပိုယုံကြည်မှု ရှိလာတာပဲ ဖြစ်ပါတယ်။၁၁။ ဘာသာရေးအရလည်း အကျိုးကျေးဇူး ရရှိပါတယ်
ဘာသာတစ်ခုခု ကိုးကွယ်သူဖြစ်ဖြစ်၊ ဘယ်ဘာသာမှ မကိုးကွယ်သူဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပေးတာက့ စိတ်ကို ပိုပြီး အေးချမ်းစေပါတယ်။ ဝမ်းနည်းလို့ဖြစ်စေ၊ ကြောက်လို့ဖြစ်စေ၊ စိတ်ညစ်နေလို့ဖြစ်စေ ဘုရားရှိခိုးဆုတောင်းလိုက်တာဟာ ကိုယ်စိတ်နှလုံးအေးချမ်းမှုကို ရရှိစေပါတယ်။
၁၂။ ဘဝဟာ နေရတာ ပျော်စရာဖြစ်လာပါမယ်
စိတ်ထဲက ခံစားနေရတဲ့အစိုင်အခဲတွေကို စွန့်ပစ်လိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို အမြင်သစ်နဲ့ မြင်တတ်လာစေပါတယ်။ စိတ်ညစ်၊ စိတ်ဖိစီးတုန်းက ခံစားခဲ့ရတဲ့အိပ်မပျော်တာတွေ၊ အစားအသောက် ပျက်တာတွေ မရှိတော့ဘူး။ အလုပ်မှာသော်လည်းကောင်း၊ မိသားစုထဲမှာ သော်လည်းကောင်း ပြောဆိုဆက်ဆံရတာ၊ နေရထိုင်ရတာ ပိုပြီး ပေ့ါပါးပြီး ပျော်စရာကောင်းလာပါတယ်။ မိမိပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်တဲ့စိတ်တွေ ပိုများလာစေပါတယ်။
Unicode
အကျိုးကျေးဇူးများတဲ့ သည်းခံခွင့်လွှတ်ခြင်းတရားသည်းခံခွင့်လွှတ်ခြင်းကို လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ရော ပိုသာယာတဲ့ဘဝတွေ တည်ဆောက်နိုင်ပါတယ်။ ဒါတွေကတော့ သည်းခံခွင့်လွှတ်လိုက်လို့ ရရှိလာမဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။၁။ နာကျင်မှု လျော့နည်းစေတယ်
ကိုယ်လက်နာကျင်ကိုက်ခဲမှုက တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာကြောင့်လည်း ဖြစ်တတ်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုကို အခဲမကျေတာ ဒါမှမဟုတ်လည်း ကိုယ်မဟုတ်တာ တစ်ခုခုလုပ်မိလို့ မလုံမလဲဖြစ်နေတဲ့အခါ စိတ်က အရမ်းဖိအား များလာတတ်ပါတယ်။ ဒီအခါ တချို့က ကိုယ်လက်တွေ နာကျင်ကိုက်ခဲလာတတ်ကြပါတယ်။ ဒီအခါမှာ ကိုယ်က နားလည်ပေးမှု၊ ခွင့်လွှတ်ပေးလိုက်မှုတွေ လုပ်လိုက်ရင် ဒီဝေဒနာတွေ လျော့ပါးသွားစေတတ်တာကိုလည်း တွေ့ရမှာပါ။
၂။ သွေးတိုး ကျစေတယ်
ဒေါသစိတ်တွေ၊ မကျေနပ်ချက်တွေ လျော့ပါးသွားတာနဲ့အမျှ နှလုံးခုန်နှုန်းလည်း နှေးလာပြီး တစ်ဆက်တည်း သွေးပေါင်ချိန်ပါ ကျဆင်းလာပါတယ်။ ဒီလိုကျလာတာကြောင့် ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေနဲ့ နှလုံးရဲ့လုပ်ဆောင်မှုတွေနဲ့ စည်းချက် ညီလာစေပါတယ်။
၃။ စိတ်ဖိစီးမှု လျော့စေတယ်
ကိုယ့်စိတ်ထဲကဖြစ်စေ၊ မသိစိတ်ထဲကဖြစ်စေ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အခါ တွေးမိနေတဲ့အခါ စိတ်က အလိုလို ဖိစီးမှုဖြစ်လာပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်က ခွင့်လွှတ်ပေးလိုက်တဲ့အခါ စိတ်က ဝန်ပေါ့သွားသလိုပါပဲ၊ သူထမ်းထားရတဲ့ စိတ်ညစ်စရာအတွေးတွေ မရှိတော့တာကြောင့် လူကလည်း ပိုပြီး လန်းဆန်းသွားပါတယ်။
၄။ ရန်လိုစိတ် နည်းလာမယ်
သည်းခံတတ်တဲ့သူက ကိုယ့်ကိုယ်ကိုရော တစ်ပါးသူကိုပါ ပိုပြီး နားလည်ပေးနိုင်ပါတယ်။ နေ့စဉ် သွားလာ လှုပ်ရှားနေတဲ့ကိစ္စတွေမှာ သည်းခံစိတ်လေး နည်းနည်းပိုထားလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေကို အများကြီး လျော့ချပေးနိုင်ပါတယ်။ ဥပမာ- ယာဉ်တိုက်မှု တစ်ခုဖြစ်တဲ့အခါ လူလည်း ဘာမှမဖြစ်သွားရင် ချက်ချင်းထိုးမယ်၊ ကြိတ်မယ် လုပ်မဲ့အစား အေးအေးဆေးဆေး ပြောဆိုရှင်းပြပေးပါ။ သင်ကစပြီး လက်ကမ်းလိုက်ရင် တစ်ဖက်လူကလည်း ဖြေလျော့သွားတတ်ပါတယ်။
၅။ ဒေါသစိတ်ကို ပိုထိန်း ချုပ်လာနိုင်မယ်
စိတ်ရှည်သည်းခံမှုကို ကျင့်သုံးလာတာနဲ့အမျှ နောက်ပိုင်း ဒေါသထွက်စရာကိစ္စတစ်ခု ကြုံလာတဲ့အခါမှာဆိုရင်တောင် အေးအေးဆေးဆေး ပြောဆို ဆွေးနွေးတတ်လာမှာပါ။ ဒီလိုဖြစ်အောင ်လေ့ကျင့်ချင်တယ်ဆိုရင်လည်း ဒေါသထွက်ထွက်ခြင်း ဘာမှ မပြောသေးဘဲ စိတ်ထဲကနေ တစ်ကနေ တစ်ဆယ်ထိရေတာ၊ အပြင်ထွက်ပြီး လေကောင်းလေသန့်လေးရှူတာ စတဲ့နည်းလမ်းတွေ သုံးလို့ရပါတယ်။
၆။ နှလုံးခုန်နှုန်းလည်း နှေးလာမယ်
သည်းခံခွင့်လွှတ်ခြင်းက နှလုံးပေါ်မှာရှိတဲ့ ဖိအားကို လျှော့ချပေးနိုင်ပါတယ်။ ဒ့ါကြောင့် ရလဒ်အနေနဲ့ နှလုံးခုန်နှုန်းလည်း နှေးလာပါတယ်။၇။ အရက်၊ မူးယစ်ဆေးဝါး သောက်သုံးမှုလည်း လျော့ကျသွားစေတယ်
တစ်ခုခုကို မကျေနပ်တဲ့အခါ စိတ်ထဲမှာ အတွေးတွေ အရမ်းများနေလေ့ရှိပါတယ်၊ စိတ်ရှုပ်ထွေးနေတတ်ကြပါတယ်။ ဒီအခါ ပြတတ်တဲ့လက္ခဏာက အရက်ကို သောက်သင့်တာထက် ပိုသောက်တတ်ကြပါတယ်။ အချိန်မှီ မတားဆီးရင် အရက်စွဲတဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။၈။ စိတ်ကျတဲ့လက္ခဏာတွေ လျော့ပါးသွားမယ်
အရက်သောက်တဲ့အပြင် စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးမှုများခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုကတော့ စိတ်ဓာတ်ကျခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတယ်ဆိုတာ ကြောက်ဖို့ ကောင်းတဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းနဲ့လည်း ပတ်သတ်နေပါတယ်။ ခွင့်လွှတ်သည်းခံ စိတ်ထားခြင်းအားဖြင့် စိတ်ထဲက အစိုင်အခဲတွေ ပြေလည်သွားပြီး ကိုယ်ဆက်လျှောက်ရမယ့် လမ်းကြောင်း တိတိကျကျပေါ်လာနိုင်ပါတယ်။၉။ သူငယ်ချင်း အပေါင်းအသင်းကြားထဲ ဝင်ဆံ့လာမယ်
တစ်ယောက်နဲ့ တစ်ယောက်ကြား ရန်ညှိုးတွေ မရှိတော့ဘူးဆို ဘယ်သူမဆို ပိုပိုပြီး ရင်းနှီးလာကြမှာပါ။ အရင်ကတောက်ကဆတ် ဖြစ်ခဲ့တဲ့သူတွေကြားလည်း ပြန်အဆင်ပြေသွားနိုင်သလို မိတ်ဆွေသစ်တွေလည်း ဖွဲ့လာနိုင်မှာပါ။ ဒါ့ကြောင့် အရင်ဖြစ်ခဲ့တဲ့ အစိုင်အခဲတွေကို ခွင့်လွှတ်ခြင်းအားဖြင့် အရင်ပြေလည်အောင် လုပ်သင့်ပါတယ်။၁၀။ တစ်ယောက်နဲ့တစ်ယောက်ပို နီးကပ်လာစေတယ်
စိတ်ကို အေးအေးချမ်းချမ်းထားပြီး အမြဲသည်းခံပေးတတ်တဲ့သူတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ မိသားစုဖြစ်စေ၊ ချစ်သူနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေကြားမှာဖြစ်စေ၊ နောက်ဆုံးအလုပ်မှာပဲဖြစ်စေ ဘယ်သူမဆို သူတို့နဲ့ဆက်ဆံရတာကို ပျော်ရွှင်ကြပါတယ်။ ပိုရင်းနှီးကြတယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုကြပါတယ်။ ရလဒ်ကတော့ တစ်ယောက်ကိုတစ်ယောက် ပိုယုံကြည်မှု ရှိလာတာပဲ ဖြစ်ပါတယ်။၁၁။ ဘာသာရေးအရလည်း အကျိုးကျေးဇူး ရရှိပါတယ်
ဘာသာတစ်ခုခု ကိုးကွယ်သူဖြစ်ဖြစ်၊ ဘယ်ဘာသာမှ မကိုးကွယ်သူဖြစ်ဖြစ် နားလည်ခွင့်လွှတ်ပေးတာက့ စိတ်ကို ပိုပြီး အေးချမ်းစေပါတယ်။ ဝမ်းနည်းလို့ဖြစ်စေ၊ ကြောက်လို့ဖြစ်စေ၊ စိတ်ညစ်နေလို့ဖြစ်စေ ဘုရားရှိခိုးဆုတောင်းလိုက်တာဟာ ကိုယ်စိတ်နှလုံးအေးချမ်းမှုကို ရရှိစေပါတယ်။၁၂။ ဘဝဟာ နေရတာ ပျော်စရာဖြစ်လာပါမယ်