Uncategorized

သင့်ရဲ့ ရွေးချယ်မှုပေါ် မှာမူတည်ပြီးတော့ သင်ဟာ ပူလောင်သူ(သို့မဟုတ်)အေးချမ်းသူဖြစ်သွားတာပါပဲ

ပူလောင်သူလား အေးချမ်းသူလား ယုတ်ညံသူလား မြင့်မြတ်သူလားပူလောင်သူလား အေးချမ်းသူလားကိုယ့်အပေါ် မကောင်းပြောလာတာတွေကို ဆတ်ဆတ်ထိမခံ ပြန်ပြောလို့လည်း ရတယ်။ တစ်နေ့ကျမှပြန်ပြောလိုက်ဦးမယ်ဆိုပြီးတော့ တေးထား လို့လည်းရတယ်။ဒါမှမဟုတ် နားလည်မှုတွေနဲ့ သည်းခံခွင့်လွှတ်လိုက်လို့လည်းရတယ်။သဘာဝမကျတဲ့လူတွေကို ကြည့်ပြီး မဟုတ်လိုက်တဲ့လူတွေ ဆိုပြီးတော့ အစာ မကြေဖြစ်နေလို့လည်းရတယ်။ဒါမှမဟုတ် လောကကြီးက ဒီလိုပါပဲ ဆိုပြီးတော့ နားလည်မှုတွေနဲ့ကျော်လွှားသွားလို့လည်းရတယ်။ကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ် မှာမူတည်ပြီးတော့ သင်ဟာ ပူလောင်သူ(သို့မဟုတ်)အေးချမ်းသူဖြစ်သွားတာပါပဲ။ယုတ်ညံသူလား မြင့်မြတ်သူလား။“မုန်းစရာကောင်းလိုက်တဲ့လူတွေ”ဆိုပြီးတော့ ဒေါသတွေပွားနေလို့လည်းရတယ်။“ချမ်းသာကြပါစေ”ဆိုပြီးတော့ မေတ္တာတွေပွားနေလို့လည်းရတယ်။ “ဒင်းတို့ကို တော့ ပြောပစ်လိုက်ဦးမယ်၊ လုပ်ပစ်လိုက်ဦးမယ်”ဆိုပြီးတော့ ဝိဟိံသာ တွေပွားနေ လို့လည်းရတယ်။“သနားစရာလူသားတွေ”ဆိုပြီးတော့ ကရုဏာတွေပွားနေလို့လည်းရတယ်။ ကြိုက် တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ သင်ဟာ ယုတ်ညံ့သူ(သို့မဟုတ်)မြင့်မြတ်သူ ဖြစ်သွားတာပါပဲ။အရှင်ဥတ္တမ(သစ္စာရွှေစည်)Unicodeပူလောင်သူလား အေးချမ်းသူလား ယုတ်ညံသူလား မြင့်မြတ်သူလားပူလောင်သူလား အေးချမ်းသူလားကိုယ့်အပေါ် မကောင်းပြောလာတာတွေကို ဆတ်ဆတ်ထိမခံ ပြန်ပြောလို့လည်း ရတယ်။ တစ်နေ့ကျမှပြန်ပြောလိုက်ဦးမယ်ဆိုပြီးတော့ တေးထား လို့လည်းရတယ်။ဒါမှမဟုတ် နားလည်မှုတွေနဲ့ သည်းခံခွင့်လွှတ်လိုက်လို့လည်းရတယ်။သဘာဝမကျတဲ့လူတွေကို ကြည့်ပြီး မဟုတ်လိုက်တဲ့လူတွေ ဆိုပြီးတော့ အစာ မကြေဖြစ်နေလို့လည်းရတယ်။ဒါမှမဟုတ် လောကကြီးက ဒီလိုပါပဲ ဆိုပြီးတော့ နားလည်မှုတွေနဲ့ကျော်လွှားသွားလို့လည်းရတယ်။ကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ် မှာမူတည်ပြီးတော့ သင်ဟာ ပူလောင်သူ(သို့မဟုတ်)အေးချမ်းသူဖြစ်သွားတာပါပဲ။ယုတ်ညံသူလား မြင့်မြတ်သူလား။“မုန်းစရာကောင်းလိုက်တဲ့လူတွေ”ဆိုပြီးတော့ ဒေါသတွေပွားနေလို့လည်းရတယ်။“ချမ်းသာကြပါစေ”ဆိုပြီးတော့ မေတ္တာတွေပွားနေလို့လည်းရတယ်။ “ဒင်းတို့ကို တော့ ပြောပစ်လိုက်ဦးမယ်၊ လုပ်ပစ်လိုက်ဦးမယ်”ဆိုပြီးတော့ ဝိဟိံသာ တွေပွားနေ လို့လည်းရတယ်။“သနားစရာလူသားတွေ”ဆိုပြီးတော့ ကရုဏာတွေပွားနေလို့လည်းရတယ်။ ကြိုက် တာကိုရွေးချယ်ခွင့်ရှိပါတယ်။ သင့်ရဲ့ ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ သင်ဟာ ယုတ်ညံ့သူ(သို့မဟုတ်)မြင့်မြတ်သူ ဖြစ်သွားတာပါပဲ။အရှင်ဥတ္တမ(သစ္စာရွှေစည်)