Local News

ရွှေငွေရတနာသိန်း(၇၅၀)ကျော် ဖောက် ထွင်း ခိုးယူသွားပြီးမှသိန်း(၅၀၀) ကျော် ပြန်လာ ထားပေးသွား တဲ့ထူးဆန်းတဲ့ ဖောက်ထွင်းသူခိုး

ခင်ဦး မြို့ကအလွန် ထူးဆန်းတဲ့ ဖောက်ထွင်းမှု ရွှေငွေရတနာသိန်း(၅၀၀) ကျော်ဖိုးပြန်တွေ့ပြီ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ နယ်ပင်တင်းကျေးရွာ၌ ဖောက်ထွင်းခိုးယူခံရသော ရွှေ၊ ငွေရတနာတန်ဖိုးငွေသိန်း(၇၅၀) ကျော်ဖိုးမှသိန်း(၅၅၀)ကျပ်ဖိုးခန့် ပြန်လည်ရရှိကြောင်းမြို့မရဲစခန်းမှသိရသည်။

နိုဝင်ဘာ၄ရက်နေ့ည၉နာရီခန့်ကခင်ဦးမြို့နယ်ပင်တင်းကျေးရွာလမ်းဘေးရှိဝန်းထရံ၌ချိတ်ထာ းသောမသင်္ကာစရာအထုပ်တစ်ထုပ် တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှရဲစခန်းသို့အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဆွေ၊ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် ကျော်လင်းဖြိုးတို့ဦးဆောင်သော တပ်ဖွဲ့ဝင်များသည်၄အိတ်ထဲမှ ရွှေထည်ပစ္စည်း ၂၂မျိုးနှင့် ငွေစက္ကူငါးထောင်တန်(၁)ရွက်၊ နှစ်ရာတန် (၁)ရွက်၊တစ်ရာတန် (၂)ရွက်၊ငါးဆယ်တန်(၂)ရွက်၊ ေ ရွှဘောက်ချာ(၇)ရွက်တို့အား တွေ့ရှိသဖြင့် ဖောက်ထွင်းဖိုးယူခံရသော ပစ္စည်းများဟုတ်မဟုတ်စစ်ဆေးနေစဉ် ဖောက်ထွင်းခိုးယူခံရသောအိမ်၏မြောက်ဘက် ကောက်ရိုးစဉ်အောက်ရှိ နွားချေးပုံဘေးတွင် ရွှေလက်ကောက် (၂)ကွင်းထပ်မံတွေ့ရှိရကြောင်းသိရသည်။

ဖောက်ထွင်းခိုးယူခံထားရသော ရွှေ၊ ငွေ ရတနာ ပစ္စည်းမျိုးစုံ ၂၆မျိုး၊ တန်ဖိုးငွေစုစုပေါင်းသိန်း (၇၅၅၅၀၀၀၀) ကျပ်မှ ရွှေထည်ပစ္စည်း (၂၃)မျိုး၊ တန်ဖိုးငွေ စုစုပေါင်း သိန်း (၅၅၅၀၀၀၀၀)ကျပ် ပြန်လည်ရရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရွှေထည်ပစ္စည်း ၃မျိုး၊ ငွေ၈၃သိ န်းကျပ်နှင့်အတူတရားခံအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်အပူတပြင်းဆောင်ရွက်နေကြောင်းသိရသည်။

ဖြစ်စဉ် မှာ နိုဝင်ဘာ၁ရက်နေ့ နံနက်၉နာရီခန့်က ခင်ဦးမြို့နယ် ပင်တင်းကျေးရွာနေ ဒေါ်ညိုညိုဦးသည် ခင်ပွန်းဖြစ်သူ ဦးဝင်းအောင်နှင့်အတူလယ်တောသို့ သွားရောက်၍ ယောက္ခမဖြစ်သူဦးဘကြည်နှင့် မမာမာခိုင်တို့သည် ဘုန်းကြီးကျောင်းသို့ ဥပုသ်စောင့်သွားရောက်ခဲ့ကြရာ နေ အိမ်သို့ ပြန်လည်ရောက်ရှိလာကြပြီး အိမ်လုပ်ငန်းများ လုပ်ကိုင်၍ နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်း ရှင်းလင်းရန် ဝင်ရောက်ခဲ့ရာ ၄ ဒေါ်ညိုညိုဦးတို့၏အိပ်ခန်းနှင့် အိမ်အပေါ်ထပ်ရှိ မမာမာခိုင်အိပ်သည့်အိပ်ခန်း အခန်းတံခါးသော့များမှာ ပျက်စီးနေပြီး

အခန်း အတွင်းရှိ သံသေတ္တာအား ခတ်ထားသည့် သော့ကွင်းများမှာဖြတ်ထားသည်ကိုတွေ့ရှိရသဖြင့် သေတ္တာများအား ဖွင့်ကြည့်ရာ. ရွှေ၊ငွေရ တနာ ပစ္စည်းမျိုးစုံ၂၆မျိုး တန်ဖိုးငွေ(၆၇၂၅၀၀၀၀)ကျပ်နှင့် ငွေစက္ကူရောရာ(၈၃၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၇၅၅၅၀၀၀၀) ကျပ် ဖောက်ထွင်းခိုးယူခံရသဖြင့် ဒေါ်ညိုညိုဦး ပင်တင်းကျေးရွာ ၊ ခင်ဦးမြို့နယ်နေသူက တရားလိုပြုလုပ်၍ နိုဝင်ဘာ ၂ရက်နေ့ နေ့ ၂ နာရီ ခန့်က ခင်ဦးမြို့မရဲစခန်းမှ(ပ)၃၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၅၄ဖြင့် အမှုဖွင့်တိုင်ကြားထားခဲ့ကြောင်း သိရသည်

ခရက်ဒစ်

Unicode