Knowledge

နေရာတကာ_အယုံမလွယ်မိပါစေနဲ့

တစ်ခါက အိမ်တစ်အိမ်မှာ ကလေးငယ်တစ်ယောက်ရှိတယ်။နောက်ပြီး ကလေးငယ်နဲ့ အတူတူဆော့ကစားတဲ့ ခွေးလေးတစ်ကောင်ရှိတယ်။

မိဘတွေက နေ့စဉ်နဲ့အမျှ အလုပ်လုပ်ထွက်ရတယ်။ထိုအခါ ကလေးငယ်ကို အိမ်မှာထားခဲ့ပြီးခွေးကလေးနဲ့အတူတူဆော့ကစားစေတယ်။

တစ်နေ့မှာတော့ ကလေးငယ်နဲ့ ခွေးလေး ပျော်ရွင်မြူးထူးစွာဆော့ကစားနေတာကိုမြွေပွေးတစ်ကောင်က တွေ့သွားတယ်။

မြွေပွေးကလည်း သူ့မှာ အဖော်မဲ့နေတော့ ကစားဖော်လိုချင်လာတယ်။ဒီလိုပဲ မြွေပွေးဟာဆော့ကစားနေတဲ့ ကလေးငယ်နဲ့ခွေးလေးရှိရာသွားပြီး

” ငါလည်း မင်းတို့နဲ့အတူတူဆော့ပါရစေ” လို့ပြောလိုက်တယ်။ကလေးငယ်ကလည်း” ဟင့်အင်း မင်းက မင်းကိုယ်ပေါ်က အကွက်တွေကိုထိရင် ယားပြီး

ယင်ကောင်တောင်ပြေးမလွတ်အောင် မင်းရဲ့ အဆိပ်ပြင်းတဲ့ အဆွယ်တဲ့ ပေါက်တတ်တယ် ငါမဆော့ချင်ဘူး” လို့ပြန်ပြောလိုက်တယ်။

မြွေပွေးဟာလည်း “ငါ့မှာ ကစားစရာ အဖော်မရှိလို့ပါမင်းတို့နဲ့ ငါလည်းဆော့လို့ချင်ပါ မင်းငါ့ကိုယ်ပေါ့ကိုထိလည်း မပေါက်မိအောင် ငါသတိထားပါ့မယ်” ပြန်ပြောလေတယ်။

မြွေပွေးက ကတိအထပ်ထပ်ပေး၍ သနားခံလာတော့ကလေးငယ်ဟာလည်း” ဒီလိုဆို အသင်မြွေပွေး ငါ့ရဲ့ မိဘတွေလာအောင်စောင့်ပါ ငါ့မိဘတွေဆီခွင့်တောင်းပါ…

သူတို့က ခွင့်ပြုရင် မင်းကိုငါတို့လက်ခံမယ်” လို့ပြောလိုက်တယ်။မြွေပွေးဟာလည်း အဖော်မဲ့သူပီပီဆော့ကစားချင်တော့ကလေးငယ်ရဲ့ မိဘတွေလာတဲ့အထိ စောင့်လေတယ်။

ကလေးငယ်ရဲ့မိဘတွေလာတော့ ကတိပေးကာ ခွင့်တောင်းလေတယ်။မြွေပွေး အထပ်ထပ်ကတိပေးနေတော့ နောက်ဆုံးခွင့်ပြုလိုက်တယ်။ဒီလိုနဲ့ နောက်ရက်တွေမှာ မြွေပွေး၊ ခွေးလေးနဲ့ ကလေးငယ်တို့

အတူတူဆော့ကစားကြတယ်။မြွေပွေးဟာလည်း သူ့ကိုယ်ပေါ်ကို ထိတွေ့မှုကိုယားယံသော်လည်း မကိုက်မိမပေါက်မိအောင်သတိထားသည်။ သို့ပါသော်လည်း ကြာရှည်မရချေ။

ကြိမ်ဖန်များစွာ ထိတွေ့လာတော့ မခံနိုင်တော့ပဲကလေးငယ်နဲ့ ခွေးလေးကို အဆိပ်ပြင်းနဲ့ ပေါက်သက်လိုက်မိတယ်။ကလေးငယ်ရဲ့ မိဘတွေပြန်လာတော့

အိမ်မှာ အသက်မဲ့နေသော ခွေးလေးနဲ့ ကလေးကိုတွေ့လိုက်ရသောအခါ။ကြီးစွာ ဒေါသဖြစ် နောင်တရပြီး။ အယုံလွယ်ကာ သနားတတ်သော သူ့ကိုယ်သူသာ မခံမရပ်နိုင်ဖြစ်နေလေတယ်။

တစ်ချို့လူတွေကမိမိတို့ဆီကို သနားခံပြီးဝင်လာကြတယ်။တစ်ချို့တွေက ဟန်ဆောင်ကောင်းတဲ့မျက်နှာဖုံးတွေအထပ်ထပ်နဲ့ အယုံသွင်းကြတယ်။လက်မခံသင့်တဲ့လူတွေကို

လက်ခံမိတဲ့အခါမိမိသာ နာကျင်ခံစားရမှာဖြစ်တယ်။သနားကြင်နာတတ်သူတွေဟာတစ်ခြားလူတွေထက် ပိုအလိမ်ညာခံကြရတယ်။တစ်ချို့လူတွေက ဖျောက်လို့မရတဲ့ ဗီဇတွေ ရှိတယ်။

ထိုလူတွေဟာ ကတိ အထပ်ထပ်ပေးပေမယ့်ကတိမတည်သူတွေရှိတယ်…..။နေရာတကာ အယုံမလွယ်ပါနဲ့……။

လေးစားစွာဖြင့်#Sein_Minn_Tha_Mee Copy from အညတရ ဘိက္ခု(ဆရာတော်) P.s (ပျက်သွားတဲ့ Acc ဟောင်းမှ post လေးအား..

ဆရာတော် ဘုန်းဘုန်းလမ်းပြကြယ် ထံမှ ပြန်လည်တွေ့ရလို့ ကျေးဇူးတင်ဝမ်းသာပါတယ်ဘုရား )Sein Min ThaMee

Unicode