Knowledge

ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း

ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတ ဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ — မွေးခန်း အသုံးစာရိတ် ဘောက်ချာ ကလေးရောလူကြီးရောကျန်းမါပါတယ် ကလေးကိုအရင်မပြသေးဘူး၊ဘောက်ချာအရင်ပြတာ ဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀(၅) သိန်း ကျတယ် ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီးငွေ သွားသွင်းရတယ်။ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ငွေ သာမသွင်းရင် ကလေးကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။သမီးလေးမြင်တော့ အော် ငါ ကလေးအဖေဖြစ်ပြီ ငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။.ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့ အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ် ကလေးတွေနေ မကောင်းဖြစ်ရင် ကိုယ်သာဖြစ်လိုက်ချင်တယ်၊မိန်းမက ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာ ကျွန်တော် က သမီးလေးတက်တဲ့ ကလေးဆေးရုံလိုက်သွားလိုက်တယ် ယောက္ခက သူ့ သမီးကို စိတ်ပူ ကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။သမီးလေး သူငယ်တန်း စ ထားတဲ့ နေ့ သမီးက မျက်နှာငယ်လေးနဲ့အတန်းဖေါ်တွေကြားထဲမှာ သမီးလေးရေ ဒါ လောက သင်ခန်းစာအစပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီးသမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့ မနေနိင်လို့လှည့်ကြည့်လိုက်တော့သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။ကျွန်တော်ကြည့်နေတာလည်းသိသွားရောပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီးပြေးဖက် လိုက်တယ် သမီး လေး ပါးပေါ်မှာကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ်ခါး ပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလိုကျွန်တော့် ရဲ့အသဲတွေလည်း ကွဲနေပါပြီ။ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ် သမီး… ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊ပါးပါး ဘယ်မှ မသွားဘူးဆိုပြီးအခန်းထဲပြန်ပို့ရတယ်။မိုးဖွဲဖွဲ လေးကျပြီ း မိုးမင်းကြီးကကျွန်တော်တို့သားအဖ ကိုပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊ကျွန်တော့် သမီးလေးကို ဖက်ပြီးကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကိုရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရောအကယ်ဒမီ ရမှာ သေချာတယ်။သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိချက်ချင်း မပြန်သေးဘူး။ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီးမျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှ ငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီးအိမ်ပြန်ခဲ့ရတယ်။အခု သမီး က ၁၄ နှစ်ဟိုတလော ကသူ့ရဲ့ဖုန်း ring မြည်နေလို့ကိုင်လိုက်တော့ ဟဲလို ဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ် ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။ယောကျာၤး တွေဆိုတာ သံလိုက် သဘောရှိတယ် အဖို နဲ့အမ လောက်ပဲ ကပ်ချင်တဲ့သဘော ငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့Dady မခေါ်လို့။ယောကျာၤးလေးတစ်ယောက်ရဲ့ အသံကြားတော့လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ဖုန်းနားကပ်ပြီး ရည်မွန် လို.တစ်ချက်အော်ခေါ်လိုက်တယ် ဟို ဘက်က တစ်ယောက်လည်းလန့်သွားအောင်လို့။သမီးကလည်း အခြေအနေကို ရိပ်မိနေတဲ့သဘောရှိတယ်ရေဒီယို ဟာသရရွှင်ဆေး ထဲကမိန်းမတစ်ယောက်ရဲ့ အသံမျိုးနဲ့ ရှင်— ပါပါး ဆိုပြီး ဖုန်းဆီအလာသမီးလမ်းလျောက်ရာလမ်းကိုကျွန်တော့် စိုက်ကြည့်နေလို့ သမီး သူ့ ခြေထောက်အချင်းချင်းတောင်ခလုပ်တိုက်တယ် ။သမီးက လိုင်းမမိလို့ အခန်းထဲသွားပြောတာ ဘယ်ရမလဲ ကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင် သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့် နှစ်ယောက်သားတိုက်မိလို့ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။ဘယ်လိုဖြစ်နေတာလည်းယောက်ယက်ကို ခတ်နေတာပဲလို့၊အမှန် ယောက်ယက်ခတ်နေတာက ကျွန်တော်ပါ။သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာ ဘယ်ရမလဲ အောင်မျိုးအေးပဲ ဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီးနားထောင်နေတာပေါ့။သမီးက နဂါးမင်းနဲ့ ဖွတ်ကျား စစ်ခင်းတော့မယ့်အခြေအနေကို သိသွားတယ်ထင်တယ် အော်အေး အော်အေးအေး အော်အေး ဆိုပြီးဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။ဘယ်သူလဲသမီး ကျောင်း ကပါ ၊ကျောင်းမတက်လို့စာမေးတာ ရိုးနေပြီ ဒါငါ့အကွက်တွေ ပထမစာမေးမယ်၊ပြီးရင် ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်။သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ။မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦး တိုးတိုးတိတ်တိတ်မှာထားရတယ်။သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။အော် သမီးသမီး အချိန်တန်ရင်တော့ သမီးလေးနဲ့ခွဲရမှာပါလေ —-လို့တွေးမိရင်း…တကယ်တော့ —သမီး လေးဟာ ကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။Credit to Maung Pinlal