Knowledge

TIKTOK ကို အာရုံစိုက်လွန်း၍ ကလေး လှေကားပေါ်မှပြုတ်ကျသွားသောအဖြစ်

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် အမျိုးသမီးတစ်ဦးသည် TikTok ဗီဒီယိုကလစ်ရိုက်ကစားရင်းနဲ့ လှည်းထဲက ကလေးငယ် မတော်တဆ လှေကားပေါ်မှ ဇောက်ထိုးပြုတ်ကျသွားသော ဗီဒီယိုဖိုင်လေးကို TikTok အား ရူးရူးမူးမူးကစားသူတွေအတွက် သတိထားနိုင်ရန် ဖေ့စ်ဘုတ်ခ်သုံးစွဲသူတစ်ဦးက ပို့စ်တင်ထားပါတယ်။

ပို့စ်တင်သူရဲ့အဆိုအရ ဤဗီဒီယိုကလစ်လေးကိုတွေ့ပြီး ကလေးငယ်ရှိသောမိသားစုများအားလုံး ပိုမိုသတိထားနိုင်ရန် အသိပေးခြင်းသာဖြစ်ကြောင်း အရှက်ခွဲနေတာ မဟုတ်သလို၊ ရှုံ့ချနေတာလည်း မဟုတ်ပါဘူး လို့ ဆိုပါတယ်။ ကလေး လည်ပင်းမကျိုးသွားတာ၊ ကြီးကြီးမားမားထိခိုက်နာကျင်မှုမရှိတာတွေက တအားကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။

အခုနောက်ပိုင်း အရမ်းရေပန်းစားလာတဲ့ TikTok အက်ပလီကေးရှင်းသည် အထူးသဖြင့် နေအိမ်အတွင်းမှာနေနေရတဲ့ ကိုဗစ်ကာလအတွင်းမှာ လူတွေအများအပြားဆော့လာတာ တွေ့ရပါတယ်။
ဖုန်းစွဲလမ်းလွန်းတဲ့သူတွေလည်း သတိရှိရှိနှင့် အလွန်အကျွံမဖြစ်ဖို့ရန် တိုက်တွန်းချင်ပါတယ်။

Unicode