Knowledge

ကျိန်စာတွေ သင့်ခဲ့ကြတာလား ?

ကျိန်စာတွေ သင့်ခဲ့ကြတာလား ?

ကျွန်တော်တို့က….
ဘယ်လိုများဆိုးရွားတဲ့….
ဘ၀ ဘ၀ တွေကို…
ကြုံတွေ့ဖြတ်သန်းနေရလို့လဲ ….
တိရိစ္ဆာန်တစ်ကောင်လောက်တောင်….
အစာရေစာ…ဝခွင့်မရှိတဲ့….
လူသားတွေ…..

ကျွန်တော်တို့အတွက်…
အချိန်မရွေး….
ထသောက်ခွင့်ရှိတဲ့ ရေတစ်စက်…
အဲဒီတစ်မနက်တည်း….
သူတို့က အတုံးအရုံး….
ငတ်မွတ်နေကြတဲ့…ရေချမ်းစင်…
ဒီရင်မှာ….နာကျင်မိပါရဲ့…..

ထမင်းတစ်လုတ်တိုင်း….
ရေတစ်ခွက်တိုင်း….
ဟော ဒီ မျက်ရေစက်တွေနဲ့…
ကျနော်….မျိုမချရက်ခဲ့ဘူး….

ဖျားနာနေတဲ့ ကျနော်တို့က…
အကောင်းဆုံးသော ကုသမှုတွေ….
အလွယ်တကူရယူခွင့်ရှိပေမယ့်….
သူတို့တွေ…..သူတို့တွေ….
ဘယ်သူတွေကများ…..
ကုစားပေးကြမှာပါလိမ့်…..
ၿပဳစားခံခဲ့ၾကရတာလား…
လူသား မမြောက်ခင်ကတည်းက…
ဘယ်လိုနက္ခတ်တွေကများ…
ကျိန်စာသင့်ခဲ့ကြတာပါလိမ့်…

ကျနော်တို့..
ဘာတွေလုပ်ပေးနေကြသလဲ….
ဘဝ….ဘ၀ တွေအတွက်…
အနဲဆုံးတော့….
စစ်မှန်တဲ့….ဆုတောင်းသံလေးတစ်ခု….
အဲဒီငရဲမီးတွေကို…
တခဏတာဖြစ်ဖြစ်…
ငြိမ်းအေးသွားစေမှာပါ….
ခင်ဗျားတို့….ဘ၀ ဘဝတွေ…..

လေပြေတွေလို တိုးဝှေ့ညှင်သာနိုင်ပါစေ….

ဒီထမင်းဆုပ်ထဲက….တစ်လုပ်….
ဒီရေတစ်ခွက်ထဲက…တစ်စက်….
တုန်ရီနေတဲ့လက်တွေ…..
ဆို့နင့်နေတဲ့ မျက်ဝန်းတွေ….
တုန်ခါနေတဲ့စကားသံတွေ..
မျော်လင့်ချက်တွေအပြည့်နဲ့….
မျက်ဝန်းအစုံ…
ကမ္ဘာ့နေရာအဖုံဖုံမှာ….
ရှားပါးလွန်းတဲ့ ရိက္ခာ…

ကျနော်တို့ပေးမှာက ဆန်တစ်စေ့….
သူတို့ရရှိမှာက….တစ်ဘဝ…
အဲဒီခြားနားချက်တွေကြား…
ခင်ဗျားတို့…ကောင်းစွာရှင်သန်နိုင်ပါစေ…

သက်တန့်ချို

Unicode

ကျိန်စာတွေ သင့်ခဲ့ကြတာလား ?

ကျွန်တော်တို့က….
ဘယ်လိုများဆိုးရွားတဲ့….
ဘ၀ ဘ၀ တွေကို…
ကြုံတွေ့ဖြတ်သန်းနေရလို့လဲ ….
တိရိစ္ဆာန်တစ်ကောင်လောက်တောင်….
အစာရေစာ…ဝခွင့်မရှိတဲ့….
လူသားတွေ…..

ကျွန်တော်တို့အတွက်…
အချိန်မရွေး….
ထသောက်ခွင့်ရှိတဲ့ ရေတစ်စက်…
အဲဒီတစ်မနက်တည်း….
သူတို့က အတုံးအရုံး….
ငတ်မွတ်နေကြတဲ့…ရေချမ်းစင်…
ဒီရင်မှာ….နာကျင်မိပါရဲ့…..

ထမင်းတစ်လုတ်တိုင်း….
ရေတစ်ခွက်တိုင်း….
ဟော ဒီ မျက်ရေစက်တွေနဲ့…
ကျနော်….မျိုမချရက်ခဲ့ဘူး….

ဖျားနာနေတဲ့ ကျနော်တို့က…
အကောင်းဆုံးသော ကုသမှုတွေ….
အလွယ်တကူရယူခွင့်ရှိပေမယ့်….
သူတို့တွေ…..သူတို့တွေ….
ဘယ်သူတွေကများ…..
ကုစားပေးကြမှာပါလိမ့်…..
ၿပဳစားခံခဲ့ၾကရတာလား…
လူသား မမြောက်ခင်ကတည်းက…
ဘယ်လိုနက္ခတ်တွေကများ…
ကျိန်စာသင့်ခဲ့ကြတာပါလိမ့်…

ကျနော်တို့..
ဘာတွေလုပ်ပေးနေကြသလဲ….
ဘဝ….ဘ၀ တွေအတွက်…
အနဲဆုံးတော့….
စစ်မှန်တဲ့….ဆုတောင်းသံလေးတစ်ခု….
အဲဒီငရဲမီးတွေကို…
တခဏတာဖြစ်ဖြစ်…
ငြိမ်းအေးသွားစေမှာပါ….
ခင်ဗျားတို့….ဘ၀ ဘဝတွေ…..

လေပြေတွေလို တိုးဝှေ့ညှင်သာနိုင်ပါစေ….

ဒီထမင်းဆုပ်ထဲက….တစ်လုပ်….
ဒီရေတစ်ခွက်ထဲက…တစ်စက်….
တုန်ရီနေတဲ့လက်တွေ…..
ဆို့နင့်နေတဲ့ မျက်ဝန်းတွေ….
တုန်ခါနေတဲ့စကားသံတွေ..
မျော်လင့်ချက်တွေအပြည့်နဲ့….
မျက်ဝန်းအစုံ…
ကမ္ဘာ့နေရာအဖုံဖုံမှာ….
ရှားပါးလွန်းတဲ့ ရိက္ခာ…

ကျနော်တို့ပေးမှာက ဆန်တစ်စေ့….
သူတို့ရရှိမှာက….တစ်ဘဝ…
အဲဒီခြားနားချက်တွေကြား…
ခင်ဗျားတို့…ကောင်းစွာရှင်သန်နိုင်ပါစေ…

သက်တန့်ချို