Knowledge

တချို့လူတွေက ကိုယ့်အနားက ယူဖို့သက်သက် လူဖြစ်လာတာပါ

ကိုယ်ပေးနိုင်တဲ့အရာတွေ ရှိတဲ့အခါ အသွားအပြန်တွေ

အလျားအနံတွေ မတွက်ပဲ စိတ်သန့်သန့်နဲ့သာ ပေးတတ်အောင် ကြိုးစားပါ ။

လူတိုင်းက ကိုယ့်လို ပြန်ပြီးသိတတ်ကြတာမဟုတ်ဘူး ။ ယူဖို့ပဲ တတ်ကြတာလေ ။

မေတ္တာတွေ စစ်မှန်ရင် …ရောင်ပြန်ဟပ်တတ်တယ်တဲ့

ဒါပေမယ့် အဲ့လိုလူဆီကနေတော့ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူးလေ ။

သံသရာတစ်ကွေ့မှာတော့ … ကိုယ်ပေးခဲ့တဲ့ စေတနာတွေအတွက် ထိုက်တန်တဲ့အရာတွေ ပြန်ပြီးရလာပါလိမ့်မယ် ။

လူတွေက … အရှုံးပေးရင် ပိုပြီးနင်းချင်ကြတယ် ပိုပြီး အနိုင်ယူချင်ကြတယ် ။

ပေးမှန်းသိရင် … ပိုပြီးလိုချင်ကြတယ် ပိုပြီးယူတတ်ကြတယ် ။

လူချင်းတူကြပေမယ့်လဲ သူတို့က ပြန်ပြီးပေးရမယ်ဆိုတဲ့ စိတ်တွေ မွေးကတည်းက မပါတတ်ကြဘူးလေ ။

ကိုယ်ပေးနိုင်တဲ့အရာရှိရင် ပေးလိုက်ပါ ။

အနောက်မှာ ပြန်ပြီးရလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလဲမထားနဲ့ ပြန်ပြီး သိတတ်လာလိမ့်မယ်ဆိုပြီး

ကိုယ်နဲ့လဲ မနှိုင်းနဲ့ … တချို့လူတွေ ကိုယ့်ဆီက ယူဖို့သက်သက် လူဖြစ်လာကြတာ ။

မိန်းမသားတို့အတွက်

Credit သျှင်

Unicode