Knowledge

ကျွေးမှ စားရ မကျွေးရင်လည်း မျှော်ရနဲ့ ချစ် ဖို့ လည်း ကောင်း သ နား ဖို့ လည်း ကောင်း တဲ့ လမ်း ဘေး ခွေး လေး များ

ကျွေးမှ စားရ မကျွေးရင်လည်း မျှော်ရနဲ့ ချစ် ဖို့ လည်း ကောင်း သ နား ဖို့ လည်း ကောင်း တဲ့ လမ်း ဘေး ခွေး လေး များမင်္ဂလာပါခင်ဗျာ ဒီကနေ့လေးမှာတော့ လမ်းဘေးလေးက ချစ်စရာ ခွေးလေးတွေရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။ တချို့သော သူတွေက အမွှေးဖွားဖွားလေးနဲ့ခွေးလေးတွေကမှ လုံးလုံး ကစ်ကစ်လေးနဲ့မို့ ချစ်ဖို့ကောင်းတယ်ပဲ ထင်ကြပါတယ်။ တကယ်တော့ သူတွေက ခွေးတွေကို သိပ်မချစ်တတ်ကြလို့ပဲ ဖြစ်ပါတယ်။ဒီကနေ့လေးမှာတော့ အကိုတစ်ယောက်က လမ်းဘေးက ခွေးလေးတွေကို သူ့ရဲ့ သားသမီးညီအကိုမောင်နှမ သဖွယ် ချစ်ခင်ယုယပေးပြီး အမြဲတမ်းလည်းအစာကျွေးပေးပြီး ဆော့ပေးလေ့ရှိပါတယ်။ သူတို့လေးတွေဟာ သခင်မရှိကြပါဘူး။ ထို့ကြောင့် သူတို့လေးတွေကို ချစ်ခင် ယုယပေးတဲ့သူတွေဆို သိပ်သဘောကျပြီးအရမ်းကို လူအနား ကပ်ကြပါတယ်။ ဒီလို street dog လေးတွေက မွေးမယ့်သူမရှိ ကျွေးမယ့်သူ မရှိမို့ သနားဖို့ကောင်းပြီး သူတို့လေးတွေက လူတွေရျဲ့စ်ခင်ပေးတဲ့ မေတ္တာတွေ လိုအပ်ကြပါတယ်။ ပုံရိပ်ထဲက ခွေးလေးတွေဆို သူတို့ကို အစာလာကျွေးတဲ့ အကို ကို ချစ်စဖွယ် အမူအရာလေးတွေ လုပ်ပြပြီးလုပ်ပြနေတဲ့ ပုံစံလေးကလည်း အရမ်းကိုမှ အသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းပါတယ်။ အစာလာကျွေးရင် ပြေးကြိုပြီး လက်ကလေးတွေ အပေါ်မြှောက်ကာအမူအရာလေးတွေက ချစ်ဖို့ကောင်းပြီး လက်တောင်းရင်လည်း လက်ပေးတတ်ပြီး ဓာတ်ပုံရိုက်ရတာလည်း အရမ်းသဘောကျ ကြပါတယ်။ လမ်းပေါ်မှာ နေပေမယ့်အမှိုက်ပုံနားမှာ နေပေမယ့် အကိုက လက်ဖြန့်လိုက်ရင် မျက်နှာလေး လာတင်ပြီး မျက်လုံးလေးတွေကအစ အပြစ်ကင်းစင်ပြီး မချစ်ပဲကို မနေနိုင်တော့ပါဘူး။ဖတ်ရှု့ပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ချစ်ခင်တတ်တဲ့ နှလုံးသားရှိရင် ဒီလို ချစ်စရာ street dog လေးတွေအပေါ်မှာ ကြင်နာယုယကြမှာ အမှန်ပါပဲခင်ဗျာ။တချို့လမ်းဘေးခွေးလေးတွေက ကျွေးမယ့်သူမရှိတော့ နီးစပ်ရာ အိမ်တွေပေါ်တက်ပြီး တွေ့ရာ ဆွဲစားကြတော့ လူမုန်းများကြပါတယ်။ ဒီလိုတွေ စားနေရတာကလည်းသူတို့လေးတွေကို ကျွေးမယ့်သူ မရှိကြလို့ပါ။ ဒါ့ကြောင့် လမ်းဘေးမှာ ဒီလို ချစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်းတဲ့ ခွေးလေးတွေကို အစာလေး ကျွေးပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ။

Source:Min Khant