Knowledge

ဒီ တ လော အ စ စ အ ရာ ရာ ဂ ရု စိုက် ကြ ဖို့ လို အပ် နေ ပါ ပြီ ခင် ဗျာ

ဒီ တ လော အ စ စ အ ရာ ရာ ဂ ရု စိုက် ကြ ဖို့ လို အပ် နေ ပါ ပြီ ခင် ဗျာ

မင်္ဂလာပါခင်ဗျာ ဒီကနေ့လေးမှာလည်း ဘာမှန်း သေချာမသိရသေးတဲ့ လက္ခဏာ တစ်မျိုးကို လူတွေ စားသုံးတဲ့ ငါး မှာ တွေ့ရှိခဲ့ပြန်ပါပြီ။ ပုံ ပါအတိုင်း

ကြည့်မယ်ဆိုရင် အဆိုပါ ငါး ဟာ အဆိပ်သင့်နေတဲ့ ပုံစံလိုပါပဲ။ ဘာ့ကြောင်းမှန်း သေချာ မသိရသေးပေမယ့် ယခုကာလအတွင်း အသား နဲ့ ငါး

မစားကြဖို့ မေတ္တာရပ်ခံ ပါရစေခင်ဗျာ။ အထူးသဖြင့် ဟော့ပေါ့ လို အသားတွေ ကင် စားရတာတွေ မာလာရှမ်းကော လို ပင်လယ်စာ နဲ့ ပတ်သတ်တာတွေ

မစားကြဖို့နဲ့ ရှောင်ကြဉ်ကြဖို့ အထူးသတိပေးအပ်ပါတယ်ခင်ဗျာ။ ဒီတလောမှာ မြန်မာနိုင်ငံ အတွင်းမှာလည်း ဝက်တွေ သေနေတာ စီးပွားဖြစ် ဝက်မွေးမြူသူ

တစ်ဦးက သူ့ခြံရှိ ဝက်တွေ သေနေတာကို live လွှင့် ပြခဲ့ပါသေးတယ်။ ဘာ့ကြောင့်ရယ်လို့ အဖြေရှာ မရသေးပေမယ့် ဈေးထဲမှာ အသား နဲ့ ငါး တွေ

ဈေးလျော့နေရင် ဈေးပေါနေရင် အထူးသတိထားပါခင်ဗျာ။ ဒီတလောတော့ အသီးအရွက်ကိုသာ များများစားသုံးစေချင်ပါတယ်။ အသားစားမှ

ပရိုတင်းဓာတ်ပြည့်ဝမှာ မဟုတ်ပါဘူး။ အသီးအရွက်တွေမှာလည်း ပရိုတင်းဓာတ်တွေ ရှိပါတယ်။ ဒါ့ကြောင့် ဒီတလောမှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြပြီး

အသီးအရွက်ကိုပဲ များများစားသုံးကြပါ။ ကြက်ဥ ၊ ဘဲဥ လည်း အန္တရာယ် ကင်းသေးတာမို့ စားသုံးလို့ရပါတယ်ခင်ဗျာ။ ဒါ့အပြင်ကို ဒီတလောမှာ

Page အချို့တွေက တရုတ်က ထုတ်တဲ့ မုန့်တွေ ဒိတ်လွန်တာတွေကို Promotion ချပြီး ရောင်းနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့်

မိန်းကလေးအများစု အရမ်းကြိုက်နှစ်သက်ကြတဲ့ Spicy ခေါက်ဆွဲ ( အတု ) တွေ ဒီတလောတော့ ရှောင်ကြဉ်လိုက်ပါခင်ဗျာ။ အရမ်းစားချင်နေရင်လည်း

Exp date ကို သေချာကြည့်ပြီးမှ ဝယ်ယူပါ။ ယခုတလောမှာ ရာသီဥတု ကလည်း ပုံမှန် မဟုတ်တဲ့ အတွက်ကြောင့် အစားအသောက်ကို သေချာလေးစားပါ။

အခန့်မသင့်တဲ့အခါ ဝမ်းပျက် ၊ ဝမ်းလျော တာတွေ ဖြစ်နိုင်တာမို့ အထူးသတိထားဖို့ ပြောကြားချင်ပါတယ်။ တိုင်းပြည်က မငြိမ်းချမ်းသေးတဲ့အခါ တခုခုဆို

ဆေးခန်း ပြဖို့တောင် ခက်ခဲနေတာ ကိုယ့်ကိုယ်ကို အထူးဂရုစိုက်ကြပါခင်ဗျာ။ မိဘပြည်သူများ အားလုံး အစစအရာရာ သတိထား ဂရုစိုက်နိုင်ကြပြီး ကျန်းမာ ပျော်ရွှင်ကြပါစေခင်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Credit