လက်ရှိ အခြေအနေတွေကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေမှာစားဝတ်နေရေးအပြင် အ ခ က်အခဲတွေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း တော်တော်များများသိမြင်ကြမှာပါ..။
တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ အသက်ပေးရင်း ဆက်လက်တော်လှန်နေကြတဲ့ သူရဲကောင်းပြည်သူတွေရှိသလို မိသားစုတွေတစ်ကွဲတစ်ပြားနဲ့
အိုးပစ်အိမ်ပစ်နဲ့ စစ်ဘေးရှောင်နေကြရသူတွေလည်းရှိကြတာမို့ ပြည်သူတွေက အချ င်းချင်းကူညီလှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်..။
ဒီကနေ့မှာတော့ အသက်အရွယ်အိုမင်းနေသလို လတ်တလောအခြေအနေတွေကြောင့် သားတွေနဲ့ ဝေးကွာနေပြီး တစ်ယောက်တည်းခက်ခက်ခဲခဲဖြ တ်သန်းနေရတဲ့
အဖွားတစ်ယောက်ရဲ့ စိတ်မကော င်းစရာ အကြောင်းအရာလေးတွေကို အသိပေးပြောပြချင်ပါတယ်..။
စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးဖို့သွားရင် တွေ့ခဲ့ရတဲ့ရှမ်းလူမျိုးအဖွားတစ်ယောက်ကတော့ စားစရာမရှိလို့
ညစ်ပတ်နေတဲ့ပုံးတစ်လုံးနဲ့ ဆွမ်းကျန်တွေလာတောင်းရင်း ကြုံ တွေ့ခံစားနေရတဲ့အခက်အခဲတွေကို ငိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်..။
“အသဲနှလုံးတွေ နာကျင်ရတဲ့နေ့တနေ့. . .ဒီနေ့အလှူသွားတဲ့ နေရာတစ်ခုမှာ ကျွန်မတို့ ပြန်ခါနီးမှ ဒီအဖွားက ပုံးအစိမ်းလေးနဲ့ ရောက်လာတယ်. . .
ဆွမ်းကျန်လေးတွေ လာတောင်းတာတဲ့. . . အဲ့က အမတစ်ယောက်က သူ့ပုံးစိမ်းလေးထဲကို ဆွမ်းကျန်တွေထည့်ပေးလိုက်တယ်. . .
ဆွမ်းကျန်တွေက ဘာလုပ်ဖို့လဲလို့ မေးကြည့်လိုက်တော့ သူစားဖို့တဲ့၊ အဖွားရဲ့ပုံးကမသန့်ဘူး ဘာတွေပေနေမှန်းမသိ. . .
ပြီးတော့သူ့ကို ဆေ းလေးနည်းနည်းလောက်ပေးဖို့တောင်းလို့Nu trivita တစ်ဘူးပေးလိုက်တယ်. . .
ငိုပြီးတော့ပြောရှာတယ် ခုကသူတစ်ယောက်ထဲနေတာတဲ့. . . တိုက်ပွဲတွေဖြစ်တော့ မော်ထဲက သူ့သားတွေက ပြန်လာလို့ရဘူးတဲ့ ပိုက်ဆံတွေလည်းပို့ပေးလို့မရလို့ မပို့ပေးကြလို့ အဖွားက စားစရာမရှိဘူးတဲ့. . .
အာ့ကြောင့် စားဖို့ ဆွမ်းကျန်လာတောင်းစားတာတဲ့. . .ကိုလူခေးလည်း အဖွားသုံးဖို့ ငွေသားလှူပေး လိုက်တယ်. . .
ကျွန်မလည်း အလှူ Budget ထဲကမဟုတ်ပဲ ကျွန်မရဲ့ မုန့်ဖိုးနည်းနည်းလေးကို အဖွားကိုလှူလိုက်တယ်. . .ပြည်သူတွေရဲ့ ဒုက္ခဘယ်ချိန်အဆုံးသတ်မှာလဲ???မအလ အာဏာရူးတွေအမြန်သေပါစေ. . .
အပြစ်မဲ့တဲ့ ပြည်သူတွေ မိသားစုတကွဲတပြား နေနေရတယ်. . . တချို့တွေဆို မိသားစု မစုံတော့ဘူး. . . ..” ဆိုပြီးတော့ ကူညီဖေးမခဲ့တဲ့ ပြည်သူတ စ်ဦးက
အဖြစ်အပျက်လေးတွေကို စိတ်မကောင်းစွာရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
ပြည်သူတွေကလည်း အဖွားကြုံတွေ့နေရတဲ့အခက်အခဲတွေကို စာနာဝမ်းနည်းကာ အားပေးရင်း ကူညီလှူဒါန်းချင်ကြတဲ့အကြောင်းတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd-Original Post