ရှားရှားပါးပါးအပြင်မှာဖူးတွေ့မြင်နိုင်မယ့် မြတ်စွာဘုရားရှင် ၏ ခြေတော်ရာအစစ်နှစ်ဆူကို ဖူးမြော်နိုင်ကြစေရန်ရည်ရွယ်ပြီးတ င်ပေးလိုက်ပါတယ်။ မြောက်ဦးဆရာတော်ဘုရားကြီးရဲ့ကောင်း မှုကြောင့်မကြာခင်မှာဖူးမြော်ခွင့်ရရှိတော့မယ်မြတ်ဗုဒ္ဓ၏မအီခြေတော်ရာအစစ်(နှစ်ဆူ)အကြောင်း
မဟာသက္ကရာဇ် (၁၂၃) တွင်ရခိုင်ပြည့်ရှင် စန္ဒာသူရိယမင်း၏ အဓိဌာန်ပြုပင့်လျှောက်ချက်အရ မြတ်စွာဘုရားရှင်သည်ရဟ န္တာ ငါးရာခြံရံလျက်၊ ဒေသစာရီ ကောင်းကင်ခရီးဖြင့် ကြွမြန် းတော်မူခဲ့ပါသည်။ တရားဟောကြားတော်မူပြီးနောက် မင်း ကြီး၏ တောင်းပန်လျှောက်ထားချက်အရ၊
ကိုယ်စားတော်အဖြစ်မုနိလေးဆူကိုရင်ငွေ့တော် ခုနှစ်အုပ်သွင်းကာ သွန်းလုပ်ပူဇော်ဖို့ ခွင့်ပြုတော် မူပြီးနောက်၊ တောင်စဉ်ခုနှစ်ခရိုင်သို့ ဆက်လက်၍ ဒေသစာရီ ကြွမြန်းတော်မူခဲ့သည်။ ဘုရားရှင်သည် မအီ၊ အမ်း၊ မန်း မြစ်သုံးခုစတင်စီးဆင်းရာ၊ တြိနဒီတောင် (မြင်မတိန်) တောင်သို့
ရောက်ရှိတော်မူသောအခါ၊ လက်ယာတော်ရံ ရှင်မဟာသာရိပုတ္တရာကိုယ်တော်၏လျှောက်ထား မှုကြောင့်၊ဘုရားရှင်သည် ဤနေရာဒေသ၌ နုစဉ်ဘဝအခါကာလကကျင်လည်ပြီး၊ ပါရမီဖြည့်ဆည်းတော်မူကြောင်းကိုဟောကြားတော်မူကာ၊ဤတောင် ခြေ မအီမြစ်ကမ်းပါးဘေးဝယ်၊
နောင်အခါ မြို့ငယ်တစ်ခုတည်၍ မဟိ (မအီ) မြို့ဟုတွင်လတ္တံ့ဟုအစချီ၍၊ ဤဒေသ၌ “ငါဘုရား ဓါတ်တော်၊ မွေတော်မျ ားစွာကိန်းဝပ်တော်မူလိမ့် မည်” ဟုဗျာဒိတ်တော်စကားမိန့်ကြားကာ ထားတော်မူခဲ့ပါသည်။ ထိုမှတဖန် မအီချောင်းဖျားရှိ နာဠာဂီရိတောင်သို့ ကြွတော်မူပြီး၊
တြိသလေမည်သောဆင့်တင်တောင်ကျောက်ဆောင်တွင်ဆင်မင်းဘဝကျင်လည်၍၊ ဆင်ညီတော်ဆင်ငယ်ဖြစ်ခဲ့ဖူးသောအ ညာတောင်ရွာသား မုဆိုးကြီး ဦးစံလှအား ငါဘုရားသည် “ဆင်မင်းဘဝ ဤနေရာ၌ကျင်လည်ကျက်စားကာပါရမီဖြည့်ဆည်းတော်မူခဲ့ပြီး၊ ဒကာတော်ဦးစံလှမှာ
ငါဘုရားလောင်းဆင်မင်း၏ ညီတော် ဆင်ငယ်ဖြစ်ခဲ့ကြောင်း၊ မဟီမြစ်အတွင်းရှိ မဏိသလေရေအိုင်၌လည်းငါဘုရားသည်မဏိသလေ နဂါးမင်းအဖြစ်ကျင်လည်ခဲ့ပြန်ဖူးသေးသည်” ဟု အစချီကာ တရားဓမ္မများကိုမုဆိုးကြီးအားဟောကြားတော် မူပါသည်။ မုဆိုးကြီးသည် မြတ်စွာဘုရားရှင်၏
တရားတော်ကိုနာကြားခဲ့ပြီးနောက်အကျွတ် တရားရကာ၊ မြတ် စွာဘုရားရှင်အား ဘုရားရှင် ကိုယ်စားကိုးကွယ်ရာအဖြစ်ပေးသနားတော်မူရန်လျှောက်ထားတောင်းပန်တော်မူရာ၊ မြတ်စွ ာဘုရားသည် နောင်လာမည့် အနာဂတ်တွင် လူ၊ နတ်၊ ဗြဟ္မာ၊ သ တ္တဝါများ၊ လောကီ၊ လောကုတ္တရာ
အကျိုးတရား ဖြစ်ထွန်းမည်ကိုသိမြင်တော်မူ၍ ကိုယ်စားတော်အဖြစ် ပူဇော်နိုင်စေရန်၊ တရားဟောကြားတော်မူခဲ့သောယခု နာဠာဂီရိဆင့်တင်ကျောက်ဆောင်ပေါ်တွင်“လက်ဝဲစက်တော်ရာ” တစ်ဆူကိုလည်းကောင်း၊မဏိသလေကျောက် ဆောင်၌“ လက်ယာဘက်စက်တော်ရာ”
တစ်ဆူကိုလည်းကောင်းအဓိဋ္ဌာန်ပြုချပေးတော်မူခဲ့ပါသည်။ မုဆိုးကြီးဦးစံလှသည် မြတ်စွာဘုရားပေးသနားတော်မူသော ထိုစက်တော်ရာ နှစ်ဆူအား၊မြတ်စွာဘုရားရှင်၏ဂုဏ်တော်များကို အာရုံပြုကာ၊ ခုနှစ်ရက်တိုင်တိုင်ပူဇော်ပြီးမှရွာသို့ ပြန်လေသည်။ ထို့နောက် မင်းနှင့်တကွ
ပြည်သူများကမုဆိုးကြီး၏ ပြန်လည် ပြောပြချက်အရဘုရာ းရှင်အား သွားရောက်ဖူးမြော်ကြပြီး၊ခြေတော်ရာအနီးတွင်ရဟ န်းပြု၍ တရားအားထုတ်ကြရာ၊ တရားထူးများကိုယ်စီအသီ းသီး ရကြ၍ ကျွတ်တမ်းဝင်ကြလေကုန်၏။ ဤသို့ဖြင့် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊
မြောက်ဦးခေတ်တိုင်အောင်စည်ကားစွာ ပူဇော်မပျက်ရှိခဲ့ကြပြီး၊နောက်ပိုင်းတွင်နှစ်ပေါင်းများစွာတိုင် တိမ်မြုပ်သွားပါသ ည်။ မအီစက်တော်ရာ၏ ထူးခြားတော်မူသော ဝိသသေများ။ ကမ္ဘာပေါ်ရှိ စက်တော်ရာ (၁၂) ဆူရှိသည့်အနက်၊ တစ်ဆူတ ည်းသော “ညာဘက်”စက်တော်ရာ
ဖြစ်နေတော်မူခြင်း။ လူသူအရောက်အပေါက်နည်း၍ ဆိတ်ငြိမ်အေးချမ်းသောအရပ်တွင်ရှိ၍ မူလအတိုင်းဖူးတွေ့နိုင်ခြင်း။ တ စ်ကြိမ်တစ်ခေါက် ဖူးမြော်ပြီးပါကအကြိမ်ကြိမ် ဖူးမြင်လိုခြင်း။ လူခြေတိတ်ဆိတ်သော အခါကြီးရက်ကြီးလပြည့်နေ့များ၏ ညဘက်များတွင် ဂဠုန်၊ နဂါး၊
နတ်သိကြားဒေဝါများလာရောက်ဖူးမြော်သည်ဟု ဟူဆရသော ထွန်းလင်းသည့်လူပုဂ္ဂိုလ်များအား မြင်တွေ့ရတတ်ခြင်း။ တ ပေါင်း၊ တန်ခူး၊ ကဆုန် လများ၏ လပြည့်ညရောက်ခါနီး ညများတွင်၊ ခြေတော်ရာ တည်ရှိရာနေရာမှ၊ ရောင်ခြည်တော်များ ကွန့်မြူးတော်မူသည်ကို၊
(၅)မိုင်အကွာရှိ တောင်ပေါ်ယာတဲများကပင် ဖူးတွေ့နိုင်ခြင်း။ စက်တော်ရာအနီးတွင်တွေ့ရှိရသော ကျေးငှက်များ၊ တိရိစ္ဆာန်များ နှင့် ငါးများအား အန္တရာယ်ပြုမိပါက၊ ချက်ချင်းလက် ငင်း ပြန်၍ ဘေးဒုက္ခခံစားရခြင်း။ စက်တော်ရာများအား မသင့်လျော်သောအပြုအမူများဖြင့်
ယစ်ပူဇော်ခဲ့ကြသောကြောင့်၊ လူမျိုးတစ်စုလုံး ဘေးဆိုးကြုံကာပျောက်ကွယ်သွားရခြင်း။ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်တည်ရာနေရာဖြစ်၍၊ မြင့်မြတ်သောနေရာ ဖြစ်နေခြင်း။ ဖူးမြင်ရသူတို့၏ စိတ်နှလုံးတွင်အေးချမ်းပြီး၊ ကြည်ညိုမဆုံး ဖြစ်ကြရခြင်း။ ဗုဒ္ဓဘုရားရှင်၏စက်ခြေတော်ရာ
အစစ်ကြီး ဖြစ်တော်မူခြင်း။ ခြေတော်ရာအား ပူဇော်ကြပါက၊ချက်ချင်း လက်ငင်း၊ လောကီ လောကုတ္တရာ အကျိုးစီးပွားများ ဒိဋ္ဌခံစားစံစားရခြင်း စသည့် အထူးထူးသော အံ့ဖွယ်ဆန်းပြားတော်မူသောစက်ခြေတော်ရာများ ဖြစ်ကြပါသည်။ ထိုသို့သော စက်တော်ရာများကိုယခုအခါ
ကျေးဇူးရှင် မြောက်ဦး ဆရာတော်ဘုရားကြီးမှလမ်းပန်းဆက်သွယ် သွားလာရေး အထူး ကောင်းမွန်စေရန် နှင့် ဒကာ၊ ဒကာ မများ စက်တော်ရာများကို စိတ်ချမ်းချမ်းသာသာ ဖူးမြော်နိုင်ကြစေရန် သာသနာပြုဆောင်ရွက်တော်မူနေပါသည်။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ခရက်ဒစ် မြောက်ဦးဆရာတော်