Knowledge

မိခင်ကွယ်လွန်သွားတာ ကိုမသိပဲ မိခင်ရဲ့အခေါင်းဘေးမှာ တစ်ချိန်လုံးစောင့်ဆိုင်းနေခဲ့တဲ့ သနားစရာကလေးငယ်လေး

သေဆုံးခြင်း ဆို တဲ့အရာ ကို ကလေးငယ်လေးတွေက သူတို့လေးတွေရဲ့ ဉာဏ်ရည်နဲ့ သိနားလည်မှုမှာ နားမလည်နိုင်သေးပါဘူး။

ဒါ့ကြောင့်မို့လို့လည်း သူတို့ချစ်ရတဲ့ ခင်တွယ်ရတဲ့သူတွေ ရုတ်တရက် သေဆုံးခြင်းနဲ့ အဝေးဆုံးကိုထွက်သွားတဲ့အခါ ကလေး ငယ်လေးတွေက လက်ခံနိုင်ဖို့ခက်ခဲတတ်ကြပါ တယ်။

အခုလည်း ဖိလစ်ပိုင်က ကလေးငယ်တစ်ဦးဟာ သူရဲ့ မိခင်သေဆုံးသွားတဲ့ ရုပ်အလောင်းအ ခေါင်းအ နီးမှာပဲ တဝဲလည်လည်နဲ့ မိခင်ဖြစ်သူ အိပ်မောကျ အိပ်စက်နေတယ်လို့ ထင်ပြီး နိုးထလာမယ့်

အချိန် ကိုစောင့်ဆိုင်းနေရှာပါတယ်။ ဒီမြင်ကွင်းဟာ တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါပဲ။ ငယ်ရွယ်တဲ့အသိနဲ့ သေဆုံးသွားတယ်ဆိုတာ ဘယ်လိုအရာမျိုး အဓိပ္ပါယ်မျိုးဖြစ်တယ်ဆိုတာ မသိ တတ်ကြသေးတာပါ။

တကယ်တမ်းမှာတော့ ချစ်ရတဲ့ မိခင်တစ်ဦးဆုံးရှုံးသွားလို့ ဝမ်းနည်းမျက်ရည်နဲ့ ကြေကွဲဖွယ်ကောင်းတဲ့ အဖြစ်ကို ဒီကလေးငယ် မသိပေမယ့် အနားမှာရှိနေတဲ့ မိသားစုအသိုင်းအဝိုင်းကတော့

ဒီမြင်ကွင်းအ တွက် ဆို့နစ်ကြေကွဲနေရပါတယ်။ မိခင်ဖြစ်သူက ဘာ့ကြောင့် ဒီလောက်ထိအချိန်ကြာ အိပ်စက်နေသ လဲ ဆိုတဲ့ မေးခွန်းကို ထပ်တလဲလဲ မေးမြန်းပြီး မိ

ခင်ရဲ့ ခေါင်းတလားအနီးမှာ ကလေးငယ်လေးက စောင့်ဆိုင်းနေရှာတာပါ။ဒီမြင်ကွင်းအတွက် ကလေးငယ်လေးရဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒတွေကို ဘယ်သူကများ ဖြည့်ဆည်း ပေးနိုင်မလဲနော်။

အဝေးဆုံးကို ထွက်သွားပြီး ဘယ်တော့မှ ပြန်လာမှာမဟုတ်တော့တဲ့ မိခင်ကို မျှော် လင့်တောင့်တနေရင်း သေဆုံးခြင်းသဘောတရားကို ကလေးငယ် နားလည်အောင် ဘယ်လိုရှင်းပြ ပေးရမလဲ။

သေဆုံးခြင်းဆိုတာကတော့ ရှင်သန်ခြင်းရဲ့ အဆုံးသတ်ပါ။ လူတိုင်းဟာ တစ်နေ့မှာတော့ သေဆုံးခြင်းနဲ့အတူ ကိုယ့်ရဲ့ အချစ်ဆုံးသူတွေကို ခွဲခွာသွားကြရစမြဲပါပဲ။ ရှင်သန်ခြင်းတွေရှိလာရင် သေဆုံးခြင်းတွေလည်း ရှိလာမှာပဲပေါ့။

အခုလိုအချိန်‌ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post