အန္တရာယ်ရှိသောဗိုက်အောင့်ခြင်းများအကြောင်း
ဗိုက်အောင့်ခြင်းသည်အောင့်သည့်ဗိုက်၏တည်နေရာနှင့် အောင့်ပုံအောင့်နည်း တို့အပေါ်မူတည်၍အမျိုးမျိုးဖြစ်နိုင်ပါသည်။ ဝမ်းဗိုက်အတွင်းတွင်ရှိနေသော ကလီစာများမှလာသောပြသနာများအဖြစ်များပြီး ထို ကလီစာများ ၏ရောဂါများကိုရှာဖွေတွေ့ရှိရန်မှာ ဗိုက်အောင့်သည်ဟုပြောရုံဖြင့် ရောဂါကိုတန်းပြောရန်မဖြစ်နိုင်သကဲ့သို့ မည်သည့်ရောဂါဖြစ်နိုင်သည်ကိုသေချာစမ်းသပ်စစ်ဆေးပြီးမှသိရှိနိုင်ပါသည်။
၀မ်းဗိုက်အတွင်းတွင်မည်သည့် အရာများရှိသနည်း။
၀မ်းဗိုက်သည် နံရိုးအောက်မှစတင်ပြီး တင်ပဆုံရိုး နှင့်ဆီးခုံရိုးအပေါ်ပိုင်းအထိပါဝင်ပြီး အထဲတွင် အရေးကြီးသော အင်္ဂါများစွာရှိပါသည်။ ဝမ်းဗိုက်ကို အဓိကအားဖြင့် ၉ပိုင်းပိုင်းနိုင်ပါသည်။ ထို အပိုင်းများနှင့်ထိုနေရာတွင်အကြမ်းအားဖြင့် အောက်ပါအတိုင်းရှိနေကြပါသည်။
ညာဘက်အပေါ်ပိုင်း – အသည်းနှင့်အူသိမ်ဦးပိုင်း၊ သည်ခြေအိတ်
ဘယ်ဘက်အပေါ်ပိုင်း – အူမကြီး နှင့် ဘေလုံး
ရင်ခေါင်း ပိုင်း – အစာအိမ်နှင့်အစာရေမျို
ညာဘက်ခါးပိုင်း – အူမကြီး၊ အူသိမ် နှင့် ကျောက်ကပ်
ဘယ်ဘက်ခါပိုင်း – အူမကြီး နှင့်ကျောက်ကပ်
ချက်ပတ်လည်ပိုင်း – ပန်ကရိယ ၊အူအသေးများ နှင့်အူမကြီး
ညာဘက်အောက်ပိုင်း – အူအတက်၊ အူမကြီး၊ သားဥအိမ်
ဘယ်ဘက်အောက်ပိုင်း – အူမကြီး၊ အူအဆုံးပိုင်း နှင့် အစာဟောင်းအိမ်၊ သားဥအိမ်
ဆီးခုံအပေါ်ပိုင်း – ဆီးအိတ် ၊ သားအိမ် လမ်းကြောင်း
အထက်ပါတည်နေရာများကိုအကြမ်းဖျင်းမှန်း၍အောင့်သည်နေရာပေါ်မူတည်ပြီး ထို နေရာတွင်ရှိနေသော အင်္ဂါမှ ပြသနာတစ်ခုခုကြောင့်အဓိကအောင့်သည်ဟုမှန်းဆနိုင်ပါသည်။
သို့သော်ထိုသို့လည်းတပ်အပ်ပုံသေပြော၍မရပေ။ ဗိုက်အောင့်ခြင်း၊ဗိုက်နာခြင်းသည် နေရာရွေ့ခြင်း၊ နေရာပြောင်းလဲနေခြင်းများလည်းရှိနိုင်ပါသည်။ ထိုကြောင့်သေချာအောင်စမ်းသပ်မှု၊ စစ်ဆေးမှုများလည်းများစွာလုပ်ရန်လိုအပ်ပါသည်။
အများအားဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းတို့သည် ဝမ်းဗိုက်အတွင်းပြည့်နှက်စွာရှိနေသောကြောင့် ဗိုက်အောင့်ခြင်းအများစုသည် အဆိုပါ ရောဂါများကြောင့်အဖြစ်များတတ်ပါသည်။
ဗိုက်အောင့်ခြင်းနှင့်အတူ အခြားသောအစာအိမ်အူလမ်းကြောင်းလက္ခဏာများဖြစ်သော အန်ခြင်း၊ ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ဝမ်းလျှောခြင်း၊ လေထိုးခြင်းတို့လည်းတွဲဖက်ဖြစ်ပေါ်တတ်ပါသည်။
ညာဘက်အပေါ်ပိုင်းအောင့်ခြင်း
၀မ်းဗိုက်အပေါ်ညာဘက်ပိုင်း နံရိုးအောက်တွင်အောင့်ခြင်းဖြစ်ပေါ်ပါက ဖော်ပြထားသည့်အတိုင်းအဖြစ်နိုင်ဆုံးမှာ အသည်းရောင်ခြင်း၊ အသည်းကင်ဆာရောဂါ၊
အသည်းပြည်တည်ရောဂါ ၊ သည်းခြေကျောက်တည်ခြင်း၊သည်းခြေပြွန်ရောင်ခြင်းနှင့် အူသိမ်ဦးပိုင်းအနာသို့မဟုတ် အူသိမ် ရောင်ခြင်း တို့ဖြစ်နိုင်ပါသည်။ အသည်းသည်အစာအိမ်နှင့်အူလမ်းကြောင်းတို့၏အစာချေခြင်းလုပ်ငန်းတွင် သည်းခြေရည်ဟုခေါ်သော bile များကို အစာလမ်းကြောင်းတွင်းထုတ်ပေးခြင်းဖြင့် အစာလမ်းကြောင်းတွင်းရှိ
အစာများအထူးသဖြင့်အဆီများချေဖျက်ရာတွင်ကူညီပေးပါသည်။ အသည်းသည်ရောင်ခြင်း၊အနာဖြစ်ခြင်း၊သည်းခြေအိတ်ရောဂါများတွင် bile ကောင်းစွာမထုတ်နိုင်ခြင်းကြောင့်
အဆီများသေချာမဖြတ်နိုင်ဘဲပြည့်ခြင်း၊ကယ်ခြင်း၊ အစာမကြေခြင်း၊ လေမကြာခဏတက်ခြင်းတို့ကိုပါတွဲဖက်ခံစားရတတ်ပြီးပို၍ဆိုးရွားသောအခြေအနေများတွင်မူ အခါးရည်များ၊ အစမ်းရောင်များအန်ခြင်းကိုလည်းတွေ့ရှိရတတ်ပါသည်။
အသည်းနှင့်သည်းခြေရောဂါရှိသူများသည်အဆီများသောအစားအစာများကို ရှောင်ကြဉ်သင့်ပါသည်။
အူသိမ်ဦးပိုင်း၏တည်နေရာသည်လည်း အစာအိမ်ပြီးလျှင် ညာဘက်သို့ခွေဆင်းလျက်ရှိသောကြောင့်အူသိမ်အောင့်ခြင်းသည်လည်းဝမ်းဗိုက်အပေါ်ညာဘက်အောင့်ခြင်းဖြင့်ဖြစ်ပေါ်တတ်ပါသည်။
အူသိမ်အနာ၏လက္ခဏာသည် ဝမ်းဗိုက်ညာဘက်ပိုင်းတွင်ပိုအောင့်တတ်ပြီး အစာမရှိလျှင်ဗိုက်ဆာလျှင်ပိုအောင့်တတ်ပြီး အစာစားလိုက်လျှင် သက်သာသွားတတ်သည်။
ညဘက် အစာမရှိလျှင်ပိုပိုအောင့်တတ်သောသဘာဝရှိပါသည်။ စိတ်ဖိစီးမှု stress များလျှင်လည်းအက်စစ်အထွက်များပြီးအူသိမ်အနာများဖြစ်နိုင်သကဲ့သို့ အခြားသောအကြောင်းရင်းများဖြစ်သည့် အစာမမှန်ခြင်း၊ အစာအိမ်ပိုး H.pylori၊ အပူအစပ်နှင့်အကိုက်အခဲပျောက်ဆေးများသည်လည်းအူသိမ်အနာကိုဖြစ်စေနိုင်ပါသည်။
လူငယ်လူရွယ်အများစုအလုပ်လုပ်နေသောအရွယ်တွင်အဖြစ်များလေ့ရှိသောဗိုက်အောင့်ခြင်းမှာလည်း အဆိုပါ အူသိမ်အနာဖြစ်ရန်အလားအလာများပါသည်။
နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း( အစားစားချိန်မှန်မှန်ထားခြင်း၊ အပူအစပ်နှင့် အရက်များရှောင်ခြင်း၊အစာပျော့ပျော့စားခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း၊) အက်စစ်လျော့နည်းစေသောဆေးများသောက်ခြင်းတို့ဖြင့် အူသိမ်အနာသည်သက်သာပျောက်ကင်းနိုင်ပါသည်။
ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်း
၀မ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းအောင့်ခြင်းသည် အဖြစ်နည်းတတ်ပြီးများသောအားဖြင့် ဘေလုံးတွင်ပြည်တည်ခြင်း၊ ဘေလုံးကြီးခြင်း၊ အူမကြီးရောင်ခြင်း၊ အူမကြီးကင်ဆာနှင့် အစာအိမ်သည်လည်းဘယ်ဘက်သို့နည်းနည်းရောက်နေတတ်သောကြောင့်အစာအိမ်အောင့်ခြင်းလည်းဖြစ်နိုင်ပြီးပြောရခက်ပါသည်။ သာမန်လေထိုးလေအောင့်ခြင်းများသည်လည်း အဆိုပါနေရာအောင့်ခြင်း မျိုးနှင့်လာတတ်ပါသည်။
ရင်ခေါင်းပိုင်းအောင့်ခြင်း
ရင်ခေါင်းပိုင်းအောင့်ခြင်းသည်အစာအိမ်၊အစာရေမျိုဆိုင်ရာရောဂါများကြောင့်အဖြစ်များပြီး အက်စစ်များကြောင့်အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အက်စစ်လျှံတက်သောကြောင့်အစာရေမျိုအောက်ပိုင်းရောင်ခြင်းတို့မှသည် အစာအိမ်ကင်ဆာအထိဖြစ်နိုင်ပါသည်။
အစာအိမ်မှထုတ်လုပ်ပေးသော အက်စစ်သည် ပြင်ပမှအစာနှင့်အတူပါလာသောဘတ်တီးရီးယား များကိုသေစေပြီး အစာများကိုခြေဖျက်ပေးပါသည်။
ထိုအက်စစ်သည်စားစေတတ်သောဂုဏ်သတ္တိရှိပြီး အစာအိမ်နံရံရှိဆဲလ်များမှ mucus barrier ဟုခေါ်သော အကျိအချွဲအမြှေးကို အကာအနေဖြင့်ထုတ်ပေးပြီး အစာအိမ်နံရံကိုအက်စစ်၏ စားခြင်းမှကာကွယ်ပေးပါသည်။ ထိုမျှခြေအနေအထားပျက်သွားသောအခြေအနေတွင် အက်စစ်သည် အစာအိမ်နံရံကိုစားပြီးအစာအိမ်ရောင်ခြင်းဖြစ်ပါသည်။
အစာအိမ်၏အက်စစ်ဒဏ်ကိုခံနိုင်သော အစာအိမ်ပိုးတစ်မျိုး ဖြစ်သည့် H.pylori သည်လည်းအစာအိမ်ရောင်ခြင်းကိုဖြစ်စေတတ်ပါသည်။ အခြားသောအစာအိမ်ရောင်ခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊
အပူအစပ်များစားခြင်းတို့သည် လည်းအစာအိမ်ကိုကာကွယ်ပေးသော mucus အကျိအချွဲများကိုပျက်စေပြီးအစာအိမ်ကိုအက်စစ်စားခြင်းဖြစ်ပေါ်ပြီး အစာအိမ်ရောင်ခြင်းဖြစ်တတ်ပါသည်။
အစာအိမ်ရောင်ခြင်းမှတစ်ဆင့် အက်စစ်၏စားခြင်းပိုဆိုးလာလျှင် အစာအိမ်အနာဖြစ်ခြင်း ဖြစ်ပေါ်သည်။အစာအိမ်အနာ၏ကနဦးလက္ခဏာများမှာ ဗိုက်နှင့် ရင်ခေါင်းတွင်အောင့်နေတတ်ခြင်း၊ အစားစားလိုက်လျှင်ပိုအောင့်ခြင်း၊ အချဉ်ရည်များအန်ခြင်း၊ အပူအစပ်များစားလျှင်ချက်ချင်းအောင့်လာခြင်း၊ ရင်ပူခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ တစ်ခါတရံ နှလုံးကြပ်သကဲ့သို့ရင်ဘတ်အောင့်ခြင်းလက္ခဏာများစတင်ခံစားရတတ်ပါသည်။
အစာအိမ်ကင်ဆာရောဂါ၏ ကနဦးလက္ခဏာများအဖြစ်ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း ကို ခံစားရနိုင်ပြီး မြန်မြန်ဆန်ဆန်ပင်ကင်ဆာ၏ပြန့်နှံ့ခြင်းအကျိုးဆက်များကိုခံစားရနိုင်ပါသည်။
မကြာခဏ အစာအိမ်ဆေးများသောက်နေရသည့်တိုင် မသက်သာဘဲခံစားနေရခြင်းမျိုးရှိလျှင် သေချာပြသသင့်ပါသည်။ အရေးမကြီး ဟုယူဆပြီး နေခြင်းထက် ရောဂါ အရင်းအမြစ်ကိုသေသေချာချာသိရှိပြီးကုသမှုခံယူရန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ရင်ခေါင်းတောင့်ခြင်းသည် အရေးတကြီးကုသရန်လိုအပ်သော အစာအိမ်ရောဂါ များ၏ ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။
အရေးကြီးသောလက္ခဏာ များမှာ
၁။ အသက် ၅၅ နှစ်ကျော်
၂။ ကိုယ်အလေးချိန်ကျသွားခြင်း၊ ပိန်သွားခြင်း
၃။ သွေးအားနည်းခြင်း(ဖြုဖျော့ခြင်း၊ မောပန်းလွယ်ခြင်း)
၄။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် အရင် နှင့် မတူဘဲ ပိုဆိုးလာခြင်း
၅။ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် တစ်ခါမှမဖြစ်ဖူးပဲ ခုမှစဖြစ်လာခြင်း
၆။ ဝမ်းမဲမဲသွားခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါခြင်း
၇။ အစာမျိုရခက်ခဲခြင်း၊ နင်ခြင်း
၈။ သွေးအန်ခြင်း
အထက်ပါလက္ခဏာများရှိပါက မိမိ၏ ရင်ခေါင်းတောင့်ခြင်း၊ မအီမသာဖြစ်ခြင်း သည် သာမန်ထက်ပို၍ဆိုးနိုင်သော ပြသနာဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ကုသရန် လိုအပ်ပါသည်
ညာဘက်ခါးပိုင်းသို့မဟုတ်ဘယ်ဘက်ခါးပိုင်းနာခြင်း
ခါးနေရာကျောနှင့်ကပ်လျက် ကျောက်ကပ်သည်ဘယ်တစ်လုံးညာတစ်လုံးတည်ရှိနေပြီး ကျောက်ကပ်အပေါ်ရှေ့ပိုင်းတွင်အူမကြီး ရှိပါသည်။ ထို့ကြောင့်ခါးနေရာအောင့်ခြင်း၊ နာခြင်းသည် ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းတို့ဖြစ်နိုင်ပြီး အောင့်ခြင်းသည် ကျောနောက်အောင့်ခြင်းနှင့်အတူဖြစ်ပေါ်တတ်ပါသည်။
ကျောက်သည် ကျောက်ကပ်မှတစ်ဆင့် ဆီးလမ်းကြောင်း (ureter) တစ်လျှောက်ဖြတ်ဆင်းလျှင် နာကျင်ခြင်းသည်ဆွဲဆုပ်ထားသကဲ့သို့အောင့်တတ်ပြီး ခါးမှ ပေါင် ခြံဘက်သို့နာသည့်ပုံစံမျိုးဖြစ်ပေါ်တတ်ပါသည်။ အူမကြီးသည်လည်း ကျောက်ကပ်အပေါ်ကပ်လျက်ရှိနေသောကြောင့်လေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာကဲ့သို့ရောဂါများရှိနေလျှင်လည်းအဆိုပါနေရာများနာကျင်ခြင်းသည်အဖြစ်များတတ်ပါသည်။
ချက်ပတ်လည်ပိုင်းနာကျင်ခြင်း
ချက်ပတ်လည်ပိုင်းနာကျင်ခြင်းသည် ပန်ကရိယ ဟုခေါ်သောမုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များတတ်ပါသည်။ ပန်ကရိယသည် ကျောဘက်ကပ်ရပ်နားတွင်ရှိနေသောကြောင့် မုတ်ချိုအိတ်ကြောင့်ဖြစ်သောဗိုက်အောင့်ခြင်းသည် ကျောနှင့်ရင်နှင့်ညှပ်အောင့်ခြင်းဖြစ်တတ်ပါသည်။ အရက်သောက်ခြင်း၊
သည်းခြေကျောက်သည်မုတ်ချိုအိတ်ပြွန်တွင်တည်ခြင်း တို့ကြောင့်မုတ်ချိုအိတ်ရောင်ခြင်းအဖြစ်များပါသည်။ အူအတက်ရောင်ခြင်းတွင်လည်းတစ်ခါတရံတွင် ချက်ပတ်လည်နာခြင်းနှင့်အစပြုတတ်ပါသည်။ ချက်ပတ်လည်တွင် အူအခွေများလည်းရှိနေသောကြောင့် ဝမ်းကိုက်ခြင်း၊ အူရောင်ခြင်းတို့တွင်ချက်ပတ်လည်အောင့်ခြင်းဖြစ်တတ်သဖြင့် ချက်ပတ်လည်အောင့်ခြင်းသည်သေချာစမ်းသပ်ပြီးမှပြောနိုင်ပါသည်။
ညာဘက်အောက်ပိုင်းအောင့်ခြင်း
ဗိုက်ညာဘက်အောက်ပိုင်းအောင့်ခြင်းအများစုသည် အူအတက်ရောင်ခြင်းဖြစ်တတ်ပြီး အူအတက်ရောင်ခြင်းသည် အူအတက်ပေါက်ခြင်းအထိဖြစ်နိုင်ပြီးအသက်အန္တရာယ် စိုးရိမ်ရတတ်ပါသည်။ အူအတက်ရောင်ခြင်း၊ အူအတက်ပေါက်ခြင်းတို့၏ဗိုက်အောင့်ခြင်းသည်ရုတ်တရတ်တစ်ရက်နှစ်ရက်အတွင်းဖြစ်တတ်ပြီး အန်ခြင်း၊ ဖျားခြင်းတို့နှင့်တွဲတတ်ပါသည်။
အူအတက်ပေါက်ခြင်းကဲ့သို့ပင် သန္ဓေသားသားဥပြွန်တွင်တည်ပြီး သားဥပြွန်ပေါက်ထွက်ခြင်းသည်လည်းခွဲမရအောင်တူတတ်ပါသည်။ ဗိုက်ညာဘက်အောက်ဘက် အောင့်ခြင်းသည် အခြားသောအူရောင်ရောဂါ၊အူ တီဘီရောဂါ၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း၊ အမျိုးသမီဆိုင်ရာသားဥအိမ်ရောဂါများနှင့်အူမကြီးကင်ဆာဟူ၍မျိုးစုံဖြစ်နိုင်ပါသည်။
၇။ဘယ်ဘက်အောက်ပိုင်း အောင့်ခြင်း
၀မ်းဗိုက်၏ဘယ်ဘက်အောက်ပိုင်းတွင် အူမကြီးအဆုံးပိုင်းနှင့်အစာဟောင်းအိမ်ရှိနေသောကြောင့် ဝမ်းချုပ်ခြင်း၊ စမျင်းပိတ်ပြီး အူပိတ်ခြင်း၊ အူမကြီးကင်ဆာကြိတ်များနှင့်အူပိတ်ခြင်းတို့သည်အဖြစ်များတတ်ပြီးအမျိုးသမီးများတွင် သားဥအိမ်၊ သားဥပြွန် နှင့်ပတ်သက်သောရောဂါတို့အဖြစ်များတတ်သဖြင့် သေချာစမ်းသပ်ကုသမှုခံယူသင့်ပါသည်။
ဆီးခုံအပေါ်ပိုင်းအောင့်ခြင်း
ဆီးခုံဟုဆိုသည့်အတိုင်းဆီးအိမ် သည် ဆီးခုံရိုးအောက်တည့်တည့်တွင်ရှိပါသည်။ ဆီးအိမ်၏အနောက်ဘက်တွင် အမျိုးသမီးများတွင်သားအိမ်ရှိနေသောကြောင့် ဆီးစပ်ကိုက်ခြင်း သည်အများအားဖြင့် ပုံမှန်ရာသီလာစဉ်ကိုက်ခဲခြင်းသို့မဟုတ် မိန်းမကိုယ်လမ်းကြောင်းပိုးဝင်ခြင်းတို့အဖြစ်များတတ်ပြီးတစ်ခါတရံတွင် ဝမ်းကိုက်ခြင်းသည်လည်းဆီးစပ်ကိုက်ခြင်း၊ ဝမ်းမကြာခဏသွားချင်ချင်ဖြစ်ခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။
ကျန်းမာရေးအတွက် အရေးကြီးဆုံးသော အရာမှာ ကျန်းမာရေးဗဟုသုတပင်ဖြစ်ပါသည်။ စောလျင်စွာ ကြိုတင်ကာကွယ် ကုသမှု ခံယူပြီး ပျောက်ကင်းနိုင်မည်ဖြစ်ပါသည်။
ကိုးကား-fm Doctor
credit: အခမဲ့
Unicode
ရိုးရိုးအောင့်တာလား ၊ အန္တရာယ်ရှိသောဗိုက်အောင့်ခြင်းလား ခွဲခြားမယ်