Knowledge

လူတစ်ယောက်က မြတ်ဗုဒ္ဓကိုမေးတယ်” ကျနော်တို့ တရားထိုင်ရင် ဘာတွေရနိုင်သလဲ ”

လူတစ်ယောက်က မြတ်ဗုဒ္ဓကိုမေးတယ်” ကျနော်တို့ တရားထိုင်ရင် ဘာတွေရနိုင်သလဲ ”မြတ်ဗုဒ္ဓက ပြန်ဖြေတယ် ” ဘာမှမရဘူး” တဲ့။” ဒါဆို ကျနော်တို့ ဘာကိစ္စတရားထိုင်တော့မှာလဲတဲ့ ” ထိုသူက ထပ်ပြောတယ်။မြတ်ဗုဒ္ဓက ပြန်ဖြေတယ်။
” ဒါပေမယ့် ငါ့မှာ ဆုံးရှုံးသွားတဲ့အရာတွေကိုတော့ မင်းကိုပြောပြနိုင်တယ်၊ ဘာတွေလဲဆိုတော့ ..
ဒေါသ၊ မောဟ၊ အမုန်းနဲ့ မကောင်းမြင်တတ်တဲ့စိတ်တွေဖြစ်တယ်၊ ဒါ့အပြင် စိတ်ထဲက အမှောင့်တရားတွေလည်း ဆုံးရှုံးသွားတယ်။ တစ်ကိုယ်ကောင်းဆန်မှု၊ တွေဝေမှု၊ လောဘကြီးမှု ဆိုတဲ့အဆိပ်ကြီးသုံးခုလည်း ဆုံးရှုံးသွားတယ် ”အဓိပ္ပါယ် အင်မတန်လေးနက်သည်။
==================
လူတိုင်းဒီကမ္ဘာမြေပေါ် ရောက်လာပြီဆိုကတည်းက ကိစ္စနှစ်ရပ်ကို မလွဲမသေဖြတ်ကျော်ရမယ်။မွေးဖွားခြင်း နှင့် သေဆုံးခြင်း။ကိစ္စတစ်ခုကို ဖြတ်ကျော်ပြီးပြီမယ့် နောက်တစ်ခု ကိုကော ?၁။ ရေစက်ကြောင့်တွေ့ဆုံရတယ်၊ ရေစက်ကုန်တဲ့အခါ ခွဲခွာကြရတယ်။ လာသင့်တဲ့သူက သူ့ကိုယ်သူ လာပြီး ခွဲခွာသင့်တဲ့သူကို တားမရဘူး။ လာတဲ့သူကို ဝမ်းပန်းတသာကြိုဆိုပြီး ခွဲခွာသွားတဲ့သူကို ပျော်ပျော်ကြီးလိုက်ပို့လိုက်ပေါ့။ အားလုံးက ကံစီရာမံအတိုင်းပါပဲ။ ကံရေစီးနဲ့သင့်ရာကို သဘာဝအတိုင်း စုန်သွားတာ အေးချမ်းပါတယ်။၂။ အသိဉာဏ်မြင့်တဲ့သူဟာ ဘယ်တော့မှ သူတစ်ပါး ပါးစပ်ထဲမှာ မရှင်သန်နေဘူး၊ သူတစ်ပါးရဲ့ အမြင်ထဲမှာ မရှင်သန်ဘူး။ မိမိကိုယ်တိုင်စိတ်တစ်ခုထဲနဲ့အသက်ရှင်တယ်။ မိမိအကျင့်ကောင်းကိုသာ ဦးစားပေးတယ်။ ရေစက်ဆုံတာ၊ကုန်တာကို ဂရုမစိုက်ဘူး။ ဘာမှမလိုချင်လို့ဘာမှ မတောင့်တဘူး။ စိတ်က သဘာဝနဲ့ သဟဇာတဖြစ်နေတယ်။ အမြဲငြိမ်းအေးနေတယ်။ စိတ်ဟာ အမြဲလွတ်လပ်နေတယ်။ ခေါင်းထဲမှာအမြဲတရားဓမ္မတို့နဲ့ ပျော်မွေ့နေတယ် ။ အများနဲ့ဆက်ဆံဖို့ မျက်နှာဖုံးအတု တပ်စရာမလိုဘူး ။၃။ လူ့ဘဝရဲ့ အကြီးမားဆုံးနာကျင်မှုက စိတ်နဲ့ကိုယ်နဲ့မကပ်တာပဲ။ သင်သိမသိ၊ ဝန်ခံမခံတော့မသိဘူးပေါ့။
စိတ်ကို အေးချမ်းလှပအောင်ထားပြီး ဦးနှောက်ကို အရှုပ်ထုတ်ကိစ္စတွေ မစဉ်းစားခိုင်းရင် အမုန်းမပိုက်ထားတဲ့ အသည်းနှလုံးတစ်ခုရှိရင် အသက်ရှုရတာပေါ့ပါးပြီး လူဖြစ်ရတာ ပျော်ရွှင်စရာကြီးပါ။ စိတ်ကို လေဟာနယ်ကြီးတစ်ခုလို အမြဲရှင်းထားပြီး ငြိမ်သက်အေးချမ်းမှုအချိန် တစ်ခုအမြဲပေးပေးပါ။ ကုသိုလ်ကောင်းမှုလုပ်ပြီး သူတစ်ပါးကိုကူညီပါ။၄။ တကယ့်တရားထိုင်ခြင်းက နာရီအရေအတွက်မဟုတ်ပါဘူး။ နားကနေ ပန်းပွင့်လာတဲ့ အသံတောင်ကြားနိုင်လောက်အောင် စိတ်က ကြည်လင်နေမယ်၊ လှိုင်းတစ်ချက်တောင်မရှိဘဲ ငြိမ်သက်နေတဲ့ရေပြင်တစ်ခုလိုဖြစ်နေမယ်။ ဘာမှဆုပ်ကိုင်စရာမရှိတဲ့ လေဟာနယ်ထဲကိုရောက်နေမယ်။

အိပ်ရင်းတရားမှတ်နိုင်တယ်၊ ထိုင်ရင်းတရားမှတ်တယ်၊ စားရင်းတရားမှတ်တယ်။၅။ ဓာတ်ကြီးလေးပါးဟာ မတည့်ကြဘူး။ အမြဲတစ်ခုကို တစ်ခု တွန်းထုတ်တိုက်ခိုက်နေတယ်။ ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇော၊ ဆိုတဲ့ မြေ၊ ရေ၊ မီး၊ လေ။ ပထဝီဓာတ်ဖြစ်တဲ့သစ်သားကို မီးက လောင်မြိုက်တယ်။ မီးကို လေနဲ့ ရေက ငြိမ်းတယ်။ သဲနဲ့ဖို့ငြိမ်းတယ်။ ရေကိုမီးနဲ့အငွေ့လုပ်ပစ်တယ်၊ လေထဲမှာပါတဲ့ အောက်စီဂျင်ကို မီးက လောင်ကျွမ်းတယ်။
လူကိုယ်က ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာမို့ တစ်ခုကိုတစ်ခု အမြဲတွန်းထုတ်နေတယ်။ ဆဲလ်တွေ စဉ်ဆက်မပြတ်ဖြစ်နေတယ်၊ ပျက်စီးနေတယ်။ အသားဆိုတဲ့ ပထဝီဓာတ်၊ သွေးနဲ့အရည်ဆိုတဲ့ အာပေါဓာတ်၊ ခန္ဓာကိုယ်ထဲက အစာချေဖျက်နိုင်တဲ့ မီးဆိုတဲ့တေဇောဓာတ်၊ ရှုရှိုက်တဲ့ကိုယ်ထဲက လေဓာတ် တစ်ခုကိုတစ်ခုအမြဲ သဟဇာတ ဖြစ်ဖို့ကြိုးစားရင်း တိုက်ခိုက်နေကြတယ်။

၆။ ငါ ဆိုတာ ဘာလဲ?
ငါ့ဆီမှာမျက်လုံး ရှိတယ်။ ခြေလက်ရှိတယ်။
ဒါဆို မျက်လုံးကို လူလို့ခေါ်တာလား၊ ခြေလက်ကို လူလို့ခေါ်တာလား? ဒါဆို မျက်လုံးဆိုတာကကော ဘာလဲ? မျက်ကြည်လွှာကိုမျက်လုံးလို့ခေါ်တာလား၊ မျက်လုံးအဆံနက်ကို မျက်လုံးလို့ခေါ်တာလား၊တကယ်လို့ လူကို အလုံးကြီးတစ်ခုလုပ်လိုက်မယ်ဆို အဲဒီအသားလုံးကြီးက လူဖြစ်သေးရဲ့လား။

တကယ်တော့ ပညတ်( တကယ်မရှိတာနဲ့) ပရမတ် ( တကယ်ရှိတာ) ဆိုပြီး နှစ်မျိုးရှိတယ်။
လူဆိုတာ တကယ်တော့ အခေါ်အဝေါ် တစ်ခုပါ။ တစ်ကယ်မရှိပါဘူး။ ဒါဆို ကျနော်တို့က တကယ်မရှိတဲ့ငါ အပေါ် ဘာဖြစ်လို့ မာနတွေကြီးနေရတာလဲ၊ အာဃာတတွေထားနေရတာလဲ။ အားလုံးကိုနားလည်ပြီး လွှတ်ချလိုက်ပါ။၇။ လူ့ဘဝမှာ ဖြစ်ပေါ်လာတဲ့အရာတိုင်းကို ပိုင်ဆိုင်ချင်လို့မရပါဘူး၊ ဖြတ်သန်းသွားခွင့်ပဲပေးလို့ရမယ်။
ကျနော်တို့အားလုံးဟာ အချိန်တစ်ခု၊ ခေတ်တစ်ခုရဲ့ ဧည့်သည်အချို့ပါ။ တစ်နေ့မှာ ကျနော်တို့လည်း အရာအားလုံးကို နှုတ်ဆက်ရမှာ…..
Credit