Knowledge

သမင်မကြီးရဲ့ကံအကွယ်မှာ

ကံအကွယ်မှာ

သမင်မကြီးဟာ
ကိုယ်ဝန်အရင့်အမာနဲ့
မွေးခါနီးဖွားခါနီး
ယာတောစပ်က
မြစ်ကမ်းဘေးမှာ
ထိုင်ချလိုက်တယ်။
ကလေးမွေးတော့အံ့ဆဲဆဲ

အချိန်မှာ
မိုးသည်းထန်စွာရွာချတယ်။
မိုးနဲ့အတူ မုန်တိုင်းပါ
ပါလာတဲ့အတွက်
ကောင်းကင် တစ်ခွင်ဟာ
ကြောက်စရာကောင်းလောက်အောင်
မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။

မုန်တိုင်းကြောင့်
မြစ်ရေပြင်ဟာလည်း
တဝုန်းဝုန်းနဲ့
ကြမ်းသထက် ကြမ်းလာတယ်။
အဲ့ဒီအချိန်မှာပဲ ယာတောထဲကို
မိုးကြိုးပစ်ချ လိုက်တဲ့အခါ
ယာတောခင်းကြီး ဟာလည်း
မီးထလောင်တယ်။

သမင်မကြီးရဲ့အနောက်မှာတော့
မုဆိုးတစ်ယောက်ဟာ
မြှားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။
အရှေ့မှာလည်း
ကျားတစ်ကောင်ဟာ
သမင်မကြီးကို
ခုန်အုပ်ဖို့ပြင်နေပြီ။
ကဲ… သမင်မကြီး
ဘာလုပ်မယ် ထင်သလဲ။

အရှေ့မှာကျား၊
အနောက်မှာ မုဆိုး၊
တောင်မှာ မီး၊
မြောက်မှာ ရေ၊
မိုးပေါ်မော့ကြည့်ရင်
လျှပ်စီးတွေနဲ့
အောက် မှာ မြေပြင်။
သမင်မကြီးဟာ
လွတ်လမ်းလုံးဝမရှိတော့တဲ့အခါ
ဘာလုပ်မယ် ထင်ကြလဲ

သမင်မကြီးဟာ
စိတ်ကိုအငြိမ်ဆုံး
ထားပြီးတော့သူမွေးရမယ့်ရင်သွေးကိုပဲ
မဖြစ်ဖြစ်အောင်
မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ ကျယ်လောင်စွာ
မိုးချိန်းလိုက်တာ မုဆိုးဟာ
ဟန်ပျက်သွားခဲ့တယ်။

ဟန်ချက်ပျက်တော့
ပစ်လွှတ်လိုက်တဲ့ မြှားဟာ
အလိုက်သင့်လေး ခုန်အုပ်နေတဲ့
ကျားကို ပစ်မိ သွားတယ်။
ဒါပေမယ့် ချက်ကောင်းကို မထိ။

အဲ့ဒီမှာ ကျားဟာ
အထိနာသွားတဲ့ အခါမှာတော့
မြှားရှင်မုဆိုးဘက်ကို ဦးတည်
ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။

မုဆိုးနဲ့ကျားဟာ
လုံးရင်းထွေးရင်းနဲ့
မြစ်ထဲကျ သေသွားပြီး
ယာတောမီးဟာလည်း
မိုးရေကြောင့် ငြိမ်းသွားတယ်။

နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ
မြစ်ရေဟာ ပြန်လည်
ငြိမ်သက်လာတယ်။
သမင်မကြီးဟာ ရင်သွေးလေးကို
အောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။

သင်ခန်းစာ –

Credit -🙏🙏🏼🙏
✍️✍️ ဓမ္မအလင်းရောင်

Unicode

ကံအကွယ်မှာ
♨♨♨♨♨
သမင်မကြီးဟာ
ကိုယ်ဝန်အရင့်အမာနဲ့
မွေးခါနီးဖွားခါနီး
ယာတောစပ်က
မြစ်ကမ်းဘေးမှာ
ထိုင်ချလိုက်တယ်။
ကလေးမွေးတော့အံ့ဆဲဆဲ

အချိန်မှာ
မိုးသည်းထန်စွာရွာချတယ်။
မိုးနဲ့အတူ မုန်တိုင်းပါ
ပါလာတဲ့အတွက်
ကောင်းကင် တစ်ခွင်ဟာ
ကြောက်စရာကောင်းလောက်အောင်
မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။

မုန်တိုင်းကြောင့်
မြစ်ရေပြင်ဟာလည်း
တဝုန်းဝုန်းနဲ့
ကြမ်းသထက် ကြမ်းလာတယ်။
အဲ့ဒီအချိန်မှာပဲ ယာတောထဲကို
မိုးကြိုးပစ်ချ လိုက်တဲ့အခါ
ယာတောခင်းကြီး ဟာလည်း
မီးထလောင်တယ်။

သမင်မကြီးရဲ့အနောက်မှာတော့
မုဆိုးတစ်ယောက်ဟာ
မြှားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။
အရှေ့မှာလည်း
ကျားတစ်ကောင်ဟာ
သမင်မကြီးကို
ခုန်အုပ်ဖို့ပြင်နေပြီ။
ကဲ… သမင်မကြီး
ဘာလုပ်မယ် ထင်သလဲ။

အရှေ့မှာကျား၊
အနောက်မှာ မုဆိုး၊
တောင်မှာ မီး၊
မြောက်မှာ ရေ၊
မိုးပေါ်မော့ကြည့်ရင်
လျှပ်စီးတွေနဲ့
အောက်မှာ မြေပြင်။
သမင်မကြီးဟာ
လွတ်လမ်းလုံးဝမရှိတော့တဲ့အခါ
ဘာလုပ်မယ် ထင်ကြလဲ။
သမင်မကြီးဟာ
စိတ်ကိုအငြိမ်ဆုံး
ထားပြီးတော့

သူမွေးရမယ့်ရင်သွေးကိုပဲ
မဖြစ်ဖြစ်အောင်
မွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီအချိန်မှာ ကျယ်လောင်စွာ
မိုးချိန်းလိုက်တာ မုဆိုးဟာ
ဟန်ပျက်သွားခဲ့တယ်။
ဟန်ချက်ပျက်တော့
ပစ်လွှတ်လိုက်တဲ့ မြှားဟာ
အလိုက်သင့်လေး ခုန်အုပ်နေတဲ့
ကျားကို ပစ်မိ သွားတယ်။
ဒါပေမယ့် ချက်ကောင်းကို မထိ။

အဲ့ဒီမှာ ကျားဟာ
အထိနာသွားတဲ့ အခါမှာတော့
မြှားရှင်မုဆိုးဘက်ကို ဦးတည်
ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။

မုဆိုးနဲ့ကျားဟာ
လုံးရင်းထွေးရင်းနဲ့
မြစ်ထဲကျ သေသွားပြီး
ယာတောမီးဟာလည်း
မိုးရေကြောင့် ငြိမ်းသွားတယ်။
နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ
မြစ်ရေဟာ ပြန်လည်
ငြိမ်သက်လာတယ်။
သမင်မကြီးဟာ ရင်သွေးလေးကို
အောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။
သင်ခန်းစာ –

Credit -🙏🙏🏼🙏
✍️✍️ ဓမ္မအလင်းရောင်