အိႏၵိယႏိုင္ငံက အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးဟာ အလြန္တရာမွ ရွားပါးလြန္းလွတဲ့ ထူးဆန္းေသာ အေရျပား သေႏၶေျပာင္းလဲမႈေရာဂါတစ္ခုေၾကာင့္ လူစင္စစ္ကေန ေက်ာက္တုံး ေက်ာက္ဆိုင္ဘဝကို တျဖည္းျဖည္း ေျပာင္းလဲလာေနပါတယ္။
သူမရဲ႕အေရျပားေတြမွာ တက္ေနတဲ့ ထူထဲလွတဲ့ အသားမာႀကီးေတြဟာ ေက်ာက္တုံး ေက်ာက္သားႀကီးေတြလို မာေက်ာလြန္းလွပါတယ္။
အလြန္သနားစရာေကာင္းတဲ့ ကေလးမေလး ရာဂ်က္စ္ဝါရီ ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးမွာ မ်က္ႏွာနဲ႔ ရက္ဘတ္ပိုင္းေလးသာ ကြက္က်န္ၿပီး တစ္ကိုယ္လုံးမွာ ေက်ာက္သားဆိုင္ႀကီးေတြလို အသားမာထုႀကီးေတြ ၾကမ္းတမ္းစြာ တက္ေနပါတယ္။
အခုလိုေရာဂါမ်ိဳးဟာ ရွားပါးလြန္းတဲ့ မ်ိဳးဗီဇသေႏၶေျပာင္းလဲမႈေၾကာင့္ ျဖစ္ရတာျဖစ္ၿပီး တစ္ကမာၻလုံးမွာမွ အခုလိုအမႈေပါင္း ၂၄ ခုပဲရွိတယ္လို႔ သိရပါတယ္။
ဒီေရာဂါဟာ ကုသလို႔မရႏိုင္ေသးပဲ လူ႔ခႏၶာကိုယ္ရဲ႕ အေရျပားျဖစ္စဥ္ကို ထိုးႏွက္တိုက္ခိုက္တဲ့ ေရာဂါျဖစ္ပါတယ္။ ကေလးေလးဟာ အသက္အ႐ြယ္နဲ႔ မမွ်ေအာင္ သူမ ထိုင္ထလႈပ္ရွားမႈေတြ လုပ္လိုက္တိုင္း နာက်င္မႈကို ဆိုးဆိုး႐ြား႐ြား ခံစားေနရပါတယ္။
တဲအိမ္ေလးေရွ႕က ကြပ္ပ်စ္ေလးေပၚမွာ ထိုင္ေနတဲ့ ရာဂ်က္စ္ဝါရီ ရဲ႕ ဓါတ္ပုံဟာ စိတ္မခ်မ္းေျမ့ဖြယ္ေကာင္းၿပီး တစ္ကိုယ္လုံးနီးပါး ေက်ာက္တုံးႀကီးလို ျဖစ္ေနတာကို ေတြ႕ရပါတယ္။
ဒီေရာဂါဟာ ေသေစႏိုင္ေလာက္တဲ့ထိ မဆိုး႐ြားေပမယ့္ တစ္ေန႔တစ္ျခား သူမရဲ႕ လႈပ္ရွားႏိုင္မႈေတြမွာ အကန႔္အသတ္ရွိလာပါတယ္။ လႈပ္ရွားမႈတိုင္းက သူမကို နာက်င္ေစပါတယ္။
ဒီေရာဂါဟာ ေဆးသိပၸံသုေတြသီေတြအတြက္ေတာ့ ကုသႏိုင္သည့္ ေဆးရွာမေတြ႕ေသးပဲ အခက္ေတြ႕ေနရတဲ့ ေရာဂါျဖစ္ပါတယ္။ ဒီေရာဂါကို ထိန္းခ်ဳပ္မယ္ဆိုရင္လည္း ေဘးထြက္ဆိုးက်ိဳးေတြ အမ်ားႀကီးရွိေနတဲ့အတြက္ အခုခ်ိန္ထိေတာ့ ကုရာနတၳိေဆးမရွိေသးတဲ့ ဝဋ္နာကံနာ တစ္မ်ိဳးျဖစ္ပါတယ္။
Credit
Unicode
လူစင်စစ်ကနေ ကျောက်တုံးဘဝ ပြောင်းလဲနေတဲ့ သနားစရာ မိန်းကလေးငယ်
အိန္ဒိယနိုင်ငံက အသက် ၇ နှစ်အရွယ် မိန်းကလေးဟာ အလွန်တရာမှ ရှားပါးလွန်းလှတဲ့ ထူးဆန်းသော အရေပြား သန္ဓေပြောင်းလဲမှုရောဂါတစ်ခုကြောင့် လူစင်စစ်ကနေ ကျောက်တုံး ကျောက်ဆိုင်ဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။
သူမရဲ့အရေပြားတွေမှာ တက်နေတဲ့ ထူထဲလှတဲ့ အသားမာကြီးတွေဟာ ကျောက်တုံး ကျောက်သားကြီးတွေလို မာကျောလွန်းလှပါတယ်။
အလွန်သနားစရာကောင်းတဲ့ ကလေးမလေး ရာဂျက်စ်ဝါရီ ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်နှာနဲ့ ရက်ဘတ်ပိုင်းလေးသာ ကွက်ကျန်ပြီး တစ်ကိုယ်လုံးမှာ ကျောက်သားဆိုင်ကြီးတွေလို အသားမာထုကြီးတွေ ကြမ်းတမ်းစွာ တက်နေပါတယ်။
အခုလိုရောဂါမျိုးဟာ ရှားပါးလွန်းတဲ့ မျိုးဗီဇသန္ဓေပြောင်းလဲမှုကြောင့် ဖြစ်ရတာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ အခုလိုအမှုပေါင်း ၂၄ ခုပဲရှိတယ်လို့ သိရပါတယ်။
ဒီရောဂါဟာ ကုသလို့မရနိုင်သေးပဲ လူ့ခန္ဓာကိုယ်ရဲ့ အရေပြားဖြစ်စဉ်ကို ထိုးနှက်တိုက်ခိုက်တဲ့ ရောဂါဖြစ်ပါတယ်။ ကလေးလေးဟာ အသက်အရွယ်နဲ့ မမျှအောင် သူမ ထိုင်ထလှုပ်ရှားမှုတွေ လုပ်လိုက်တိုင်း နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။
တဲအိမ်လေးရှေ့က ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေတဲ့ ရာဂျက်စ်ဝါရီ ရဲ့ ဓါတ်ပုံဟာ စိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး တစ်ကိုယ်လုံးနီးပါး ကျောက်တုံးကြီးလို ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီရောဂါဟာ သေစေနိုင်လောက်တဲ့ထိ မဆိုးရွားပေမယ့် တစ်နေ့တစ်ခြား သူမရဲ့ လှုပ်ရှားနိုင်မှုတွေမှာ အကန့်အသတ်ရှိလာပါတယ်။ လှုပ်ရှားမှုတိုင်းက သူမကို နာကျင်စေပါတယ်။
ဒီရောဂါဟာ ဆေးသိပ္ပံသုတွေသီတွေအတွက်တော့ ကုသနိုင်သည့် ဆေးရှာမတွေ့သေးပဲ အခက်တွေ့နေရတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါကို ထိန်းချုပ်မယ်ဆိုရင်လည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိနေတဲ့အတွက် အခုချိန်ထိတော့ ကုရာနတ္ထိဆေးမရှိသေးတဲ့ ဝဋ်နာကံနာ တစ်မျိုးဖြစ်ပါတယ်။
Credit