Uncategorized

မိသားစုအတွက် ပေးဆပ်ရတဲ့ အိမ်ရှင်မဆိုတာ(အိမ်ရှင်မ တစ်ဦးရဲ့ ရင်ဖွင့်သံ)

ကျွန်မက အိမ်ရှင်မ တစ်ဦးပါ။တစ်ရက်အလုပ်ချိန် ၂၄ နာရီ ရှိပါတယ်။ကျွန်မ ကလေးများရဲ့ မိခင်တစ်ဦးပါ။ဇနီးသည် တစ်ဦးဆိုလည်း ဟုတ်ပါတယ်။သမီးတစ်ဦးဆိုလည်း ဟုတ်တယ်။ချွေးမတစ်ဦး ဆိုလည်းဟုတ်တယ်။နာရီ နိူးစက် ဆိုလည်းဟုတ်တယ်။ထမင်းချက်ဆိုလည်း ဟုတ်တယ်။အိမ်ဖေါ်မ ဆိုလည်းဟုတ်တယ်။ဆရာမ ဆိုလည်းဟုတ်တယ်။ကလေးထိန်းဆိုလည်း ဟုတ်တယ်။သူနာပြုဆိုလည်း ဟုတ်တယ်။အထွေထွေ လုပ်သား ဆိုလည်း ဟုတ်တယ်။သက်တော်စောင့်ဆိုလည်း ဟုတ်တယ်။အကြံပေးဆိုလည်း ဟုတ်တယ်။

ကျွန်မ နားရက်မရှိပါ။ခွင့်ရက်လည်း မရှိပါ။ အလုပ်ကို နေ့ည လည်း မခွဲပါ။ အချိန်ပြည့် အဆင်သင့် ဖြစ်နေရပါတယ်။ ကျွန်မ ပတ်၀န်းကလူတွေ ကျွန်မကို မေးတာက

မင်းတစ်နေ့လုံး ဘာတွေ လုပ်နေသလဲ တဲ့ကျွန်မအလုပ်အကိုင်ကို ဖြည့်ရင် “ မှီခို” တဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အိမ်ရှင်မများရဲ့ ဒုက္ခနည်းနည်းလေးတော့ အသိအမှတ်ပြုပေးကြပါရှင့်၊မိသားစုအတွက် ပေးဆပ်ရတဲ့ အိမ်ရှင်မများအားလုံး၊ “ မှီခို” မိခင် များအားလုံးကို လေးစားစွာဖြင့်ဂါရဝပြုလျက်

Unicode