Knowledge

ရဟန်း လက်မခံသော အလှူ.. …ဖတ်ရုံတင်မဖတ်ပါနဲ့ မျှဝေပေးဖြစ်အောင် ပေးခဲ့ပါ

တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံကြွလာတယ်။

စောစောစီးစီး အရက်သောက်ပြီး အတော်လေးမူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကို မြင်တာနဲ့ ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကို အော်ဟစ်ဆဲဆိုပါတော့တယ်။

အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက်တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှ မပြောရဲကြဘူး။

ရဟန်းဟာ လူမိုက်ဆဲဆိုသမျှကို ဘာတစ်ခွန်းမှ ပြန်မပြော တစ်ချက်လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ်။

လူမိုက်ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက် ဆဲဆိုနေတယ်။

ရွာအစွန်ကို ရောက်လာကြပြီး။ နေလည်းအတော်ပူပြင်းလာပြီး။

အခုအရက်မူးသမားဟာ အမူးပြေလာပြီး။ သူလည်း တစ်လမ်းလုံး ဆဲဆိုနေခဲ့လို့ မောနေပြီး။

ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ်။

အမူးသမား….အရှင်ဘုရား တပည့်တော် တစ်လမ်းလုံး ဆဲဆိုနေတာကို အရှင်ဘုရား တစ်ခွန်းမှ ပြန်မပြော စိတ်လည်းမဆိုးဘူး။

အဲဒါ ဘာကြောင့်ပါလဲ ဘုရား ( သူ အမူးပြေပြီမို့ အရှင်တွေ၊ ဘုရားတွေ ခေါ်လာပြီ)

ရဟန်း…ဒကာတစ်ယောက်က ဘုန်းကြီးကို ပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါ ဘယ်သူ့ ပစ္စည်း ဖြစ်သွားမလဲ။

အမူးသမား….. ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီး ပစ္စည်း ဖြစ်သွားပြီးပေါ့ ဘုရား။

ရဟန်း……. ဒါဆို အဲဒီ ပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ။

အမူးသမား ..ဘုန်းကြီး လက်မခံရင် အဲဒီ ပစ္စည်းဟာ လှူတဲ့ သူရဲ့ ပစ္စည်း ပဲ ဖြစ်နေမှာပါပဲ။

ရဟန်း ……. အေး မင်းလမ်းတစ်လျှောက်လုံးမှာ အဆဲ အလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး။

ဒါကြောင့် အဲဒီအဆဲတွေ အာလုံးကို မင်းပိုင်သွားပြီး။

အိမ်ကို ပြန်ယူသွားပေတော့။

အမူးသမား .. တငၸါ့ ဘုရား။

ဖေ့စ်ဘုတ်မှာ ဆဲလိုက်ရလို့ ကျေနပ်မနေကြပါနဲ့။

အဆဲတွေကို တစ်ဖက်သားက မယူဘူးဆိုရင် ဆဲသူထံ ပြန်ရောက်လာပါလိမ့်မယ်။

Credit -ဗန်းမော် သိန်းဖေ

မျှဝေလိုသော အတွေးမျာ

Unicode