Uncategorized

ဆေးဖက်ဝင်  တောကြက်ဟင်းခါးသီး

ဆေးဖက်ဝင် တောကြက်ဟင်းခါးသီး

အလေ့ကျပေါက်ပြီး အသီးပုပုလေးတွေသီးတာပါ။အရှင်နာဂသိမ် ပုံပြ အဘိဓါန် ဆေးကျမ်းတွင် ဤသို့ဖော်ပြထားပါသည်

အရသာ နှင့် အကျိုးအာနိသင်

ပဉ္စငါးပါးကို အသုံးပြုနိုင်၏ ၊ ခါး၏ ၊ စပ်ရှားရှား ရှိ၏၊ အေး၏၊ ဝိပါက စပ်၏၊ဂုဏ်နှင့်စွမ်းရည် ။ ကြေကျက်လွယ်၏၊ လေကိုဖြစ်စေ၏၊ ဝမ်းကိုသက်စေ၏၊ ပိုးကို နိုင်၏၊ ဆာလောင်ခြင်းကို ဖြစ်စေ၏၊ သည်းခြေ သလိပ်ကို နိုင်၏၊ မျက်စေ့ရောဂါ ဝစ္စမဂ် နာကျင်ခြင်း၊ ယောနိတွင်ဖြစ်သော ရောဂါများ၊ ပိုးရောဂါ ၊ သွေးဖောက်ပြန် ခြင်း၊ သွေးအား နည်းခြင်း၊ ဆီးနှင့် စပ်သော ရောဂါများ၊ ပန်းနာ၊ အနာပေါက်၊ လေပြွန်တန်တွင် ပူသော ရောဂါတို့ကို ပျောက်ကင်းစေ၏။

ပါးစပ် ကွဲလောင်ခြင်း- ၎င်းသတ္ထုရည်နဲ့ မြေဖြူ မှုန့် နှင့် ရော ပွတ်ပေးလျှင် ပျောက်သည်။

ယားနာ- အပင်၏ ပဉ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ ဆန်၊ ဗာဒံစေ့၊ ရောပြီး လူးပေးပါက ယားနာလို အရေပြားရောဂါ ပျောက်၏။

အဆစ်ရောင်- အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက် ကင်းစေ၏။

ကာလဝမ်းရောဂါ- အသီး သတ္ထု ရည်ကို ဆီ နှင့် ရော သောက်က ပျောက်ကင်း၏

လည်ချောင်းနာ- အသီးခြောက်ကို သွေးပြီး လူးသော် လည်ခြောင်း ရောင် သော ရောဂါ ပျောက်စေ၏။

Credit #သမားတော်တိုင်းရင်း

Unicode