Health

စိတ်ရှုပ်စရာ အသားမာတွေနဲ့ အရည်ကြည်ဖုလေးတွေကို ဘယ်လိုကုသမလဲ

ကဲ ဒီတစ်ခါတော့ အရည်ကြည်ဖုနဲ့ ခြေမျက်စိမှာ အသားမာတတ်သူတွေအတွက် ဆေးစွမ်းကောင်းလေးတွေပါနော်။

အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲ ပွတ်တိုက်လာနိုင်ပါတယ်

အသားမာဆိုတာကေတာ့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။

ငါးမျက်စိ ဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ခြေချောင်းတွေကို ကြပ်နေစေတဲ့ ရှူးဖိနပ်ကိုအချိန်ကြာကြာစီးတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လိုကုသမလဲ….အရည်ကြည်ဖု

အရည်ကြည်ဖုတွေဟာ အချိန်နည်းနည်းကြာသွားရင် သူ့ဖာသာပျောက်သွားနိုင်ပါတယ်။ အရည်ကြည်ဖုကိုဖုံးထားတဲ့ အရေပြားဟာ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ ဆရာဝန်ဟာ အပ်သေးသေးသုံးပြီး အရည်ကြည်တွေကိုစုပ်ဖို့ အားပေးတာရှိနိုင်ပါတယ်။ ဒါပေမယ့် အရေပြားကိုတော့ ခွာစေမှာမဟုတ်ပါဘူး။ အရည်ကြည်ဖုတွေကိုခြောက်သွေ့ သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေသန့်သန့်နဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ အညစ်အကြေးမပေအောင် ပတ်တီးစည်းပြီးကာကွယ်ထားနိုင်ပါတယ်။ ပတ်တီးကိုနေ့စဉ်လဲပေးဖို့တော့ လိုပါတယ်။

အသားမာ

အသားမာကို သွားမလှီးပါနဲ့။ အဲ့ဒါဟာပိုဆိုးစေပါတယ်။ ဖြစ်တဲ့နေရာကိုရေနွေးနွေးနဲ့ ၁၀မိနစ်လောက်စိမ်ထားပြီး ချေးတွန်းတဲ့ကျောက်အနုစားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆေးဖတ်တွေ ကပ်ပေးနိုင်ပါတယ်။

ငါးမျက်စိ

ငါးမျက်စိဟာလည်း ပျောက်ကင်းနိုင်ပေမယ့် အသားမာထက်စာရင် နည်းနည်းပိုကြာတတ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ ငါးမျက်စိကိုပျော့နူးစေနိုင်ပါတယ်။ အဲ့ဒီနောက် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံ ဆေးဖတ်ကိုဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ အဲဒီနည်းဟာ ငါးမျက်စိကိုပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းစေနိုင်ပါတယ်။ salicylicအက်ဆစ်ပါတဲ့ ဆေးဖတ်တွေကိုလည်းသုံးနိုင်ပါတယ်။ salicylic အက်ဆစ်ဟာငါးမျက်စိအရေပြားကိုဖယ်ရှားပေးနိုင်ပါတယ်

Unicode