News

အင်မတန်မှဖူးမြင်ရခဲတဲ့ မြတ်စွာဘုရားရဲ့ အရိုးကွင်းဆက်များအကြောင်း 🙏🙏🙏

|
မြတ်စွာဘုရားရှင်၊ ရဟန္တာများ နှင့် အရိုးကွင်းဆက်များ လူသားတွေရဲ့ အရိုးတစ်ခုနဲ့တစ်ခုဆက်ပုံက ကွင်းဆက် ချိတ်ဆက် တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက ကွင်းဆက် ဖြစ်ပြီးအလယ်အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက ချိတ်ဆက် ဖြစ်ပါတယ်။ သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ တေ့ဆက် တွေချည်းပါ။အမြင့်မြတ်ဆုံးလူသားတွေဆိုတာသစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန်ပြတော်မူနိုင်တဲ့ သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင် တွေပါ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ကွင်းဆက် ဆက်နေကြပါတယ်။ သံကွင်း တစ်ကွင်းနဲ့တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ်။အလယ်အလတ်မြင့်မြတ်သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်သာသိမြင်ပြီး သတ္တဝါ ဝေနေယတွေကို သိအောင် ဟောပြတော်မမူနိုင်တဲ့ပစ္စေက ဗုဒ်ဓါ ဘုရားရှင် တှပေါ။ပစ်စကေဗုဒ်ဓါ ဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် ဆက်နေကြပါတယ်။

ချွန်းချိတ်တွေ အချင်းချင်း ငြိကပ်နေသလိုမျိုး အရိုးကွေးကွေး တစ်ခုပေါ် အရိုးကောက်ကောက်တစ်ခုက ချိတ်တွယ်ငြိကပ်ဆက်စပ်နေကြပါတယ်။သာမန်မြင့်မြတ်သူတွေဆိုတာကတော့ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ပဲ၊ ဘုရားဟောတဲ့တရားကိုဘုရားထံက တိုက်ရိုက်ဖြစ်စေ သာဝက( ဘုရားတပည့် ) ထံက ထပ်ဆင့်ဖြစ်စေနာယူရမှ သိမြင်နိုင်တဲ့ သောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ အရိယာ ပုဂ္ဂိုလ်ကြီးတွေပါ။ရိုးရိုးလူသားတွေဆိုတာကတော့ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ်ကာကာယုံကြည်ပြီး

ရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ ပုထုဇဉ် ( ပုထုဇဉ်အကောင်း)ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့ အကျိုးကို မယုံကြည်ဘဲ ဗေဒင် ယတြာ ဓာတ်ရိုက်ဓာတ်ဆင်စတဲ့ လောကီမင်္ဂလာတွေကို ယုံကြည်တဲ့ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါပညတ်တွေမှာ အစွဲအလန်းကြီးနေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါ။ရဟန္တာပုဂ္ဂိုလ်ကြီးမျးအပါအဝင်သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့ အရိုးတွေဟာ တစ်ခုနဲ့တစ်ခု တေ့ဆက် ဆက်နေကြပါတယ်။အရိုးတစ်ခုနဲ့တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုးတစ်ခုရဲ့ထိပ် ထိပ် ထိပ်ချင်းထိစပ်ပြီး တေ့တွဲ တွဲပူးကပ်ဆက်စပ်နေကြပါတယ်။

တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာပြသထားတဲ့ အဲဒီအရိုးတွေအားလုံးဟာ ဘုရား ပစ္စေက ဗုဒ်ဓါမဟုတျတဲ့ လူသားတွေရဲ့ အရိုးတွေချည်းဖြစ်လို့ အရိုးအားလုံးဟာ တေ့ဆက် ဆက်နေကြတာချည်းပါ။အနှစ်ချုပ်ပြန်ပြောရရင် သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ အရိုးဟာ ကွင်းဆက် ပစ်စကေဗုဒ်ဓါဘုရားရှငျတို့ရဲ့ အရိုးဟာချိတ်ဆက်ရဟန္တာအပါအဝင် ကျန်လူသားအားလုံးရဲ့အရိုးဟာ တေ့ဆက် ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့ အရိုးတော်တွေဟာ အဆက်ကြီး တစ်ဆယ့်နှစ်ဆက်နဲ့ လက်ချောင်းတော် အဆစ်နေရာတွေကလွဲရင် တစ်ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲ လက်ယာ လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့အဆက်နှစ်ခု လက်ကောက်ဝတ်ကနေ တံတောင်ဆစ်အထိ လက်နဲ့ လက်မောင်းဆက်တဲ့ အဆက်နှစ်ခု ( လက်ဝဲ လက်ယာ ) လက်မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ ယာ ) ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့အဆက်နှစ်ခု( ဝဲ ယာ ) ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု( ဝဲ ယာ)ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု( ဝဲ ယာ ) တို့ပါ

။မြတ်စွာဘုရားရှင်ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့်တော့မယ်ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့်ကြည့်လို့ မရပါဘူး။ တစ်ကိုယ်တော်လုံးလှည့်ကြည့်မှရပါတယ်။အရိုးကွင်းဆက် ဆိုတာသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလိုအရိုးချိတ်ဆက် ဆိုတာလည်း ပစ်စကေဗုဒ်ဓါ ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။ ရဟန္တာဆိုတာ ဘုရား ပစ်စကေဗုဒ်ဓါတို့နဲ့နှိုငျးယှဉျရငျ ပါရမီချင်းရော အသိဉာဏ်ချင်းရောအဆင့်အတန်းအများကြီး နိမ့်တာမို့သာမန်လူတွေလို အရိုးတေ့ဆက် လို့ပဲပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။

Zawgyi

Unicode