Health

ခြဲစိပ္ ပါရဂူ သိရင္ ငိုေလာက္တဲ့ ဇာမဏီ႐ြက္

ကိုယ္ေတြ႕ျဖစ္ရပ္ပါ။ ကြၽန္ေတာ္ ဖခင္ ရွိစဥ္က အေဖ့ လက္ ကို ဓားျပတ္ရာ အိမ္ေဘး မွာေပါက္ေနတဲ့ အပင္ အ႐ြက္ ကိုခူးၿပီး ေခ်မြ၍ ဒဏ္ရာ ကို အုံလိုက္ၿပီး ပတ္တီး စီးထားပါသည္။

ကြၽန္ေတာ္ က အထင္ေသးေသာအၾကည့္ျဖင့္ အေဖကလည္း ၿမိဳ႕ေပၚေနၿပီး ေဆးဆိုင္ ေတြရွိသားနဲ႔ဗ်ာလို႔ ေျပာမိခဲ့ပါသည္။

ႏွစ္ရက္ၾကာေလာက္မွာ အေဖ က သူ႔ ဒါဏ္ရာ ျပည္မတည္ပဲ ေျခာက္ေသြ႕ေနသည့္ အေနအထားကို ျပပါသည္။ ထိုစဥ္က တိုက္ဆိုင္မႈလို႔ယူဆၿပီး အထင္မႀကီးခဲ့ပါ။

တစ္ႏွစ္ခန႔္အၾကာ ကြၽန္ေတာ္ ဗီဒီ႐ုံမွာ မီးျပတ္သြား၍ မီးစက္ေမာင္းရန္ အေရးတႀကီးသြားရာ ခလုတ္တိုက္၍ ေျခမကြဲၿပီး ေသြမ်ားထြက္ရာ ညႀကီးအခ်ိန္မဲ့ျဖစ္၍ ေဆးဆိုင္သြားရန္ အေျခအေနမေပး ႀကံရာမရျဖစ္ကာ မရွိသုံးသုံးသည့္သေဘာႏွင့္ အေဖသုံးခဲ့သည့္အပင္က အ႐ြက္ကိုေခ်မြကာ ဒါဏ္ရာေပၚအုံခဲ့ပါသည္။ အံ့ၾသ ေလာက္ေအာင္ အနာေပ်ာက္သြားပါသည္။

အခုပို၍အံ့ၾသစရာေကာင္းတာက က်ေနာ္တူဗိုက္ခြဲရာ ေဆး႐ုံ ကဆင္းလာၿပီး အိမ္ေရာက္လို႔ႏွစ္ရက္ခန႔္တြင္ ခ်ဳပ္႐ိုးတြင္ျပည္လိုက္ေသာေၾကာင့္ ေဆး႐ုံသို႔ျပန္ပို႔ရာ ေဆး႐ုံ ေရာက္လွ်င္ေရာက္ျခင္း ခ်ဳပ္႐ိုးမ်ားဖြင့္ျပစ္ရပါသည္။

ေဆး႐ုံ တြင္(၁၆) ရက္ျပန္တက္ရာ အနာမက်က္ႏိုင္ပဲ ရက္ၾကာမည္ျဖစ္ေၾကာင္း အိမ္ျပန္ၿပီးဒီေဆးမ်ားဆက္ထည့္ရန္ျဖစ္ေၾကာင္း ေျပာဆိုၫြန္ၾကားကာ ေဆး႐ုံမွ ဆင္းခိုင္းပါသည္။

အိမ္ေရာက္၍ ႏွစ္ရက္ခန႔္အၾကာ အနာမွာ စိုၿမဲစိုေနသျဖင့္ ဇာမဏီ႐ြက္ (ဗိစပ္႐ြက္) ကိုပုံပါအတိုင္း အရက္ပ်ံႏွင့္ေဆး ေနာက္မွေရသန႔္ႏွင့္ထပ္ေဆးၿပီး ေခ်မြကာ အရည္ညႇစ္ ထည့္ အ႐ြက္အဖတ္ မ်ားကို ဒဏ္ရာ ေပၚအုံကာ ပတ္တီး အုပ္ျပဳလုပ္ရာ သိသိသာသာအနာေျခာက္၍ ေပ်ာက္ကင္းသြားပါသည္။

ခြဲစိပ္ ဒါဏ္ရာ ကို ကုေနစဥ္ ခဲတံခြၽန္ဓါးကိုယူေဆာ့သျဖင့္ ေသြးမ်ားျမင္မေကာင္းအာင္ထြက္ၿပီး လက္ခလယ္တြင္ အေတာ္ခပ္နက္နက္ ဒဏ္ရာ ရသျဖင့္ကြၽန္ေတာ့္ကိုလာေခၚရာ ကြၽန္ေတာ္လည္း အဲဒီအခ်ိန္မွာ ယုံယုံၾကည္ၾကည္နဲ႔ ဗိစပ္႐ြက္သာ သြားခူးအဲဒီအ႐ြက္ပဲ စည္းမယ္ဆိုၿပီး ေခ်မြ၍အုံေပးလိုက္ပါသည္။

ဘာေဆးမွမကူပဲ ျပည္လည္းမတည္ အနာလည္းျမန္ျမန္ေျခာက္ ရက္တိုအတြင္း ေပ်ာက္ကင္းသြားပါသည္။ အမွန္အစြမ္းထက္ေသာ အပင္ျဖစ္၍ အေၾကာင္းတိုက္ဆိုင္လွ်င္ ယုံၾကည္စြာ အသုံးျပဳႏိုင္ၾကေစရန္ဆႏၵျဖင့္

(မွတ္ခ်က္။ ။ ဇာမဏီ႐ြက္ အား ေဒသကိုလိုက္၍ ဗိစပ္႐ြက္ ဂ်ာမဏီ႐ြက္ စသည္ျဖင့္ အေခၚအေဝၚကြဲ ျပားပါသည္ အျခားအမည္ကြဲမ်ားလည္း ရွိေကာင္းရွိပါမည္။ အပင္အေနအထား တင္ျပထားပါသည္။)

Credit : ပန္းသီႀကိဳ

Unicode

ခွဲစိပ် ပါရဂူ သိရင် ငိုလောက်တဲ့ ဇာမဏီရွက်

ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျွန်တော် ဖခင် ရှိစဉ်က အဖေ့ လက် ကို ဓားပြတ်ရာ အိမ်ဘေး မှာပေါက်နေတဲ့ အပင် အရွက် ကိုခူးပြီး ချေမွ၍ ဒဏ်ရာ ကို အုံလိုက်ပြီး ပတ်တီး စီးထားပါသည်။

ကျွန်တော် က အထင်သေးသောအကြည့်ဖြင့် အဖေကလည်း မြို့ပေါ်နေပြီး ဆေးဆိုင် တွေရှိသားနဲ့ဗျာလို့ ပြောမိခဲ့ပါသည်။

နှစ်ရက်ကြာလောက်မှာ အဖေ က သူ့ ဒါဏ်ရာ ပြည်မတည်ပဲ ခြောက်သွေ့နေသည့် အနေအထားကို ပြပါသည်။ ထိုစဉ်က တိုက်ဆိုင်မှုလို့ယူဆပြီး အထင်မကြီးခဲ့ပါ။

တစ်နှစ်ခန့်အကြာ ကျွန်တော် ဗီဒီရုံမှာ မီးပြတ်သွား၍ မီးစက်မောင်းရန် အရေးတကြီးသွားရာ ခလုတ်တိုက်၍ ခြေမကွဲပြီး သွေများထွက်ရာ ညကြီးအချိန်မဲ့ဖြစ်၍ ဆေးဆိုင်သွားရန် အခြေအနေမပေး ကြံရာမရဖြစ်ကာ မရှိသုံးသုံးသည့်သဘောနှင့် အဖေသုံးခဲ့သည့်အပင်က အရွက်ကိုချေမွကာ ဒါဏ်ရာပေါ်အုံခဲ့ပါသည်။ အံ့သြ လောက်အောင် အနာပျောက်သွားပါသည်။

အခုပို၍အံ့သြစရာကောင်းတာက ကျနော်တူဗိုက်ခွဲရာ ဆေးရုံ ကဆင်းလာပြီး အိမ်ရောက်လို့နှစ်ရက်ခန့်တွင် ချုပ်ရိုးတွင်ပြည်လိုက်သောကြောင့် ဆေးရုံသို့ပြန်ပို့ရာ ဆေးရုံ ရောက်လျှင်ရောက်ခြင်း ချုပ်ရိုးများဖွင့်ပြစ်ရပါသည်။

ဆေးရုံ တွင်(၁၆) ရက်ပြန်တက်ရာ အနာမကျက်နိုင်ပဲ ရက်ကြာမည်ဖြစ်ကြောင်း အိမ်ပြန်ပြီးဒီဆေးများဆက်ထည့်ရန်ဖြစ်ကြောင်း ပြောဆိုညွန်ကြားကာ ဆေးရုံမှ ဆင်းခိုင်းပါသည်။

အိမ်ရောက်၍ နှစ်ရက်ခန့်အကြာ အနာမှာ စိုမြဲစိုနေသဖြင့် ဇာမဏီရွက် (ဗိစပ်ရွက်) ကိုပုံပါအတိုင်း အရက်ပျံနှင့်ဆေး နောက်မှရေသန့်နှင့်ထပ်ဆေးပြီး ချေမွကာ အရည်ညှစ် ထည့် အရွက်အဖတ် များကို ဒဏ်ရာ ပေါ်အုံကာ ပတ်တီး အုပ်ပြုလုပ်ရာ သိသိသာသာအနာခြောက်၍ ပျောက်ကင်းသွားပါသည်။

ခွဲစိပ် ဒါဏ်ရာ ကို ကုနေစဉ် ခဲတံချွန်ဓါးကိုယူဆော့သဖြင့် သွေးများမြင်မကောင်းအာင်ထွက်ပြီး လက်ခလယ်တွင် အတော်ခပ်နက်နက် ဒဏ်ရာ ရသဖြင့်ကျွန်တော့်ကိုလာခေါ်ရာ ကျွန်တော်လည်း အဲဒီအချိန်မှာ ယုံယုံကြည်ကြည်နဲ့ ဗိစပ်ရွက်သာ သွားခူးအဲဒီအရွက်ပဲ စည်းမယ်ဆိုပြီး ချေမွ၍အုံပေးလိုက်ပါသည်။

ဘာဆေးမှမကူပဲ ပြည်လည်းမတည် အနာလည်းမြန်မြန်ခြောက် ရက်တိုအတွင်း ပျောက်ကင်းသွားပါသည်။ အမှန်အစွမ်းထက်သော အပင်ဖြစ်၍ အကြောင်းတိုက်ဆိုင်လျှင် ယုံကြည်စွာ အသုံးပြုနိုင်ကြစေရန်ဆန္ဒဖြင့်

(မှတ်ချက်။ ။ ဇာမဏီရွက် အား ဒေသကိုလိုက်၍ ဗိစပ်ရွက် ဂျာမဏီရွက် စသည်ဖြင့် အခေါ်အဝေါ်ကွဲ ပြားပါသည် အခြားအမည်ကွဲများလည်း ရှိကောင်းရှိပါမည်။ အပင်အနေအထား တင်ပြထားပါသည်။)

Credit : ပန်းသီကြို