ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။
မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။
လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။
အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ…
ငွေကြေးမဟုတ်ပါ … လှပခြင်းလည်း မဟုတ်ပါ
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။
ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကြွေးမယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။
ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။
ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။
ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ …
“မိမိအပေါ်ကောင်းတဲ့သူတွေကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။”
“မိမိအပေါ် မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။”
crd.
Unicode