Uncategorized

ချစ်ရာမရောက် နှစ်ရာရောက်သွားစေသော လွန်ကဲမှုများ(၅)ချက်

သားသမီးကို သူများထက် ကောင်းအောင် ထားနိုင်တယ်ဆိုပြီး ဂုဏ်တက်နေကြသူများ

ကိုယ့်ကလေးကို ထိရင် ဆရာ၊ ဆရာမပါ မကျန် ဆတ်ဆတ်ထိမခံဘူးဟေ့လို့ ကြွေးကြော်နေသူများ

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားနိုင်တာကို ဂုဏ်ယူပီတိ ဖြစ်နေကြသူများ

သားသမီးကို ပိုးမွေးသလို မွေးမြူတယ်ဆိုပြီး ဟစ်ကြွေးနေကြသူများ

ကိုယ့်သားသမီးများကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေသလားဆိုတာကို မိဘများ စမ်းစစ်နိုင်ဖို့အတွက် အောက်ပါလွန်ကဲမှုများကို ရေးသားလိုက်ပါတယ်။

ဘယ်နှစ်ချက်ငြိနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်ရအောင်

၁။ အထူး အခွင့်အရေး ပေးလွန်းခြင်း

အချို့ မိသားစုများဟာ အချို့ သားသမီးများကို အထူးအခွင့်အရေးပေးထားတတ်ပါတယ်။ ဒါသားသားလေးစားဖို့၊ ဒါ မီးမီးတစ်ယောက်တည်းအတွက် စသည်ဖြင့် သတ်မှတ်ထားပြီး အခြားသူများ ထိလို့မရအောင် တားဆီးထားပါတယ်။

ဖိုးဖိုး ဖွားဖွား မွေ့နေ့ ကျင်းပတာ မကျင်းပတာ အရေးမကြီးဘူး၊ ဒီမြေးဦးလေးအတွက် ကိတ်မူန့်ဆို အကြီးကြီးမှ၊ လက်ဆောင်ဆို အကောင်းဆုံးမှ၊ ဒီလိုမိသားစုအတွင်းမှာရှိတဲ့ ခွင့်ထူးခံ သားသမီးများဟာ အတ္တလွန်ကဲလာမှာဖြစ်ပါတယ်။

သူများကို ကိုယ်ချင်းမစာတတ်တော့ဘူး၊ ဂရုလည်း မစိုက်တတ်တော့ဘူး၊ “ငါမှငါ” ဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။

၂။ အကာအကွယ် လွန်ကဲခြင်း

တစ်ခုခု မှားလို့ ဖေဖေက ဆုံးမတော့မယ်၊ မေမေက ချက်ချင်းကာဆီးကာဆီးလုပ်တယ်။ မေမေက ဆုံးမတော့မယ်။ ဖိုးဖိုးဖွားဖွားက ချက်ချင်းကာကွယ်ပေးတယ်။

“ ကလေးပဲ၊ သူဘာနားလည်မှာလဲ၊ သူကြီးလာရင် လိမ်မာမှာပါ။” ဒီလိုကလေးမျိုး ကြီးလာရင် ဘယ်လိုအဆင်ပြေနိုင်မလဲ။ ငယ်ငယ်ကတည်းက အမှားအမှန်မခွဲခြားတတ်တော့ဘူးလေ၊ ဖေဖေက မှားတယ်ပြောလိုက်၊ မေမေက ကာကွယ်လိုက်၊ မေမေက မှားတယ်ပြောရင် ဖွားဖွားက ကာကွယ်လိုက်နဲ့ ကလေးအတွက် ဘာလုပ်လုပ် အမှန်ချည်းပဲ။

ကလေးကို ဒီလိုပျိုးထောင်ရင် နောင်ကလေးကြီးလာတဲ့အခါ ရာဇ၀တ်မူ ကျူးလွန်တဲ့အထိ လွန်ကဲသွားတတ်ပါတယ်။ ဆင်ခြင်ပါလေ။

၃။ ဂရုစိုက် လွန်ကဲခြင်း

တစ်မိသားစုလုံးက သူ့ကိုဝိုင်းထားတယ်။ သူတစ်ခုခု လုပ်တတ်ပြီဆိုရင် တစ်အိမ်သားလုံးက ဝိုင်းချီးကျူးတယ်။ လက်ခုပ်တီးပေးတယ်။ ရေဆိုရင်ရေ၊ ထမင်းဆိုရင် ထမင်းချက်ချင်းရှေ့ ရောက်လာတယ်။ စားပြီးရင် ချက်ချင်းသိမ်းဆည်းပေးတဲ့လူရှိတယ်။ ဘာအ၀တ်၀တ်ချင်သလဲ၊ ပြောလိုက်ရုံနဲ့ ချက်ချင်းအနီးရောက်လာတယ်။

ကလေးကိုယ်တိုင် လက်မပါတဲ့အတိုင်းပဲ။ ဆယ်တန်းဖြေတဲ့ကလေးကို ထမင်းခွံ့ကျွေးတာ ကျွန်တော်မြင်ဖူးတယ်။ ဒီလိုမျိုးကလေးများဟာ ကိုယ့်ကိုယ်ကို ဗဟိုပြုတတ်ကြတယ်။ ပြင်ပလောက ရောက်ရင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ တစ်ခုခုလုပ်ရင် အိုးနင်းခွက်နင်းဖြစ်တတ်တယ်။ ပညာထူးချွန်လို့ ကျောင်းပြီးသွားရင်လည်း ဘာမှ အရည်အချင်းမရှိသူများဖြစ်တတ်ကြတယ်။

၄။ အလိုလိုက် လွန်ကဲခြင်း

သူဘာလိုချင်လိုချင်း ၀ယ်ပေးတယ်။ မျက်နာမငယ်အောင်ဆိုပြီး မုန့်ဖိုးအများကြီးပေးတယ်။ ကလေးကလည်း လိုချင်တာအားလုံး ရမှန်းသိတော့ တစ်ခုခု မရရင် ချက်ချင်းဆန္ဒပြတယ်။ အော်ငိုတယ်။ မြေလူးတယ်။ လူကြီးကလည်း ချက်ချင်း၀ယ်ပေးလိုက်တယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှ တန်ဖိုးမထားတတ်တော့ဘူး။ ပစ္စည်းကိုလည်း မသိမ်းဆည်းတတ်တော့ဘူး။ ရှောက်ပစ်တယ်။ မေ့လွယ်တယ်။ ပျောက်သွားရင် ထပ်၀ယ်လို့ရမှန်းသိတယ်။ ပိုက်ဆံအသုံးအဖြုန်းကြီးတယ်။

ဒီလိုကလေးမျိုးဟာ ဘာကိုမှတန်ဖိုးမထားတတ်တော့ ပျော်ရွှင်မူ ကင်းနေတတ်တယ်။ “ လိုတရ ” ဖြစ်နေတော့ ဘာကိုမှ ကြိုးကြိုးစားစား မလုပ်ချင်တော့ဘူး။ အပင်ပမ်းမခံနိုင်ဘူး။ ဘာကိုမှလည်း တန်ဖိုးမထားတတ်ဘူး၊ အရွယ်သာ တဖြည်းဖြည်းကြီးသွားမယ်။ ဘာမှ မယ်မယ်ရရ အလုပ်ဖြစ်မဲ့ လူစားမျိုး မဟုတ်နိုင်ဘူး။

၅။ အသဲ လွန်ကဲခြင်း

ကလေးဆိုတာ ဆော့တတ်တဲ့ သဘာ၀ရှိတယ်။ ထိမိခိုက်မိတတ်တဲ့ သဘာ၀ရှိတယ်။ ကလေးက ဆော့ရင်းနဲ့ လမ်းဘေးသစ်ပင်တိုက်မိတော့ သစ်ပင်ခုတ်ပစ်ချင်တဲ့ မိဘတွေ့ဖူးပါတယ်။ ကလေးများ ဆော့ကစားရင်းနဲ့ ချော်လဲတတ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းက ကလေးကိုယ့်ကိုယ်ကို ပြန်ထခိုင်းရပါတယ်။

အဲဒီလိုမဟုတ်ပဲ နည်းနည်းချော်လဲ လိုက်တာနဲ့ လိုက်ထူပေး၊ နည်းနည်း ထိမိရှမိတာနဲ့ ဘေးကို အပြစ်ရှာနေမယ်ဆိုရင် ကလေးကြီးလာရင် ဘာကိုမှ တာ၀န်မယူရဲတေ့ာပါ။ ဒီလို အသဲလွန်မိသားစု မှပေါက်ဖွားလာတဲ့ ကလေးဟာ များသောအားဖြင့် ပျော့အိနေတတ်တယ်။ နည်းနည်းလေးမှ စိတ်အနောက်မယှက် ခံနိုင်စွမ်းမရှိတတ်ဘူး။

နောင်ကလေးကြီးလာရင် ပညာရှာရာမှာဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ အိမ်ထောင်ပြုတဲ့နေရာမှာဖြစ်ဖြစ် တစ်ခုခု အခက်အခဲတွေ့သွားရင် နှလန်မထူနိုင်တော့ပါ။ အခက်အခဲ နည်းနည်းလေးတွေ့ရုံနဲ့ ရေးကြီးခွင်ကျယ်လုပ်ပြီး တွန့်ဆုတ်နေပါတော့တယ်။

လူဆိုတာ သဘာဝလောကကြီးအတွင်းမှာရှိတဲ့ သတ္တဝါဖြစ်တဲ့အလျှောက် ကလေးကို သူ့အရွယ်နဲ့ သူ့သဘာ၀အလျှောက် ကြီးပြင်းစေတာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။

သူငယ်ချင်းဇနီးမောင်နှံ သူတို့ရဲ့ မွေးကင်းစကလေးကို ကျွန်တော်ကို လာပြပါတယ်။ ကလေးငိုရင် ဘယ်လိုလုပ်မလဲလို့လည်း မေးပါတယ်။ ငိုတာလည်း ကလေးကျန်းမာရေးအတွက် ကောင်းတယ်။ အကြာကြီးငိုတာမျိုးမဟုတ်ရင် သင့်တော်တဲ့ အငိုတော့ ခွင့်ပြုရမယ်လို့ ပြန်ပြောလိုက်ပါတယ်။

ထိုနည်းတူပါပဲ၊ ကလေးတွားသွားသင့်တဲ့အချိန်မှာ တွားသွားခွင့်ပေးရမယ်။ လမ်းလျှောက်သင်တဲ့အခါ ချော်လဲခွင့်ပြုရမယ်။ အပြင်မှာ ရောင်းတဲ့ လမ်းလျှောက်လှည်းမျိုးနဲ့ လမ်းလျှောက်သင်စေတာမျိုး မပြုလုပ်သင့်ပါ။ ဒီအကြောင်းတွေကို နောင်မှဆက်တင်ပြမည်။ အသုံးတည့်နိုင်ကြပါစေ။

Crdဗဟုသုတစာပေလေးများကိုမျှဝေပေးပါတယ်

Unicode