Knowledge

ဝစီကံကြွေး ပေါ့ပေါ့မတွေးသင့်

ဝစီကံကြွေး ပေါ့ပေါ့မတွေးသင့်

မြတ်စွာဘုရားရှင် လက်ထက်တုန်းက
သာမာဝတီ မိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မတစ်ယောက်ရှိတယ်

၎င်းအမည်းမှာ ခုဇ္ဇုတ္တရာ (ခါးကုန်း)မည်၏
၎င်းအား မိဖုရားမှနေ့စဉ် ရှစ်အသပြားဖိုး
ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏

တစ်နေ့ ပန်းသည်၏ အိမ်း၌မြတ်စွာဘုရားကြွ၍
တရားချီမြှင့်တော်မူစဉ် ကြုံကြိုက်၍ပန်းဝယ်လာသူ
ကျွန် မသည် တရားနာယူခွင့် ရလိုက်လေသော်
အလွန်ဥာဏ်ပညာကြီးမားသော ကျွန် မ ဖြစ်သဖြင်

ချက်ခြင်းပင် သောတာပန်တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့
ဗဟုသုတ ဧတဒဂ်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်

ဒါပေမဲ့ သူတစ်ပါရဲ့ခိုင်းဖတ် ကျွန်ဖြစ်နေရပြီး
ခါးကုန်းနေပါတယ်။
ဘာကြောင့်ဖြစ်ရတာလည်းလို
မေးစရာရှိပါတယ်
သူဟာ ကဿပဘုရားရှင် လက်ထက်တုန်းက
သူဋ္ဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်

ညနေ့ခင်း ရေချိုးပြီးတဲ့အချိန်သနပ်ခါးလူးပြီး
မှန်ရှေ့၌ အလှပြင်နေတယ်
အဲဒီအချိန်မှာ ရဟန္တာဘိက္ခူနီမတစ်ပါးရောက်လာတယ် ဘိက္ခုနီမရောက်လာတော့ သနက်ခါးလူးနေရင်နဲ့

သူရဲ့မိတ်ကပ်ဘူးလေးက ခပ်ဝေးဝေးမှာရောက်နေတယ်။
အဲဒီနေရာကလည်း ခုနဘိက္ခုနီမနဲ့ နီးတယ်
အဲဒီတော့သူက ထပြီးမယူချင်းဘူး ပျင်းတာနဲ့
အရှင်မ အဲဒီမိတ်ကပ်ဘူးလေး လှမ်းလိုက်စမ်းပါလို

ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်

အဲဒီမှာ ဘိက္ခုနီမက တကယ်လိုငါ့မယူပေးဘူးဆိုရင်
ငါ့ကိုစိတ်ဆိုးလိမ့်မယ် ရဟန်းမတစ်ပါးကို စိတ်ဆိုးရင်
သူသေရင် ငရဲရောက်လိမ့်မယ်

တကယ်လို ငါ့ယူပေးလိုက်မယ်ဆိုရင်တော့
ဖြစ်လေရာဘဝမှာ ကျွန်ဖြစ်လိမ့်မယ်။
ငရဲကျတာထက် စာရင်တော့ ကျွန်ဖြစ်ရတာက
တော်ပါသေးတယ်လိုဆိုပြီး မိတ်ကပ်ဘူးလေယူပေးလိုက်တယ်။

အဲဒီလိုဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့

သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကိုခိုင်းခဲ့တဲ့ အတွက်ကြောင့်
ကျွန်ဖြစ်ရတယ်။

ခါးကုန်းရတာကတော့ ဘုရားမပွင်မီ
ဘဝတစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲ၌
ရံရွှေတော် တစ်ယောက်ဖြစ်ခဲ့တယ်

အဲဒီ ဗာရာဏသီနန်တော်ထဲမှာ ပစ္စေကဗုဒ္ဓအရှင်မြတ်
ရှစ်ပါး နေ့စဉ်ဆွမ်းခံကြွတယ်
အဲဒီထဲက ရဟန်းတစ်းပါးက နည်းနည်းခါးကုန်းနေတယ်။

အဲဒါကို ခုဇ္ဇုတ္တရာလောင်းရာ ရံရွှေတော်ကသူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီးတော့ စကြနောက်ကြပြီးဆိုရင်
တစ်ခါတရံမှာ ကမ္ဗလာအနီကြီးကို သင်္ကန်းလိုလုပ်ပြီးခြုံ

ရွှေဖလားကြီးကို သပိတ်လို ပိုက်ပြီးတော့
ငါ့တို့နန်းတော့်ထဲ ကြွတဲ့ ဟိုအရှင်မြတ်က ဒီလိုဒီလို
ကုန်းတယ်ဆိုပြီး ခါးကုန်းတဲ့ ပုံလုပ်ပြတယ်။

ကွယ်ရာမှာ အပျော်သဘောနဲ့ ပြောင်လှောင်ခဲ့ပါတယ်

ကာယကံရှင်ကို လက်ညို့ထိုး စွတ်စွဲပြောဆို
စော်ကားမှ အကျိုးပေးတာမဟုတ်ဘူး
အချင်းချင်းပြောဆိုရင် ၊ ကိုယ်တစ်ကိုယ်တည်း
ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်ကြောင်းတွေရတယ်။

အဲဒီလို ပစ္စေကဗုဒ္ဓကို ရည်ညွန်းပြီး ကွယ်ရာမှာ
နောက်ပြောင်လိုက်တဲ့ အတွက် အဲဒီကံအကျိုးပေးက
ဘဝတိုင်း ခါးကုန်းရပါတယ်။

ကျွန်ဖြစ်နေရပြီး ခါးကုန်းနေရပေးမယ်
ဥာဏ်ကောင်းပြီး ဗဟုသုတ ပြည်စုံပါတယ်
အဲဒီလို ပြည်စုံတာကတော့
ပစ္စေကဗုဒ္ဓ အရှင်မြတ်ရှစ်ပါး နန်းတောထဲ ဆွမ်းခံ

ကြတာ တစ်နေ့တော့ ပူနေတဲ့ နို့ဃနာဆွမ်းလောင်းလှူ
လိုက်တယ်။
နို့ဃနာ ဆွမ်းတွေက ပူနေတော့ သပိတ်ကလည်းပူတယ် အဲဒီတော့ ပူနေတဲ့သပိတ်ကို အရှင်မြတ်များ

အေးဆေးပုံမှန်အတိုင်းမကိုင်နိုင်တော်ဘဲ
ဟိုဘက်ဒီဘက် ပြောင်းလိုက်နဲ့ ဣနြေ္ဒမရ ဖြစ်နေချိန်မှာ ခါးကုန်တာပြောင်ပြတဲ့ ရံရွှေတော်မလေးက

သူလက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို
ချွတ်လိုက်ပြီးတော် အရှင်မြတ်တို့ သပိတ်အောက်မှာ
သပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို အပြီးအပိုင်း လှူခဲ့ပါတယ်။

အပူဒဏ်သက်သာအောင် ရွှေလက်ကောက်ဝတ်
လှူခဲ့တဲ့ ကောင်းမှုကြောင့် ကိလေသာအပူတွေငြိမ်းပြီးတော့ ဥာဏ်ပညာ ထက်မြတ်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်
ဖြစ်လာခဲ့ပါတယ်။

မြတ်စွာဘုရားရှင် ၏ သာသနာတော်နှင့် တြွေ့ကုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံ ပွားများခွင့်
ရသောအချိန်အခါဖြစ်ပါတယ်။

ယခုသုတ္တန်အား ကြည်ခြင်းအားဖြင့် မကောင်းသောဝဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန်အလိုငှါ
ကိုယ် စိတ် နုတ်တို့ကို ကောင်းစွာထိန်းသိမ်းကြရန်လိုပါသည်။
Crd ဗုဒ္ဓ သမီးတော်ဓမဒါနမျှဝေပေးပါ၏