Uncategorized

ခါးသက်သောအရသာရှိတဲ့ ဆင်နှာမောင်းပင်ရဲ့ ဆေးဖက်ဝင်ပုံများ

အရသာဟာ ခါးသက်သောအရသာရှိပါတယ်။
ဝမ်းအနည်းငယ် သက်စေနိုင်ပါတယ်။

ဂုဏ်သတ္တိနှင့်စွမ်းရည်

ပြင်းထန်သောအဖျားများကိုသက်သာပျောက် ကင်းစေနိုင်ပါတယ်။အဆစ်အမြစ်များ ရောင်ရမ်းခြင်းအတွက် အထူးသက်သာစေပါတယ်။

အဆိပ်ရှိသော သတ္တဝါများကိုက်ခဲခံရပါက ယင်းဆေးပင် ပဉ္စငါးပါးကိုထုထောင်း၍ ဆေးရည်ကို အနာပေါ်အုံပေးပါက အထူးသက်သာစေပါတယ်။

အနာများရောင်တင်းကိုက်ခဲပါက ယင်းဆေးရည်ရော ဆေးဖတ်များပါ ရောင်တင်းနေသော အနာပေါ်လိမ်းပေးပြီး ပတ္တီး စည်းပေးပါက အရောင်အမြန်ကျစေပါတယ်။

မျက်စိတွင် မျက်ရည်ပူထွက်ခြင်း မျက်လုံးပူ နေခြင်း
မျက်ခွံရောင်နေခြင်းများဖြစ်ပါက ယင်းဆေးရည်ကို လိမ်းပေးသော်(မျက်စေ့ တစ်ဝိုက်တွင်သာ) အထူးသက်သာစေပါတယ်။

ဆီးချိုနှင့် နှလုံးသမားများအတွက်မူကား

ယင်းဆင်နှမောင်းပင် ပဉ္စငါးပါးနှင့် ထန်းလျှက်အမဲ ၁ ကျပ်သားခန့် ရောကျို၍(သုံးခွက်တစ်ခွက်တင်)သောက်သုံးပေးပါက ဆီးချို ကျစေသည့်အပြင် နှလုံးရောင်ခြင်း ကြီးခြင်း၊ နှလုံးခုန်မမှန်ခြင်းတို့အတွက် အထူးသက်သာစေပါတယ်။

မှတ်ချက်။ ယင်းဆင်နှမောင်းပင်အားပဉ္စငါးပါးလုံး ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

Unicode