Knowledge

ဒီ (၁၆) ချက်ကို အလွတ်မှတ်နိုင်ရင် မင်းဘ၀ ဘယ်တော့မှ ဒုက္ခဆိုတာ မရှိနိုင် တော့ပါ…

ဒီ (၁၆) ချက်ကို အလွတ်မှတ်နိုင်ရင် မင်းဘ၀ ဘယ်တော့မှ ဒုက္ခဆိုတာ မရှိနိုင် တော့ပါ….

လေ့လာ ပြီး မှတ်သား ထားသင့် သော စကားလုံးများ

၁ ။ ကိုယ့် မျက်စိ နဲ့ သေသေ ချာချာ မတွေ့ခဲ့ဘူး ဆိုရင် ပါးစပ် နဲ့ အလျင်စလို သက်သေ မပြချင်ပါနဲ့ ၊

၂ ။ ကိုယ် မသိတဲ့ ကိစ္စတစ်ခု ကို “ မသိဘူး ” လို့ တိုက်ရိုက် ဖြေဆို လိုက်တာ အပေါ့ပါး ဆုံးပါ ။

၃ ။ တစ်ယောက်ယောက်က သင့်ကို ကျောက်ခဲ နဲ့ ပေါက်ခဲ့မယ် ဆိုရင် ၊ ပြန်မပေါက်နဲ့ တော့၊ အုပ်မြစ် တည်ဖို့ စုဆောင်း ထားလိုက်ပါ ။

၄ ။ လူဆိုတာ ကျော်ကြား လာရင်တော့ အတင်း များမှာပဲ ၊ အဲဒီ အတင်းတွေကို ကြောက်ရင် မကျော်ကြား နဲ့ပေါ့ ၊

၅ ။ သည်းခံ နိုင်ရင် သည်းခံပါ ။ သည်းမခံ နိုင်ရင် ပြောင်းလဲပါ ။ ပြောင်းလဲလို့ မှ မရရင် ကုသိုလ် အဖြစ် သတ်မှတ် လိုက်ပါ ။

၆ ။ ပြသနာ ကြုံရင် ၊ ခဏဆိုင်းထားလိုက် ၊ စကားပြောရင် ခဏ ရပ်ကြည့်လိုက် ၊ ကိစ္စတော်တော် များများ ကြည်လင် လာလိမ့်မယ် ။

၇ ။ မိမိ အရောင်တောက်ပပါစေ ။ သူများ ဆီမီးကို လည်း သွားမငြိမ်းမိ ပါစေနှင့် ၊

၈ ။ ကလေကခြေတွေ နဲ့ သွားရန်မလုပ်နဲ့၊ သူတို့နဲ့ ထိုက်တဲ့ ရန်သူတို့ တိုးလိမ့်မယ် ။

၉ ။ မျက်စိ မှိတ်ပြီး ဂုဏ်မယူပါ ။ တမင်တကာ လည်း မနှိမ့်ချပါ ။

၁၀ ။ သူများ မသိ စေချင်တဲ့ လျို့ ဝှက်ချက် ကို ဘယ်တော့မှ ဖေါ်ထုတ် ရန် မကြိုးစား သင့်ပါ ။

၁၁ ။ အသီးဆိုတာ မဲှ့မှ ခူးသင့် သလို ၊ အတွေးခေါ် ဆိုတာလည်း ပြည့်စုံ မှ ဖေါ်ထုတ် သင့်ပါတယ် ။

၁၂ ။ ရှင်းရှင်းလင်းလင်း ဖြစ်တဲ့ကိစ္စများ အတွက် ပြသနာ အတက် မခံဘူး ၊ ရူပ်ထွေးတဲ့ ကိစ္စများ အတွက် စိတ်ညစ်မခံဘူး ၊ စိတ်ဆိုးတဲ့ အချိန်မှာ စကားမပြောဘူး ၊ ဒေါသထွက်နေတဲ့ အချိန်မှာ မဆုံးဖြတ်ဘူး ။

၁၃ ။ ကိုယ့်ကိုယ်ကို မှားပြီလို့ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ကိုယ်မှန်ကန်စပြုလာပြီ။

၁၄ ။ စိတ်ထဲမှာ ရန်လိုနေရင်တော့ တစ်လောကလုံးမှာ ရန်တွေကြီးကြီးပါပဲ။

၁၅ ။ သူများကို သွားမလိမ်ပါနဲ့။ ကိုယ်လိမ်လိုက်တဲ့လူအားလုံးဟာ ကိုယ့်ကိုယုံကြည်တဲ့သူများဖြစ်ကြတယ်။

၁၆ ။ ကိုယ့်ကိုယ်ကို ယုံကြည်မူရှိတာ အလွန်ကောင်းပါတယ်။ မောက်မာတဲ့အဆင့်ထိတော့ မဖြစ်သင့်ဘူး။ ကိုယ့်ကိုယ်ကို နှိမ့်ချတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ယုံကြည်မူ ထိခိုက်လောက်တဲ့အထိတော့ မဖြစ်သင့်ပါ

Unicode