Health

အလှကုန်တွေ မသုံးဘဲ သဘာဝအတိုင်း အသားအရေကို ကြည်လင်လှပလာစေမယ့် နည်းလမ်းများ

အသားအရေလှနေတယ်ဆိုတာ စျေးကြီးတဲ့ အလှကုန်တွေ သုံးနိုင်တာမျိုးနဲ့ မဆိုင်ပါဘူး။ အသားအရေဆိုတာ ကိုယ့်ရဲ့ ထိန်းသိမ်းနိုင်မှုအပေါ်မှာပဲ မူတည်တာပါ။ အလှကုန်တွေ သုံးမှ အသားအရေကို လှအောင် လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။ သဘာဝနည်းအတိုင်းလည်း အသားအရေကို လှအောင် ပြုလုပ်နိုင်ပါတယ်။ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ အသားအရေ လှချင်တယ်ဆိုရင် ဒီနည်းလေးတွေ အသုံးပြုလို့ ရပါတယ်နော်။

(၁) ရေသောက်ပါ

အသားအရေကို ကြည်လင်ပြီး လှစေချင်ရင် ရေသောက်ပေးဖို့က အဓိကပါပဲ။ အသားအရေမှာ လိုအပ်တဲ့ ရေဓာတ် ပြည့်ဝနေအောင် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ရေသောက်ဖို့ မမေ့ဘူးဆိုရင် ပိုကောင်းပါတယ်။ ရေဓာတ် ပြည့်ဝတဲ့ အသားအရေဖြစ်ပြီဆိုရင် ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေမျိုး ပိုင်ဆိုင်လာရမှာပါ။

(၂) ဗီတာမင်စီ စားသုံးပေးပါ

ကြည်လင်ပြီး ချောမွေ့တဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက် အဓိက လိုအပ်တဲ့အရာကတော့ ဗီတာမင်စီပဲ ဖြစ်ပါတယ်။ အသားအရေ ပိုလင်းလာစေပြီး အသားအရေ အရောင်ကိုလည်း ညီမျှနေအောင် ဗီတာမင်စီက ပြုလုပ်ပေးနိုင်ပါတယ်။ အသားအရေ နုပျိုပြီး တင်းရင်းမှုတွေ ရှိနေဖို့အတွက်လည်း ဗီတာမင်စီက လိုကို လိုအပ်ပါတယ်။

(၃) အချိန်မှန် အိပ်စက်ပါ

အိပ်စက်ခြင်းကလည်း အသားအရေ လှပမှုနဲ့ သက်ဆိုင်နေပါသေးတယ်။ ပုံမှန် အိပ်စက်မှု မရှိတဲ့သူတွေက အသားအရေ ကျန်းမာရေးမှာ သူများထက်ပိုပြီး အားနည်းတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ အရေးအကြောင်းတွေ ဖြစ်မလာစေဖို့၊ အိုမင်းရင့်ရော်မှုတွေ မြန်မလာစေဖို့အတွက် အိပ်ချိန်ကို မှန်မှန် အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။

(၄) စိတ်ဖိစီးမှုတွေကို လျှော့ချပါ

စိတ်ဖိစီးမှုတွေ၊ ဒေါသတွေ ဖြစ်နေရတာက အသားအရေအတွက် မကောင်းပါဘူး။ မြန်မြန် ရုပ်ရင့်နေတာမျိုးတွေလည်း ဖြစ်စေနိုင်တာ စိတ်ဖိစီးမှုတွေပါပဲ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ကြာကြာမသိမ်းဆည်းထားပဲ စိတ်ဖိစီးမှုတွေကို လျော့သွားအောင် လုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ကင်းပြီး ပျော်ရွှင်အောင် နေသင့်ပါတယ်။

(၅) လှုပ်လှုပ်ရှားရှား နေပါ

သွေးလှည့်ပတ်မှုတွေ ရှိနေဖို့၊ ချွေးတွေ ထွက်သွားစေဖို့ကလည်း အသားအရေ လှပဖို့ အထောက်အကူ ဖြစ်နေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ချွေးမထွက်ဘဲ နေတာမျိုး၊ လှုပ်ရှားမှု မရှိဘဲ တစ်နေရာတည်း ငြိမ်နေတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်။

(၆) လက်နဲ့ မျက်နှာ မကိုင်ပါနဲ့

လူအများစုရဲ့ လက်တွေက မသန့်ရှင်းပါဘူး။ ပတ်ဝန်းကျင်က အမှုန်အမွှားတွေ၊ ဘတ်တီးရီးယားတွေက အမြဲလိုလို လက်မှာ ကပ်နေတတ်တာပါ။ ဒါကြောင့် လက်နဲ့ မျက်နှာကို မကြာခဏ ကိုင်တတ်တဲ့ အကျင့် ရှိတယ်ဆိုရင် မျက်နှာ အသားအရေက ထိခိုက်နေမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီအကျင့်မျိုးကိုလည်း ဖျောက်ပစ်ဖို့ လိုပါတယ်။

Unicode