Uncategorized

ပေးစရာရှိတဲ့အကြွေးတွေအားလုံးကျေပြီး စီးပွားရေးတွေတဟုန်ထိုးတက်လာစေတဲ့လောကီနည်းပညာ

လောကမှာမချမ်းသာချင်တဲ့သူမရှိသလို အကြွေးတွေနဲ့တချိန်လုံးပူပင်သောကရောက်နေကြရတဲ့ ဘဝမျိုးမှာလည်း နေချင်ကြမယ်မထင်ပါ။

လူရယ်လို့ဖြစ်လာတဲ့အခါလောကဓံရဲ့ အဆိုးအကောင်းဒဏ်ကိုတော့ မည်သူမဆိုမလွှဲမသွေကြုံကြရပါတယ်။

ဒါပေမဲ့လူတစ်ယောက်ရဲ့အတိတ်ကံကိုတော့ဘုရားရဟန်းမှတပါး မည်သူမျှကြိုမသိနိုင်ပါ

သို့ပေမဲ့အတိတ်ကံကိုပဲအားကိုးနေလို့မရသလို အတိတ်ကံကိုပဲရိုးမယ်ဖွဲ့အပြစ်တင်နေလို့လည်းပြီးမယ်မထင်ပါဒါကြောင့်မို့လက်ရှိ

ပစ္စုပ္ပန်မှာလည်း ကိုယ်စွမ်းသလောက် ကိုယ်လုပ်နိုင်သလောက်ကြိုးစားရုန်းကန်ကြရတာမို့ အကြွေးကျေစီးပွားတက်လာဒ်ရွှင်စေနိုင်တဲ့ နည်းလမ်းလေးမျှဝေလိုက်ရပါတယ်။

အကြွေးဆပ်ချင်သော်လည်း အခက်အခဲအကြောင်းအမျိုးမျိုးကြောင့်ပြန်လည်၍မဆပ်နိုင်သောသူများ အကြွေးပူမိနေသူများဤနည်းလမ်းကိုပြုလုပ်ကြည့်လိုက်ပါ။

လိုအပ်တာတွေကတော့ ပန်းကန်တစ်ချပ်၊ကွမ်းရွက်တစ်ရွက်၊သံပုရာသီးတစ်လုံး တို့ဖြစ်ပါတယ်။

လုပ်ဆောင်ရမှာက ပထမဦးဆုံးပန်းကန်တစ်ချပ်ပေါ်တွင် အညှာချွေထားသောကွမ်းရွက်တစ်ရွက်ကိုတင်ပါ။

သံပုရာသီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အဲ့ဒီကွမ်းရွက်ပေါ်တွင်သံပုရာသီးခြမ်းကိုတင်ပါ။အစီအရင်ပြုလုပ်ထားသေပန်းကန်ပြားကို မိမိအိမ် ဘုရားဆင်တွင်ကပ်လှူထားရပါမယ်။

သောက်တော်ရေ တစ်ခွက်၊ ဖယောင်းတိုင်ငါးတိုင်၊ အမွှေးတိုင် ငါးတိုင် ထွန်းညှိ ပူဇော်ပြီးသိဒ္ဓိ လာဘံ ဟူ၍ (၉) ခေါက် တိတိ ရွတ်ဆိုပေးရပါမယ်။

ထို့နောက် မိမိ ငွေကြေး အကြွေးများ မြန်မြန်ကြေစေကြောင်းဆုတောင်းပါ။

မိမိ မွေးနေ့မှစ၍ ပြုလုပ်ပါ လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။သံပုရာသီးကို မကြာမကြာ လဲပေးပါ။

နေ့တိုင်း ဖယောင်းတိုင်ထွန်း အမွှေးတိုင်ထွန်း ဂါထာရွတ် ဆုတောင်းပါ။ထိုကဲ့သို (၁၁) ရက် တိတိ မပျက်မကွက် ပြုလုပ်ပါ။

ဤ အစီအရင်လေးကို ပြုလုပ်ခြင်းဖြင့် မိမိတို့အကြွေးပူများအမြန်ဆုံးကြေ၍ စီးပွားလာဘ်လာဘများ တစ်နေ့တခြားတိုးတက်များပြားလာစေမှာဖြစ်ပါတယ်။

အများသိအောင်လည်းပြန်လည်မျှဝေပေးနိုင်ပါတယ်။ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများတိုးပွားလာနိုင်ကြပါစေ။

Zawgyi