ကားအဲယားကွန်းဖွင့်စီးသူများ လိုက်နာသင့်သည့်အချက်သုံးချက်အဲယားကွန်း(Aircon)သည် အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးသည့်
တီထွင်ဆန်းသစ်မှု ဖြစ် သည်။လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ပေါ်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး နောက် ပိုင်း ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစကာ
ကားများတွင်ပါ အဲယားကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့သည်။ ထိုစဉ် ကဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့
သော်လည်းနောက်ပိုင်းတွင်ကားအကြီးအသေးအမျိုးမျိုးတွင် အဲယားကွန်းမပါသောကားဟူ၍မရှိတော့ပေ။ကားအဲယားကွန်း၏ကောင်းကျိုးမှာပူအိုက်ခြင်း
လေလုံ၍အသက်ရှူကျပ်ခြင်းမှ ကာကွယ်နိုင် သည့်အပြင် မိုးတွင်းအခါမိုးရွာ၍ ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှအပူငွေ့ပြန်ပြီး မှန်များမှုန်ဝါး ကာ ပြင်ပသို့
ကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးသည်။ မိုးရွာသောအခါ ပြင်ပအအေးဓာတ် ကြောင့် လူ၏ကိုယ်မှ အငွေ့များထွက်လာကာ အတွင်းမှန်များမှုန်ဝါးသွားလျှင်
အဲယားကွန်းမှ စုပ်ယူပေး သည့်အပြင် အအေးဓာတ်ကို ထုတ်လွှတ်ပေးသဖြင့် ကားစီးသူများမှာအေးပြီး သက်သောင့်သက်သာ စီးနိုင် သည်။
သို့သော် အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကားအဲယားကွန်း ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့်
ရုတ်တရက် တံခါးဖွင့်ပြီး အဆင်း တွင် ပြင်ပအပူရှိန်ကြောင့် ရုတ်တရက် မူးလာကာ လဲကျသူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ အအေး တုံ့ပြန်မှုကြောင့်
ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများ ရှိလာသည်အထိ အန္တရာယ်ကြီး လာသည်ကို တွေ့ရှိလာရပါသည်။ ညပိုင်းအဲယားကွန်း ဘတ်စ်ကားကြီးများဖြင့် ခရီးသွားသူများတွင်
လည်း ပါးတစ်ခြမ်းရွဲ့ခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို မကြာခဏ ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရပါသည်အခြားဆန့်ကျင်ဘက်
အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲယားကွန်းဘတ်စ်ကားစီးသူ သက်ကြီး ရွယ်အို တစ်ဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့်
တာဝန်ရှိသူများမှ ဆေးရုံကြီးသို့ပို့ပေးရာ အပူအအေး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက် ကာ အသက်ဆုံးရှုံးရကြောင်း
၂၀၁၉ ခုနှစ် ဧပြီလထုတ် သတင်းစာများတွင် ဖတ်ရှုရသည်။ အဲယားကွန်း ကားစီးမည့် သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့်
သွေးတိုးရောဂါအခံရှိသူ များ သတိထားသင့်သည့် အချက်ဖြစ်သည်။ ရုတ်တရက် အပူအအေး အပြောင်းအလဲသည် ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်
နိုင်သည်ကို သတိထားကြပါကားအဲယားကွန်းဖွင့်စီးသူများ၏ အနေအထားကို လေ့လာကြည့် သောအခါ- (၁) နေပူထဲမှ ကားထဲ ဝင်ပြီးနောက် အဲယားကွန်းဖွင့်စီးသူ၊
(၂) ကားထဲမဝင်မီကပင် အဲယားကွန်း ကြိုတင်ဖွင့်ထားသော ကားအတွင်းသို့ နေပူထဲမှလာပြီး ဝင်ထိုင် လိုက်သူ။ (၃) နေအိမ်မှ ကားအဲယားကွန်းဖွင့် စီးလာပြီး နေပူပြင်းသော
တစ်နေရာအရောက်တွင် ကားထဲမှ အပြင် ထွက်လိုက်သူ။ စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါသည်။ ထိုသူများတွင် အသက်ငယ် သေးသူများမှာ
ဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်း မူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ ရပါသည်။
အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါသည်။ အပူ၊ အအေး
ဝိရောဓိကြောင့် ကားအဲယားကွန်း ဖွင့်စီး သူများလိုက်နာစေလိုသည့် အချက်သုံးချက်ကို တင် ပြလိုပါသည် (၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိုးပြီး ကားမှန်တံခါးများအားလုံး
ချထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထို့နောက်မှ မှန်များပြန်တင်ပြီးစီးလျှင် အပူ၊ အအေး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားလျှင် ရေသန့်ဗူး ယူဆောင်သွားပါ။ နေပူပြင်းသည့်နေရာတွင် ကားရပ်ပြီး အပြင်းသို့မဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းလျှင် ရုတ်တရက်
ဦးနှောက်သို့ သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါသည် (၃) အဲယားကွန်း ကြိုတင်ဖွင့်ထားသည့်ဘတ်စ်ကားကြီးများပေါ်သို့ နေပူထဲမှဝင်လျှင် တက် စီးလျှင်
မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။ အချိုလူကြီးများသည် ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာအမှားဖြစ်ပါသည်။
ထို့အ တူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်လျှင် ကိုယ်တွင်း(အစာအိမ်)မှ အပူနှင့် ပြင်ပအဲယားကွန်းမှ
အအေးဓာတ်တို့ ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်မည် ဖြစ်သည်။အထက်ဖော်ပြခဲ့သော အချက်သုံးချက်ကို
သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများ အပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့်
လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါသည်။ကြည်လွင်မြင့်(မုဒြာ)၂၇.၄.၂၀၁၉။ မန္တလေး မြို့credit
Zawgyi