Knowledge

သေခါနီးဖြစ်တဲ့စိတ် အချိန် (၂ )မိနှစ်သာပေးပြီးဖတ်ပေးပါ

သေခါနီးဖြစ်တဲ့စိတ်ဟာ အရမ်းကိုအရေးကြီးပါတယ် ။

လားရာသုဂတိကို ချက်ချင်းအကျိုးပေး နိုင်ပါတယ် ။
ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။

နွားကျောင်းသားဟာ နေ၀င်လို့နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ နွားပျိုနွားပေါက်စလေးတွေက ရှေ့ဆုံးကနေတိုးဝှေ့ပြီး၀င်ကြတယ်။ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့် သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။

နောက်ဆုံး နွားခြံကိုပိတ်လိုက်တဲ့အချိန်မှာတော့ နွားအိုကြီးတွေက ခြံပေါက်၀မှာပဲ အိပ်ကြရတယ်။ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲကပြန်ထုတ်တဲ့ အခါမှာ တော့ ခြံ၀မှာအိပ်နေတဲ့ နွားအိုကြီးတွေကပဲ အရင်ထွက် ခွင့်ရပါတယ်။ နွားပျို နွားငယ် တွေကတော့နောက်ဆုံးမှပဲထွက် ကြရပါတယ် ။

အဲ့ဒီလိုပဲ သေခါနီးခိုကိုးရာမဲ့နေတဲ့ အချိန်မှာဖြစ်တဲ့ စိတ်ဟာအရင်ဆုံး အကျိုးပေးပါတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ဝိပဿနာအသိမရှိတဲ့ လူ့ပတ်၀န်းကျင်မှာ သေရရင်ဖြင့် အရမ်းကိုကြောက်ဖို့ကောင်းပါတယ် ။

ကြည့်လေရာ မြင်လေရာကကိုယ့်တစ်ဘ၀လုံး စွဲခဲ့တဲ့ အရာတွေ ချည်းပါပဲ ။အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ ၊သားသမီး ၊လင်မယားတွေ ၊ အိမ်မွေးတိရစ္ဆာန်တွေ ။ကိုယ့်ပတ်၀န်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကိုအပါယ်ဆွဲချမယ့် အရာတွေချည်းပဲ။

ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့ နေရာ၊ ဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်ပြင်ဆင်လေ့ ရှိကြပါတယ်။

သေမယ့်အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့နောက်ဆုံး အချိန်တွေကိုဖြတ်သန်းသွားကြပါတယ်။
ကြောက်လည်း ကြောက်စရာပါပဲ။ အပါယ်ကျသွားလို့ ဘွာတေးလုပ်လို့ မရပါဘူး ။

အကုသိုလ်အစွဲအလန်း တွေ အားကြီးလွန်းလို့ သေခါနီးဝိဥာဉ် မချုပ်နိုင်ပဲ ဆန့်တငင်ငင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။တစ်ချို့ကလည်း အကုသိုလ်စေတနာ၊ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမားမရှိ၊

ဝိပဿနာ ဥာဏ်ကလည်းမရှိတော့ သူ့ကံက သူ့ကိုဘယ်ပို့ရမှန်းမသိပဲ ဟိုစိတ်ရောက်လိုက်၊ ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ၊ဒီလူ့စောင့်သလိုလို သားကိုပဲ မျှော်သလိုလို ၊သမီးကိုပဲ မျှော်သလိုလို ထင်တော့တာပါပဲ ။

သားလေး ရောက်လာပြီ ၊သမီးလေး ရောက်လာပြီ..
ထကြည့်ပါဦးလို့ ဘေးကများ ကုန်းအော်လိုက် လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ငရဲအိုးပဲ ..
အပါယ်လေးဘုံကို တန်းနေအောင်ကျပါတော့တယ် ။

သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက်ပြီး အော်ငိုတာ ကတော့အဆိုးဆုံးပါပဲ ။အပါယ်ကျလု,ကျခင်ဖြစ်နေတဲ့ သူကိုချစ်သလိုလိုနဲ့ နှစ်ပြီးဆောင့်ကန်ချ လိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင်မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့…ငါ့ဘေးနားလည်း မနေကြနဲ့၊ ငါ့တရားနဲ့ငါ နှလုံးသွင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့ အဲ့လိုကြိုတင်ပြီး မိသားစုကို မှာထားလိုက်ပါ။’အဖေရယ် ၊အမေရယ် ၊နိမိတ် မရှိသောစကားမပြောပါ နဲ့ အဲ့လိုပြောလာရင် ဟဲ့ နိမိတ်မရှိမလုပ်နဲ့ ၊

ငါကသေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာဟဲ့။ အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှု့ တွေတော့ လုပ်ခဲ့ပါရဲ့
ဒါပေမယ့် သေခါနီးကျတော့ လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကိုပြန်မစွဲပဲ ကျောင်းစွဲ ၊ဘုရားစွဲ ၊ဇရပ်စွဲ.. အဲ့လို စွဲတော့ ကျောင်းစောင့် ၊ဘုရားစောင့်၊စေတီစောင့် တွေပဲ ဖြစ်ကြရတယ် ။

ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ဝိပဿနာစိတ် မဖြစ်ပဲရိပ်သာစွဲပြီးသေတော့ ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။
စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိ သလောက်အကျိုးပေးပြီး ကံကုန်တာနဲ့ပြန်ဆင်း ရမှာပါပဲ။

ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲရှိပါတယ်။
အဲ့ဒါကတော့ အသက်ရှင်နေထိုင်တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာကျင့်ကြံ အားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာယုံမှား သံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်၀န်းကျင် ဘယ်လိုပဲဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကို ဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ်။

ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန်ပုဂ္ဂိုလ်များ အတွက်ကတော့ သေခါနီးအချိန်နဲ့ ပတ်၀န်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံး အခွင့်အရေး ၊နောက်ဆုံး ကျည်ဆန် ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီး လှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။

ကိုယ်ပြုတဲ့ ဒါန သီလ ဘာဝနာ ပဲ ကိုယ်သယ်သွားရမှာပါ အလှူတစ်ခုနေ့စဉ်ပြုရင်း ဒါန သီလ ဘာဝနာများ ကျိုးစားပွားများနိုင်ကြပါစေလို့ တိုက်တွန်းရင်းဖြစ်ပါသည်

-မူရင်းတင်သူကိုလေးစားလျှက်
#credit

Unicode