ရိုးသားမှုဂုဏ် စားလို့မကုန် “
တစ်ခါတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်တစ်ပါး အုပ်ချုပ် နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီး မထွန်းကား ခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်း အရိုက်အရာ ဆက်ခံဖို့ သူကိုယ်တိုင်ရွေးချယ် မယ်ဆို ပြီးကြေငြာတယ်။
တိုင်းပြည်မှာ ရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာ စုရုံးစေပြီး အမိန့်ရှိတယ်။ မောင်မင်းတို့ အထဲက တိုင်းပြည်ကိုအုပ်ချုပ်မဲ့ သူကို ရွေးချယ်မယ်။ လိုအပ်တဲ့ အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊သတ္တိရှိသူ ၊စွန့်လွှတ် အနစ်နာခံသူ ဖြစ်ဘို့ဘဲ။
အဲဒီ အရည်အချင်းကို စမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုး တစ်လုံးပေး လိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင် လုပ်ကြ။
နောက်တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကိုလုပ်ကျွေးနေတဲ့ မောင်ရစ်ဆိုတဲ့ လူငယ်လဲ ပါဝင်တယ်။
မောင်ရစ်လဲ သစ်စေ့ကို ပန်းအိုးထဲ ထည့်စိုက်ပြီး အချိန်မှန်မှန် ရေလောင်းပေးတယ်။ ပန်းအိုးကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တစ်ပါတ်လဲ အပင်က မပေါက်၊ နှစ်ပါတ်လဲ အပင်ကမပေါက်၊ တစ်လလဲ အပင်က မပေါက်ဖြစ်နေ တယ်။
သူငယ်ချင်းတွေကတော့ သူတို့အပင်တွေ ဘယ်လောက် ကြီးကြောင်း၊ အရွက်တွေ ဘယ်လောက်ထွက်နေကြောင်း ပြောသံကြာ းနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာ သေးပါဘူး။ စိတ်ဓာတ် မကျဘဲ ဆက်ပြီး ရေလောင်းနေပေမဲ့ အပင်က ခြောက်နေမြဲ ပါဘဲ။
အပင်ကထွက် မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ပြည့်လို့ ဘုရင်ကြီး ချိန်းထားတဲ့ ရက်ကို သာရောက်လာတယ်။ မောင်ရစ်ရဲ့အပင်က ပေါက်မလာ ပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွား ချင်တော့ ဘူး။ မောင်ရစ်ရဲ့အမေကတော့ ပြန်သွားဘို့တိုက်တွန်း တယ်။
ပြိုင်ပွဲမှာ ရှုံးနိမ့်လဲအရှုံးကို လက်ခံ နိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောင်္ကျားကောင်း တစ်ယောက် ဘဲလို့ အားပေး စကားပြော လိုက်တယ်။ မောင်ရစ်လဲ အပင်မပေါက်တဲ့ ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကိုပြန်သွား တယ်။
မောင်ရစ်ရဲ့ပန်းအိုးက လွဲလို့ ကျန်တဲ့ လူငယ်တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ဝေဆာနေတာ ကိုတွေ့ရတယ်။ လူငယ်တွေလဲ သတ်မှတ်ထားတဲ့ နေရာမှာ ပန်းအိုးကို ထားပြီး ဘုရင်ကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်း နေကြ တယ်။
ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတစ်ညိတ်ညိတ်နဲ့ လိုက်ပြီးကြည့် နေတယ်။ တစ်တန်းပြီး တစ်တန်း ကျော်သွားတယ်။ ဘုရင်ကြီ းစိတ်တိုင်းကျ မတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကို ရောက်တဲ့အခါ အပင်မပေါက်တဲ့ မောင်ရစ်ရဲ့ ပန်းအိုးကိုတွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ဝင်းလက် သွားတယ်။
မောင်ရစ်ကို လူကြားထဲက ဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကို ဆွဲမြှောက်ပြီး မင်းလောင်း အဖြစ်ရွေးချယ်လိုက်ကြောင်း ကြေညာ လိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကိုဝိုင်းကြည့်နေကြတဲ့ အခါမှာ ဘုရင်ကြီးက အကြောင်းစုံကို ရှင်းပြတယ်။
မောင်မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့တွေ အားလုံးကို ရေနွေးထဲမှာ ထည့်ပြုတ်ပြီးမှ ပေးလိုက်တာ၊ ဘယ်လိုမှ အပင်ပေါက်စရာ အကြောင်း မရှိဘူး။ မောင်ရစ် တစ်ယောက်သာ ရိုးရိုးသားသားနဲ့ အပင် မပေါက်တဲ့ပန်းအိုးကို ပြန်ပြီး ယူလာ ခဲ့တယ်။
ကျန်တဲ့သူတွေက မျိုးစေ့ကို အစားထိုးပြီး စိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်း ဖြစ်တယ်။ ကိုယ်တိုင်မှ မရိုးသားသူ တစ်ယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လို လုပ်ဖြောင့်ဖြောင့် မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။
ရိုးသားသူ တစ်ယောက် ဖြစ်ဘို့ဆိုတာ မလွယ် လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့ သတ္တိနဲ့ အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။
အကြောင်းစုံကို သိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးက လက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကို လက်ခံပါ။ စွန့်လွှတ် အနစ်နာခံပါ။ ကိုယ်ပြုသည့် ဒါဏ်ကိုယ်၏ ကံကိုယ့်ထံပြန်လာမည်။ ရိုးသားခြင်းသည် အကောင်းဆုံးသော ဝါဒပါ။
Unicode

ရိ
ုးသားသူ တစ်ယောက် ဖြစ်ဘို့ဆိုတာ မလွယ် လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့ သတ္တိနဲ့ အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။