သိသလောက်စဉ်းစားလို့ရသလောက် ရေးလိုက်ပါတယ်.လိုတာရှိ ထပ်ဖြည့်ပေးကြပါရှင်.
ကျောက်ဖရုံ /ရွှေဖရုံ စသည်တို့ကအထားခံဆုံးပါအေးပြီး ခြောက်သွေ့တဲ့နေရာ သို့ ကြိုးနဲ့ဆိုင်းပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲထားပါ.
အာလူး /ကန်စွန်းဥ / ပိန်းဥ စသဖြင့်တို့ကို..ရေလုံးဝမထိစေပဲ.ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားပါ.
အလင်းရောင်မရတဲ့နေရာ ဆို ပိုအထားခံပါတယ်အိမ်မှာတော့ကြွပ်ကြွပ်အိတ်အမည်းထဲ ထည့်ပြီး မီးဖိုချောင်ရဲ့ အေးတဲ့နေရာမှာ ထားပါတယ်
ကြက်သွန်နီ ဖြူ တို့ကို ရောမထားပဲ သတ်သတ်စီထားပါ.အပုပ်အနာ ပါတာများ သေချာရွေးပြီးဖြန့်ထားလို့ရရင် ဖြန့်ထားပြီး သိမ်းပါ.
ခရမ်းချဉ်သီး ကိုရေမဆေးပဲ ၁အဝတ်ခြောက်နဲ့ သေချာသုတ်ပြီးဘူးနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်၂ အစေ့ထုတ် ကြိတ်ကာအထုပ်ငယ်များထုပ် အခဲခန်းထဲသိမ်းနိုင်ပါတယ်၃ဆီများများနဲ့ အနှစ်လုပ်ကြော်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်..၄သဲစိုစိုပေါ် ဖြန့်ခင်းကာ သိမ်းနိုင်ပါတယ်၅အညှာပါ ပါကအညှာများကို ကြိုးနဲ့ချည်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲ သိမ်းနိုင်ပါတယ်.
ဒန့်ဒလွန်သီးကို.အသားခြစ်ပြီး အထုပ်ငယ်များ ထုပ်ကာအခဲခန်းထဲ သိမ်းနိုင်ပါတယ်..
ပန်းဂေါ်ဖီ အဖြူ အစိမ်းတို့ကို.ရေနွေးဆူဆူဖျောကာ.ရေစစ်ပြီးအထုပ်ငယ်များထုပ်ကာအခဲခန်းထဲ သိမ်းနိုင်ပါတယ်.
ငရုတ်စိမ်းများကို.၁. ရေမဆေးပဲ ဘူးနဲ့ ရေခဲသေတ္တာ ထဲ သိမ်းနိုင်ပါတယ်. ၂.ခြောက်သွေ့အေးမြတဲ့နေရာမှာဖြန့်ကျင်း ထားနိုင်ပါတယ် ၃. ဆား နဲ့ ဆီ..ပါလေကာထည့်ကာ ပြုတ်ပါနူးလာရင်.blender နဲ့ မညက်တညက်ကြိတ်ပြီး အထုပ်ငယ်များနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်..
ဂေါ်ဖီကို အထုပ်လိုက်သိမ်းရင် နေရာယူပါမယ် အခြမ်းများခြမ်းကာplastic wrap နဲ့ ပိတ်ပြီး..ရေခဲသေတ္တာ ထဲ သိမ်းလို့ရပါတယ်.
မုန်လာဥနီ/ဥဖြူ တို့ကို.အရွက်မပါ ဥချည်းသီးသန့်.plastic wrap နဲ့ တစ်တောင့်ချင်း ပိတ် ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်.
ကိုက်လန် /ဟင်းနုနယ် စတဲ့ အစိမ်းရွက်တွေကိုတော့..ဆီအနည်းငယ်ထည့်ထားတဲ့ ရေဆူဆူထဲ ထည့်ဖျောပြီး.ရေစစ်ကာ.တစ်ခါစား..အထုပ်ငယ်များ ထုပ်ပြီး.. အခဲခန်းထဲ ထည့်ထားလို့ရပါတယ်..
နံနံ /ပင်စိမ်း စတာလေးတွေက.အကြာကြီးမခံသလို.သိမ်းလို့ရတဲ့နည်းလေးတွေဝေမျှခဲ့ပြီးပါပြီ.အကောင်းဆုံး ကမျိုးစေ့များဝယ်ကာပန်းအိုးနဲ့ပျိုးထားလို့ ရပါတယ်နော်.
သံပရာသီး ကို.၁ ဘူးနဲ့ထည့်ရေခဲသေတ္တာ ထဲ ထည့်ထားပါတယ်၂မြေအိုး ကြွေအိုး စတဲ့အေးပြီး ခြောက်သွေ့တဲ့အိုးများထဲလေလုံအောင် ထည့်ထားလို့လည်း ရပါတယ်.
၃.အသီးမနာအောင် အရည်ညှစ်ပြီးရလာတဲ့ အရည်ကို.ရေခဲခွက်လေးတွေနဲ့ အခဲခံ.ခဲလာရင်ထုတ်ပြီး အခဲခန်းထဲ.အိတ်နဲ့သိမ်းလည်း ရပါတယ်..
မျှစ် ကို သေချာပြုတ်ကာအကြာထားစားနိုင်ပါတယ်မျှစ်ပြုတ်အိုးကိုနေ့တိုင်း ရေလဲပေးရပါမယ်အနည်းဆိုရင်တော့ပြုတ်ပြီးရေသေချာညှစ်ကာ ဘူးနဲ့ထည့်ရေခဲသေတ္တာ ထဲ ထားနိုင်ပါတယ်
ပိတ်စွယ်ချဉ် / ပိန်နဲကှငျး တို့ကို ပြန်ပြုတ်ပြီး ရေညှစ်ကာ ဘူးနဲ့ထည့် ရေခဲသေတ္တာ ထဲ ထည့်ထားနိုင်ပါတယ်
ဘူးသီးကအလုံးလိုက်ဆိုရင်၁ပတ်ခန့် အပြင်မှာ အထားခံပါမယ်.ခြမ်းထား စိတ်ထားရင်တော့.plastic wrap နဲ့ သေချာပိတ်ပြီး ရေခဲသေတ္တာ ထဲ ထားပါအကယ်၍ အများကြီးဆိုရင်တော့.
အချောင်းလေးများ လုပ်ပြီး ဆားပါလေကာ ဖြူးကာ နေလှန်းပါ.လုံးဝသွေ့ခြောက်သွားရင်.ဘူးထဲထည့်သိမ်းနိုင်ပါတယ်ရေမခြောက်ရင်.ထည့်မယ့်ဘူးကလေမလုံရင်မှိုတက်နိုင်ပါတယ်နော်.
ပဲသီးတောင့် / မုန်လာဥ ဖြူ နီ / ခရမ်းကစော့သီး / ပဲပင်ပေါက် / ကြောင်လျှာ / ကန်စွန်းရိုးနီ စသဖြင့်.ချဉ်ဖတ်လုပ်ကာသိမ်းဆည်းနိုင်ပါတယ်.မုန်ညင်းစိမ်းကို ကြာမဆိုင် လုပ်နိုင်ပါတယ်.
ခရမ်းသီး /မုန်လာဥ ဖြူ / ပန်းဂေါ်ဖီ /မျှစ် စသည်တို့ကို.နေလှန်းပြီး အခြောက်ခံ သိမ်းနိုင်ပါတယ်.ချဉ်ပေါင် / ကင်ပွန်းချဉ်ရွက်တို့ကို.ဆီနည်းနည်းထည့် ခြောက်နေအောင် လှိမ့်ပါအထုက်ငယ်များထုပ် အခဲခန်းထဲ ထည့်ထားနိုင်ပါတယ်..
တပတ်စာကို ရေနွေးဖျော ရေညှစ်ပြီး အထုပ်ငယ်များထုပ် အခဲထားနိုင်ပါတယ်.
မှိုက အမျိုးအစားပေါ် မူတည်ပြီး ကြာကြထားရတာ.. ထားမရတာ ရှိတယ်ကောက်ရိုးမှို /ငွေနှင်းမှို စသဖြင့် ဒေသမှိုတွေကဆီနဲနဲ နဲ့ ဘာအရသာမှ မထည့်ပဲရေခြောက်အောင်..လှိမ့်ထားလို့ရပါတယ်.
Enoki လို korea မှိုတွေက..လေလုံအောင် ထုပ်ထားရင်.ရက်ကြာကြာအထားခံတယ် တောင်ပို့မှိုလို မှိုမျိုးကျ ဆီများများနဲ့ အခြောက်ကြော်ထားရင်နှစ်ပေါက်ခံပါတယ် ကောက်ရိုးမှိုကို အခြောက်လှိမ့်ပြီးဘူးနဲ့ခွဲထည့်.အခဲခန်းထဲ သိမ်းလို့ရပါမယ်
ပဲအမျိုးမျိုးကိုအများကြီး တစ်ခါတည်း သိမ်းထားတာထက်အထုပ်ငယ်များ..ထုပ်ပြီး.လေလုံအောင် သိမ်းပါတယ်.. ဝယ်လာပြီးနေပြပေးခြင်း.အမှုန်အမွှားလေ့ ပေးခြင်း..ပိုးပေါက်အနာအဆာများ သန့်စင်ပေးပြီးမှသိမ်းပါရှင်.အခြားအရွက်အသီး စဉ်းစားလို့ရသမျှ လာဖြည့်ရေးပေးပါဦးမယ်
Unicode
အသီးအရွက်တွေ ကြာရှည်အထားခံတဲ့ နည်းလမ်းများ