Knowledge

သင်မသိသေးတဲ့ ကျောက်ကျောအမဲ ဘယ်ကရတာလဲ ကျိုနည်း နှင့် ကျန်းမာရေးကောင်းကျိုးများ

ကျောက်ကျော အမဲကျိုနည်း

ပထမဆုံး
ကျောက်ကျောအမဲမှုန့် ၆ ကျပ်သားကို
ရေ 300 ml နဲ့ သမအောင် မွှေပါ။

ရေ 2.2 လီတာကို ပွက်ပွက်ဆူအောင်ကျိုပြီးရင်
ဖျော်ထားတဲ့ ကျောက်ကျောကို ထည့်မွှေပါ။
အဆက်မပြတ် မွှေပေးပါ။

ကျောက်ကျောအရသာ
ချိုမြမြစားချင်ရင် သကြား ၁၀ သား ထည့်ကျိုပါ။

အချိုမကြိုက်ရင် သကြားမထည့်ပါနဲ့။
ပျားရည် ထည့်ကျိုလည်း ရပါတယ်။

ဆူပွက်ချိန် ၁၀ မိနစ်ကြာရင်
အအေးခံမယ့်ခွက် ( သို့ ) ဗန်းထဲထည့်ပါ။

၂ နာရီခွဲ ၃ နာရီ အအေးခံပြီးရင်
ကျောက်ကျောရပါပြီ။

ပျားရည် ထည့်ကျိုရင်
ပျားရည်ကျောက်ကျော

သကြား ထည့်ကျိုရင်
ချိုမြမြအရသာ သကြား ကျောက်ကျော

ဘာမှ မထည့်ရင်တော့
သဘာဝအရသာ ကျောက်ကျောပေါ့နော်။

ကျောက်ကျောလေးရလာတဲ့အခါ

သံပုရာ ကျောက်ကျော ဖျော်သောက်ချင်ရင်
သကြားရည်ကျိုပြီး အအေးခံထားပြီးပါက
ကျောက်ကျော အတုံးတုံးထည့်
သံပုရာသီးစိပ်လေး ညှစ်ထည့်
ရေခဲထည့်ပြီး ဖျော်သောက်ပါ။

မန်ကျည်းကျောက်ကျော ဖျော်သောက်ချင်ရင်
မန်ကျည်းရည်၊ ထန်းလျက်ရည် ( မုန့်လုပ်ထညက် အရည်ကျို စစ်ထား )ဆား နဲနဲကျောက်ကျော နဲ့ ဖျော်သောက်ပါ။

ရေခဲသုပ် လုပ်စားချင်ရင် ရေခဲခြစ်
ထန်းလျက်ရည် ( မုန့်လုပ်ထညက် အရည်ကျို စစ်ထား )ကျောက်ဖရုံယို, နာနတ်ယို, မြေပဲထောင်း ကျောက်ကျောနဲ့ လုပ်စားပါ။

ကျောက်ကျောမဲတုံးလေးကို
နို့စမ်းစားလဲ ရပါတယ်။

ကျောက်ကျောမဲတုံးလေးကို
အုန်းနို့စမ်းစားလဲ ရပါတယ်။

Ice Tea ( နိုလ္ဖက်ရည်အေး ) ထဲ
ကျောက်ကျောထည့်သောက်လဲ အရမ်းကောင်းပါတယ်

ကျောက်ကျောအမဲမှုန့် ၆ ကျပ်သား တစ်ထုပ်ကျိုရင် လူ ၂၀ စာ စားလို့ရပါတယ်။မကုန်ရင်လည်း ပလတ်စတစ်အကြည်လေးအုပ်ပြီး
ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ရပါတယ်

ကျောက်ကျောအမဲ ဘယ်ကရလဲ သိချင်သူများအတွက်

အအေးဖျော်ရည်တွေမှာသုံးတဲ့
ကျောက်ကျောမဲမဲတုန်းကြီးကိုစားသာစားနေကြတာ ဘယ်လိုလုပ်မှန်း သိတဲ့သူကနည်းပါတယ်။
လုပ်နည်းကလည်းလျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။ဘယ်ကနေထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။

ကျောက်ကျော
အင်္ဂလိပ်အမည် Grass jelly plant
သိပ္ပံအမည်Platostoma palustre

မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊
ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိုတဲ့အပင်ကထုတ်ယူပါတယ်။

အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ
အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။

အရည်ကုန်ရအောင်ရေလေးနည်းနည်းစီ
လောင်းထည့်ပေးရပါတယ်။

အဲဒီအရည်ကိုစစ်ယူပြီးအပူပေးကျိုချက်ရပါတယ်။အရည်အတော်လေး ပျစ်လာပီဆိုရင်
ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီး
မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။

starch(ကော်မှုန့်)မပါဘဲသူ့ချည်းသက်သက်ကျိုရင် ကျောက်ကျောမဖြစ်ပါဘူး။ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။

တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကျိုကြပါတယ်။ကြိုက်နှစ်သက်ရာပေါ့။

ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုပ်စားကြပါတယ်။

အောက်ပြည်ဘက်ကတော့
အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။

လတ်လတ် ဆက်ဆက် ကျောက်ကျောပင်
(ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊
ရေဆေး ၊ ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊
ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊ မီးနဲ့ လက် မပြတ်တမ်း မွှေ ၊ ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊
နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး
ဈေးမှာ ရောင်းတာပါ ။

ကျောက်ကျော ပင်များကို သတ်မှတ် ထားတဲ့ အချိန် ရောက်ရင် အမြစ်ပါ မကျန် နှုတ်ပြီး အခြောက်လှန်း ကာ ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့ ဒေသ ထုတ်ကုန်ပေါ့ ။

ယနေ့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျော လေးတွေဟာအခု ပြထားတဲ့ အပင်က ရတာပေါ့။

ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ

၁။ အစာချေဖျက်နှုန်း ကောင်းမွန်စေပါတယ်။
အဓိက က Fiber (အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။

၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။
သူ့မှာပါ၀င်တဲ့ Compound တမျိုးက
လည်ပင်းနာတာကို သက်သာစေပြီး
ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ
တိုက်ကျွေးကြပါတယ်။

၃။ သွေးတိုးကို ထိန်းညှိပေးနိုင်တယ်။
Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့
antioxidants တွေ ပါ၀င်ပါတယ်။

၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့
နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ်။
သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး
သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။

၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။

၇။ ဝမ်းချုပ်ခြင်း

၈။ ရောင်ရမ်းခြင်း

၉။ဆီးချိုရောဂါ

၁၀။၀မ်လျှောခြင်း

၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ

၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း
စတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။

ဒါကြောင့် အကျိုးများပြားလှတဲ့
ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးပေးဖို့ မမေ့ပါနဲ့။

ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော Agar လို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae orbrown algae)
မျိုးစိတ်တစ်မျိုးကနေ ထုတ်လုပ်တာပါ။

#Creditပါရှင့်👩🏻