မိုးရာသီမှာ မခြောက်တဲ့အဝတ်တွေ အနံ့မထွက်အောင် အဝတ်လျော်နည်
မိုးရာသီမှာ မခြောက်တဲ့အဝတ်တွေ အနံ့မထွက်အောင် အဝတ်လျော်နည်း
အခုလို မိုးဦးကာလ စရောက်ချိန်မှာ ဆိုရင် အဝတ်တွေ့အနံ့ ထွက်တာ၊ မခြောက်တာတွေက စိန်ခေါ်မူကြီးတစ်ခုပါပဲ။
အဝတ်မခြောက်တာအတွက် အခြောက်ခံစက်သုံးနိုင်ပေမယ့် အနံ့ဆိုးထွက်နေတာ အတြက္က ပြသာနာကြီးပါ။
ဒါကြောင့် ဘယ်လို အနံ့မထွက်အောင် ဘယ်လို့အဝတ်လျော်မရမလဲဆိုတဲ့ နည်းလမ်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
၁- အဝတ်လျော်စက်ထဲမှာ ကြာရှည်ထားခြင်း
အဝတ်တွေကို အဝတ်လျော်စက်ထဲမှာ (သို့) ခြင်းတောင်းထဲမှာ ကြာရှည်စွာမထားသင့်ပါဘူး။
ဖြစ်နိုင်သမျှ မြန်မြန််လျော်ပစ်လိုက်တာကောင်းပါတယ်။
၂- အနံ့ပိုကောင်းသော အဝတ််လျော်ဆပ်ပြာအသုံးပြုပါ
အဝတ်လျော်ဆပ်ပြာတွေမှာ သန့်ရှင်းတောက်ပြောင် ၊ ရနံ့မွေးကြိုင်အောင် ဖော်စပ်ထားတဲ့ ဆပ်ပြာတွေကို သုံးပါလို့အကြံပြုချင်ပါတယ်။
၃- ဗင်နီဂါး
အနံ့ဆိုးတွေကို တိုက်ထုတ်ဖို့ပိုအားကောင်းစေချင်ရင်တော့ ဗင်နီကား (သို့) မုန့်ဖုတ်ဆိုဒါ တို့နဲ့ အဝတ်လျော်ဆပ်ပြာကို ရောစပ်ပြီး အဝတ်လျော်စက်ထဲမှာလျော်ပေးနိုင်ပါတယ်။
နောက်ထပ် အဝတ်လျော်တာနဲ့ပတ်သက်ပြီး အကြံပေးချင်တဲ့နည်းလမ်း
၁- အဝတ်လျော်စက်သန့်ရှင်းဖို့
အဝတ်လျော်စက်တွေသန့်ရှင်းဖို့ဆိုရင် သီးသန့်ထုတ်ထားတဲ့ ဆေးရည်တွေလဲရှိမှာပါ။
ဒီလိုမှ မဟုတ်လို့ အိမ်တွင်းပစ္စည်းတွေနဲ့ သန့်ရှင်းချင်လဲရပါတယ်။ ကျွန်တော့တို့ နေ့တိုင်းသုံးနေတဲ့ Mouthwash ကိုသုံးနိုင်ပါတယ်။
၂- အဝတ်ထည်တွေပိုမိုတောက်ပြောင်ဖို့
အဝတ်ထည်တွေပိုမိုတောက်ပြောင်ဖို့ဆိုရင် အထူးသဖြင့် အဖြူထည်တွေတောက်ပြောင်စေဖို့ က အက်စက်ပရင်ဆေးပြားတွေ အဝတ်လျော်စက်ထဲထည့်လျော်ပေးနိုင်ပါတယ်။
salicylic အက်စစ် က အဖြူထည်တွေကို ပိုမိုဖြူဖွေးစေ
ပြီး အရင်ကစွဲနေတဲ့ အဝါရောင် အစွန်းထင်တွေကို ပယ်ဖျက်ပေးနိုင်ပါတယ်။
READ ဥယျာဉ်မှူးကောင်း တွေဆိုတာအဝတ်လျော်ဖို့နည်းလမ်းလေးတွေပြောပြပြီး ပြီဆိုတော့
ပရိတ်သတ်တွေလဲ ဘယ်အဝတ်လျော်ဆပ်ပြာကောင်းလဲဆိုတာ အချင်းချင်းအကြံဉာဏ်ပေးခဲ့ကြပါအုံ
Unicode