ဘီယာသောက်သုံးထားသော အချိန်တွင် လေ့လာသင်ယူထားသော နိုင်ငံခြား ဘာသာစကားများ ပြောကြားခြင်း စွမ်းရည်က သာမန်အချိန်ထက် ပိုကောင်းလာကြောင်း သုတေသနသီများ လေ့လာတွေ့ရှိထားကြပြီ ဖြစ်သည် ။
ဘီယာအနည်းငယ် သောက်သုံးထားခြင်းဖြင့် နိုင်ငံခြားဘာသာနဲ့ ပြောဆို ဆက်ဆံရာတွင် ပိုမိုချောမွေစွာ စကားပြောနိုင်ခြင်းကို အထောက်ကူ ဖြစ်စေကြောင်း လေ့လာသူ သုတေသီများက အကြံပြုထားပါတယ် ။
သာမန်အချိန်မှာ နိုင်ငံခြားဘာသာစကားတွေကို ပြောတဲ့အခါ ကျွန်မတို့ရဲ့နာ့ဗ်ကြောတွေက အတော်လေးဒုက္ခပေးတတ်တယ် အဲဒီအခက်ခဲကို အယ်လ်ကိုဟောလ်က လျော့ချပေးနိုင်ပါတယ်”လို့ လီဗာပူးတက္ကသိုလ်က သုတေသီ Inge Kersbergen က ပြောထားပါတယ် ။
အယ်လ်ကိုဟောလ် အနည်းငယ် သောက်ထားတဲ့အချိန်မှာ ဘာကြောင့်မို့ နိုင်ငံခြားဘာသစကား ပြောတဲ့ စွမ်းရည်တက်လာတာလဲ ဆိုတာကိုပါ သူက ရှင်းပြပါတယ် ။
Inge Kersbergen ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်သာလန်နဲ့ ဂျာမဏီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Maastricht တက္ကသိုလ်မှာ ဂျာမန်စကားပြောသူတွေကို အုပ်စုအစု ၅၀ ခွဲပြီးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ် သူတို့တွေဟာ ဒတ်ချ်ဘာသာစကားကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ် ။
သုတေသီတွေက အချို့လူတွေကို ဘီယာတိုက် (ခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး အနည်းအများကွာပါတယ် ) အချို့သူတွေကိုတော့ ရိုးရိုးရေပဲ တိုက်ပြီး ဒတ်ချ်ဘာသာ စကားပြောတဲ့သူတွေနဲ့ အင်တာဗျူး အမေးအဖြေ ပြုလုပ်ပြီး စမ်းသပ်ခဲ့ကြပါတယ် ။
အဲဒီနောက် အင်တာဗျူးသူ ဒတ်ချ်ဘာသာ ကျွမ်းကျင်သူတွေဆီက ဘာသာစကားစွမ်းရည် ရမှတ်တွေကို ပြန်စစ်ဆေးကြတဲ့အခါ ဘီယာသောက်ပြီး အင်တာဗျူးဖြေခဲ့ကြတဲ့ သူတွေက ဘာသာစကား ကျွမ်းကျင်မှုမှာ အမှတ်များများ ရနေတာကို တွေ့ခဲ့ရပါတယ် ။
နိုင်ငံခြား ဘာသာစကားပြောဖို့ သင်ဆီမှာ စိုးရိမ်စိတ်တွေ ရှိနေတဲ့အခါ စကားတစ်ခွန်းပြောထွက်ဖို့ အချိန်အကြာကြီး ယူရပါတယ် ၊ အယ်လ်ကိုဟောလ် က စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေကို ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတာကြောင့် သောက်ထားတဲ့အခါ
သွက်သွက်လက်လက်ကြီး စကားတွေ ပြောနိုင်တာဖြစ်တယ်”လို့ Inge Kersbergen ကရှင်းပြခဲ့ပါတယ် ဒါပေမယ့်လည်း အနည်းငယ်သောက်သုံးခြင်းကသာ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး အလွန်အကျွံ သောက်သုံးပါက အမူလွန်ပြီး စကားပင် ပီသစွာ ပြောဆိုနိုင်မှာမဟုတ်ကြောင်းလည်း သတိပေးထားပါတယ် ။
(လေးစားမှုဖြင့် ခရက်ဒစ်)
Zawgyi
ဘီယာသောက်ခြင်းက နိုင်ငံခြားဘာသာစကား ပြောဆိုရာတွင် စွမ်းရည် မြင့်တက်စေ