လူတစ်ယောက်က စီးကရက်သောက်နေတုန်း အမျိုးသမီးတစ်ယောက် ဝင်လာပြီး အဝတ်အစားတွေကို ချွတ်ပစ်တယ်။ ဒီအမျိုးသမီး ဘာလုပ်တာပါလိမ့်လို့ စဉ်းစားနေတုန်းမှာဘဲ။
ကယ်ကြပါအုံးရှင်
ကျမကို ဘလက်ကာယပြုနေပါတယ်ဆိုပြီး အော်တော့တာဘဲ။
ဒီနေရာမှာ မိတ်ဆွေဆိုရင်ဘာလုပ်မှာလဲ …?
ထွက်ပြေးမှာလား။ ထွက်ပြေးရင် ပိုဆိုးမှာပေါ့။
ဒီလိုမဟုတ်ဘဲ အနှီအမျိုးသမီးကို တွန်းထိုးဆွဲထုတ်ပစ်မှာလား၊ ဒါလည်း အဆင်မပြေပါဘူး။ ပြောနေတာကြာပါတယ်၊ အမျိုးသမီးအော်သံကြောင့် လူတွေရောက်လာကြပါပြီ ..
အဝတ်အစားဖရိုဖရဲနဲ့ ငိုကြွေးမြည်တမ်းပြီး သူ ကျမကိုအနိုင်အထက်ပြုပါတယ်လို့
လက်ညှိုးထိုးပြီး စွပ်စွဲတိုင်တန်းနေပါပြီ။
သူ စီးကရက်သောက် မပျက်ပါဘူး၊ အေးဆေးတည်ငြိမ်သော လေသံဖြင့် တုတ်ဆွဲဓါးဆွဲပြီး ဝင်ရောက်လာတဲ့လူအုပ်ကြီးကို သူပြောလိုက်တာက…
ကျေးဇူးပြု၍ စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျွန်တော် စီးကရက်သောက်နေပါတယ်။ ကျွန်တော်သောက်နေတဲ့ စီးကရက်ကိုလည်း သေချာကြည့်ကြပါ။ တစ်ဝက်ကျိုးနေတဲ့စီးကရက်ပြာတောင့်ကို ကြွေမကျဖို့အတွက် ကျွန်တော်ထိန်းထားရတာ လွန်ခဲ့တဲ့ ငါးမိနစ်ကတည်းကပါ ..မိန်းခလေးတစ်ယောက်ကို ဆွဲကိုင်ရမ်းကားဖို့အခွင့်အရေး ကျွန်တော့်မှာမရှိခဲ့ပါဘူး။
အဲသလိုလည်းပြောလိုက်ရော
လူအုပ်ကြီးရဲ့ဒေါသဟာ နေရာပြောင်းသွားတယ်။ ဟိုမိန်းခလေးကတော့ အခြေအနေမဟန်မှန်းသိတော့ လစ်ထွက်သွားပြီ။ မရှိတော့ဘူး။
သင်ခန်းစာက…
လုပ်ကြံဖန်တီးထားတဲ့ ပြဿနာနဲ့ကြုံလာရင် သွေးအေးဖို့ဘဲ လိုပါတယ်။ ဒေါသနဲ့တုန့်ပြန်လို့ အဖြေမှန်မထွက်ပါဘူး။
Credit
Unicode
လူတစ်ယောက်က စီးကရက်သောက်နေတုန်း အမျိုးသမီးတစ်ယောက် ဝင်လာပြီး