ချွတ်ရခက်ပြီး ဂျွတ်တက်နေတဲ့ လည်ပင်း ကချေးတွေကို မိနစ်၂၀အတွင်း ပျောက်သွားစေမယ့်နည်း
လည်ပင်း ၊ ဂုတ်မည်းခြင်းက တော်တော်ကြည့်ရဆိုးတဲ့ ကိစ္စပါ ။ မိန်းကလေးတွေဆိုရင်လည်း လည်ပင်းပြဲပြဲ လေးတွေဝတ်ရင် လည်တိုင်လေးကြည်လင်ပြီး ဂုတ်ပိုးလေးတွေ ဖြူဝင်းနေမှ ကြည့်ကောင်းတာပါ ။
ချေးတွေ ကြောင့် လည်ပင်း ၊ဂုတ်တွေမည်းနေခြင်းက အမြင်အားဖြင့်လည်း မတင့်တယ်လှပါဘူး ။ လည်ပင်းဖြူဖို့ နည်းတွေအမျိုးမျိုး ကြိုးစားပေမယ့် မဖြူနိုင်ဖြစ်နေသူများအတွက် အရမ်းကောင်းတဲ့ နည်းလမ်းလေးကို မျှဝေပေးပါ့မယ် ။ မိနစ်၂၀တည်းနဲ့ မှော်ဆန်တဲ့ရလဒ်ကို ရသွားစေမှာပါ ။
ပါဝင်ပစ္စည်းကလည်း အလွယ်တကူ ရရှိနိုင်ပါတယ် ။
Baking Soda – လက်ဖက်ရည်ဇွန်း ၂ဇွန်း
အုန်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ပြုလုပ်နည်း ပါဝင်ပစ္စည်းတွေကို ဖော်ပြထားသော ပမာဏတွေအတိုင်း အကုန်ရောစပ်လိုက်ပြီး လည်ပင်း တဝိုက်သုတ်လိမ်းလိုက်ပါ ။
၁၅မိနစ်ခန့်ကြာတဲ့အခါမှာ ရေနွေးဖြင့်ဆေးကြောလိုက်ပါ ။ baking soda က အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဖြူဝင်းစေနိုင်ကာ အုန်းဆီကတော့ အရေပြားကို သဘာဝအတိုင်း စိုပြေမှု ပေးစွမ်းမှာပဲ ဖြစ်ပါတယ် ။
ဒီနည်းလမ်းကို တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ် လုပ်ပေးနိုင်ရင်တောင် ရက်သတ္တ ပါတ်ကြာတဲ့အခါမှာ သိသိာသာ ကပ်နေတဲ့ ချေးတွေမရှိတော့ဘဲ ဖြူဝင်းလာစေ မှာပါ ။ ဖြူ ဝင်းတဲ့လည်တိုင် လေးတွေု ရရှိကြပါစေ။
Unicode
ချွတ်ရခက်ပြီး ဂျွတ်တက်နေတဲ့ လည်ပင်း ကချေးတွေကို မိနစ်၂၀အတွင်း ပျောက်သွားစေမယ့်နည်း
လည်ပင်း ၊ ဂုတ်မည်းခြင်းက တော်တော်ကြည့်ရဆိုးတဲ့ ကိစ္စပါ ။ မိန်းကလေးတွေဆိုရင်လည်း လည်ပင်းပြဲပြဲ လေးတွေဝတ်ရင် လည်တိုင်လေးကြည်လင်ပြီး ဂုတ်ပိုးလေးတွေ ဖြူဝင်းနေမှ ကြည့်ကောင်းတာပါ ။
ချေးတွေ ကြောင့် လည်ပင်း ၊ဂုတ်တွေမည်းနေခြင်းက အမြင်အားဖြင့်လည်း မတင့်တယ်လှပါဘူး ။ လည်ပင်းဖြူဖို့ နည်းတွေအမျိုးမျိုး ကြိုးစားပေမယ့် မဖြူနိုင်ဖြစ်နေသူများအတွက် အရမ်းကောင်းတဲ့ နည်းလမ်းလေးကို မျှဝေပေးပါ့မယ် ။ မိနစ်၂၀တည်းနဲ့ မှော်ဆန်တဲ့ရလဒ်ကို ရသွားစေမှာပါ ။
ပါဝင်ပစ္စည်းကလည်း အလွယ်တကူ ရရှိနိုင်ပါတယ် ။
Baking Soda – လက်ဖက်ရည်ဇွန်း ၂ဇွန်း
အုန်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ပြုလုပ်နည်း ပါဝင်ပစ္စည်းတွေကို ဖော်ပြထားသော ပမာဏတွေအတိုင်း အကုန်ရောစပ်လိုက်ပြီး လည်ပင်း တဝိုက်သုတ်လိမ်းလိုက်ပါ ။
၁၅မိနစ်ခန့်ကြာတဲ့အခါမှာ ရေနွေးဖြင့်ဆေးကြောလိုက်ပါ ။ baking soda က အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဖြူဝင်းစေနိုင်ကာ အုန်းဆီကတော့ အရေပြားကို သဘာဝ
အတိုင်း စိုပြေမှု ပေးစွမ်းမှာပဲ ဖြစ်ပါတယ် ။